Wednesday, February 18, 2015

ဘိုမရုပ်မျက်နှာနဲ့ ဗလအလွန်တောင့်သူ ရုရှားက မိန်းမပျို


ကမ္ဘာပေါ်မှာရှိတဲ့ မိန်းကလေးအများစုက ကိုယ့်ရဲ့မျက်နှာ ဖြူစင်ဝင်းမွတ်နေပြီး သေးသွယ်ကျော့ရှင်းတဲ့ ခန္ဓာကိုယ်မျိုးကိုပဲ အလိုရှိတာဖြစ်ပေမယ့် ရုရှားမှာနေတဲ့ ဆယ်ကျော်သက်မိန်းလေး Julia Vins ကတော့ ဒီလိုမဟုတ်ပါဘူး။ အသက် ၁၈ နှစ်အရွယ် Vins ရဲ့မျက်နှာဟာ ဘိုမရုပ်လေးတစ်ရုပ်လို လှပကျော့ရှင်းပေမယ့် ခန္ဓာကိုယ်ကတော့ လူသန်ကြီးဇာတ်ကားထဲကဇာတ်ကောင် Hulk လိုမျိုး ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ 

အလေးမ အားကစားမယ်တစ်ယောက်လည်းဖြစ်တဲ့ Vins ဟာသူမရဲ့ မွေးရပ်မြေ ရုရှားမှာ ပရိတ်သတ် များစွာ ရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ အပြစ်ကင်းတဲ့ အရုပ်မလေး မျက်နှာနဲ့ သူမဟာ ကြံ့ခိုင်တောင့်တင်း တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာကြောင့် အလေးချိန်ပေါင် ၄၀၀ လောက်ကို တစ်ချက်တည်း မ,နိုင်သူဖြစ်ပါတယ်။ အလေးမအားကစားလောကမှာ ကမ္ဘာ့စံချိန် ၃ ခုတင်ထားတဲ့ အားကစာမယ်လည်း ဖြစ်ပါတယ်။
‘‘ ဒီကလူတွေကတော့ ကျွန်မကို muscle Barbie လို့သိကြတယ်။ ဒီလိုခေါ်တာ ကျွန်မကြိုက်ပါတယ်။ သာမန်မိန်းကလေး တစ်ယေက်လို မျက်လုံးလှလှတွေ ပိုင်ဆိုင်ထားသလို မိတ်ကပ်လည်း လိမ်းပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်မဟာ သန်မာတဲ့သူတစ်ယောက်ဖြစ်ပြီး လေ့ကျင့်ခန်းဆင်းရင် ကီလို ၁၈၀ လောက် တစ်ခါတည်း မ, နိုင်ပါတယ်။ ဒါပေမယ့် ကျွန်မဖြစ်နိုင်ရင် ဒိထက်ကြွက်သားကြီးချင်သေးတယ်ရှင့်’’ လို့ သူမက ပြောပါတယ်။ မိန်းကလေးတစ်ယောက်အနေနဲ့ ဒီလိုထင်ရှားတဲ့ ကြွက်သားမြောင်းမြောင်းနဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာကြောင့် ဆန့်ကျင်ဘက် အမျိုးသားတွေက သူမအပေါ်ကို တစ်မျိုးမြင်ကြတယ်လို့ ဆက်ပြောပါတယ်။ 
‘‘ ကျွန်မကို မြင်တဲ့အမြင်ကတော့ တူကြမှာမဟုတ်ပါဘူး။ တစ်ချို့က လေးစားကြသလို တစ်ချို့လည်း ကြွက်သားတွေနဲ့ မိန်းကလေးဖြစ်နေလို့ နှာခေါင်းရှုံ့ကြပါတယ်။ အရိုးသားဆုံးပြောရရင် အမျိုးသားတွေက ကျွန်မကို အဆိုးမြင်ဝါဒီအနေနဲ့ ကြည့်နေကြတာဟာ သူတို့ မနာလိုဖြစ်နေလို့ဆိုတာ ကျွန်မသတိထားမိပါတယ်’’ လို့ Vins ကပြောပါတယ်။
ငယ်ရွယ်စဉ်ကတော့ Vins ဟာမျက်နှာက အရုပ်မလေးလို လှပပြီး သေးသွယ်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားလို့ ဘိုမရုပ်လေးလို့ အခေါ်ခံရပါတယ်။

‘‘ ကျွန်မကို အရုပ်မလေးနဲ့ တူတယ်လို့ ပြောကြတယ်။ ကျွန်မ ကျောင်းလည်း ကောင်းကောင်းတက်ခဲ့ ပါတယ်။ ဂီတပညာလည်း သင်ယူခဲ့တယ်။ စာလည်း ကောင်းကောင်းဖတ်ခဲ့တယ်။ တခြားအနုပညာ တွေလည်း ကျောင်းမှာ အများကြီး လုပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အရင်က ကျွန်မခန္ဓာကိုယ်ဟာ စိတ်ဓါတ်နဲ့ တထပ်တည်းမဖြစ်ဘူးလို့ ကျွန်မတွေးမိခဲ့တယ်။ အဲဒါကြောင့် ကိုယ်ကာယ လေ့ကျင့်ရေးခန်းမမှာ အမျိုးသား တွေလို လေ့ကျင့်ခန်းအပြင်းစားတွေ လုပ်ခဲ့တယ်။ အဲဒါနဲ့ မကျေနပ်နိုင်လို့ အလေးမတဲ့ အားကစားကို ရွေးချယ်ခဲ့တာပါ’’ လို့ Vins ကဆိုပါတယ်။ 
အဲဒီနောက်ပိုင်းမှာတော့ ရုရှားသူ ဆယ်ကျော်သက်မိန်းကလေး Julia Vins ဟာ ကာယဗလမယ် တစ်ယောက်ဖြစ်ဖို့ ရည်မှန်းချက်ထားခဲ့ပြီး အခုလို Hulk ရဲ့ခန္ဓကိုယ်မျိုး ပိုင်ဆိုင်လာခဲ့တာဖြစ်ပါတယ်။ 

Planet

No comments:

Post a Comment