Thursday, January 15, 2015

သာသနာညှိုးနွမ်းစေမှုဖြင့် စွဲဆိုထားသည့် VGustro Bar အမှု တရားခံပြသက်သေများကို စစ်ဆေး

Photo: သာသနာညှိုးနွမ်းစေမှုဖြင့် စွဲဆိုထားသည့် VGustro Bar အမှု
တရားခံပြသက်သေများကို စစ်ဆေး

ဇန်န၀ါရီလ ၁၅ ရက်၊ ၂၀၁၅

ရန်ကုန်တိုင်းဒေသကြီး ဗဟန်း မြို့နယ်ရှိ VGustro Bar ကြော်ငြာအား ဗုဒ္ဓပုံတော် အသုံးပြုခဲ့သည့်အတွက် တ ရားစွဲဆိုခံထားရသည့်အမှုအား ဇန်နဝါ ရီ ၁၂ ရက်တွင် ငါးကြိမ်မြောက် စစ်ဆေး သည့်ရုံးချိန်းတွင် တရားခံပြသက်သေ နှစ်ဦးနှင့် တရားလို သက်သေတစ်ဦးတို့ အား စစ်ဆေးခဲ့သည်။

တရားလိုပြ သက်သေနှစ်ဦးဖြစ် သည့် နယူးဇီလန်နိုင်ငံသား မစ္စတာဖီး လစ်၏ဇနီးနှင့် မိတ်ဆွေတို့က တရားစွဲ ဆိုခံထားရသည့် နယူးဇီလန်နိုင်ငံသား မစ္စတာဖီးလစ်မှာ ဗုဒ္ဓဘာသာဝင်များအား လေးစားတတ်သူဖြစ်သည့်အတွက် ၄င်း ၏လုပ်ရပ်မှာ ရည်ရွယ်ချက်ရှိရှိ စော်ကား ခြင်းမဟုတ်ကြောင်း ထွက်ဆိုကြသည်။

''မစ္စတာဖီးလစ်က လမ်း ၅ဝ ဗိုလ် တထောင်ဘားမှာလဲ မန်နေဂျာလုပ်လာ တဲ့သူပါ။ အလှူအတန်းတွေကိုလဲ တတ် နိုင်သလောက် လုပ်လေ့ရှိသူ တစ်ဦးပါ။ ကျွန်တော်က လိုက်မယ့်လူမရှိလို့ အမှု လိုက်တာပါ''ဟု မစ္စတာဖီးလစ်၏ ရှေ့ နေ ဦးမြသွေးက ပြောသည်။

မစ္စတာဖီးလစ်၏ဇနီး ဖိလစ်ပိုင်နိုင်ငံ သူ နိုမီအယ်မိုးတို့သည် လွန်ခဲ့သည့်သုံး နှစ်ခန့်က မြန်မာနိုင်ငံ၌ တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး ၄င်းတို့ မြန်မာနိုင်ငံသို့လာရခြင်း မှာ မြန်မာပြည်၏ လူနေမှုစရိုက်နှင့် ဗုဒ္ဓ ဘာသာဝင်များ၏ စိတ်နေသဘောထား ကို သဘောကျ၍ လာရောက်ခြင်းဖြစ် သည်ဟု လျှောက်လဲချက် ပေးခဲ့သည်။

ယခင် Standard အမည်ရှိ VGustro Bar ဆိုင်၏ ကြော်ငြာအား နားကြပ်တပ်ထားသည့် ဗုဒ္ဓပုံတော်ဖြင့် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၁ဝ ရက် နံနက် ပိုင်းက အွန်လိုင်းတွင် တင်ခဲ့သည့် အတွက် ယင်းနေ့ ည ၇ နာရီခွဲတွင် ဘားဆိုင်မှ တာဝန်ရှိသူတို့အား ဗဟန်းရဲစခန်းက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် ဗဟန်းရဲစခန်းက ကြော်ငြာဖန်တီးခဲ့သူ ဘားဆိုင်မှ အထွေ ထွေမန်နေဂျာဖြစ်သူ နယူးဇီလန်နိုင်ငံ သား မစ္စတာဖီးလစ်အား သာသနာညှိုး နွမ်းစေမှု ပုဒ်မ ၂၉၅၊ သာသနာညှိုးနွမ်း စေမှုအား ရည်ရွယ်ချက်ရှိရှိ ကြံစည်လုပ် ဆောင်ခြင်း ပုဒ်မ ၂၉၅(က)၊ ဆိုင်ပိုင်ရှင် ကို ထွန်းသူရိန်နှင့် မန်နေဂျာကိုထွဋ်ကို ကိုလွင်တို့ နှစ်ဦးအား သက်ဆိုင်ရာအာ ဏာပိုင်များက ချမှတ်ထားသည့် စည်း ကမ်းချက်များအား ဖောက်ဖျက်ခြင်း ပုဒ်မ ၁၈၈ တို့ဖြင့် တရားစွဲထားခြင်းဖြစ်သည်။

ဗဟန်းမြို့နယ် တရားရုံး၌ ဇန်နဝါ ရီ ၂၂ ရက်တွင် စစ်ဆေးမည့် ခြောက် ကြိမ်မြောက် ရုံးချိန်းတွင် ဗဟန်းမြို့နယ် စခန်းမှူးနှင့် VGustro Bar ဆိုင်ပိုင်ရှင် ၏ သက်သေများကို စစ်ဆေးသွားမည် ဖြစ်ကြောင်း ဗဟန်းမြို့နယ်တရားရုံးမှ သိရသည်။

TheYangonTimes

Yangon Media Group

No comments:

Post a Comment