Wednesday, February 18, 2015

အနောက်ဗာဂျီနီးယားတွင် ရေနံစိမ်းတင်ရထားလမ်းချော်ရာ မြို့တစ်မြို့မှ လူများကို နေရာရွှေ့ပြောင်းထားရ


အမေရိကန်ပြည်ထောင်စု အ ရှေ့ပိုင်းရှိ အနောက်ဗာဂျီနီးယား ပြည်နယ်တွင် ဖေဖော်ဝါရီ ၁၆ရက် ၌ ရေနံစိမ်းများတင်ဆောင်မောင်း နှင်သည့် ကုန်တင်ရထားတစ်စင်း သည် လမ်းချော်သွားရာ ဧရာမမီး လျှံမီးတောက်ကြီးဖြစ်ပေါ်လာ ကြောင်း၊ မြစ်ထဲသို့ ရေနံစိမ်းများ ဖိတ်ကျသောကြောင့် မြို့တစ်မြို့မှ လူများကို နေရာရွှေ့ပြောင်းပေးရ ကြောင်း အရာရှိများက ဆိုသည်။


ကာနာဝါနှင့် ဖေယက်တီစီရင် စုနယ်များတွင် အုပ်ချုပ်ရေးမှူး အားလ်ရေး တွမ်ဘလင်က အရေးပေါ် အခြေအနေကြေညာလိုက်သည်။သို့မှသာ လိုအပ်သော ကိုင်တွယ်မှု များပြုလုပ်ရန် ထိုနေရာသို့ချဉ်းကပ် နိုင်မည်ဟု အုပ်ချုပ်ရေးမှူးက ဆို သည်။

109-car CSX ကုန်တင်ရ ထားသည် နီဘာရာစကာမှ ဗာဂျီနီး ယားပြည်နယ်သို့ ခုတ်မောင်းနေ ကြောင်း၊ ထိုရထားတွင် ရေနံစိမ်း များ တင်ဆောင်ထားကြောင်း၊ ထို ရထားမှ ရေနံစိမ်းအချို့သည် ကာ နာဝါမြစ်ထဲသို့ ဖိတ်ကျကြောင်း တွမ်ဘလင်က ပြောသည်။
ရထားလမ်းချော်ခြင်းနှင့် ပတ် သက်၍ လောလောဆယ်တွင် စုံစမ်း စစ်ဆေးမှုသတင်းကိုမရရှိသေးဟု သိရသည်။ ပေါင်ဝဲလ်တောင်းဟော် လိုနယ်မြေရှိလူများကို နေရာရွှေ့ ပြောင်းရန် အာဏာပိုင်များက အမိန့် ပေးထားသည်ဟုဒေသ CBS ရုပ်မြင် သံကြား၏ တွဲဖက် WOWK က ဆိုသည်။

ရထားလမ်းချော်ရာနေရာသို့ ပြည်နယ်အရာရှိများသွားရောက် ကြပြီး ဒေသအရာရှိများနှင့် ပြည်မ အရာရှိများအတူ ပူးပေါင်း၍ ဆောင်ရွက်ဖွယ်ရှိသည်များကို ဆောင်ရွက်မည်ဟု တွမ်ဘလင်က ဆိုသည်။

 ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။

Yangon Media Group

No comments:

Post a Comment