Sunday, February 8, 2015

ချစ်သူများနေ့မှာ ပရိသတ်အတွက် လက်ဆောင်ပေးမယ့် ဖြူဖြူကျော်သိန်း



ချစ်သူများနေ့တွင် ပရိသတ်များအတွက် ယုံလိုက်စမ်း သီချင်းအမ်တီဗီကို လက်ဆောင်ပေးသည့်အနေနှင့် ယူကျု့ဘ်မှတစ်ဆင့် လွှင့်တင်ပေးသွားမည်ဟု ဖြူဖြူကျော်သိန်းက ပြောသည်။
‘‘Single Release အနေနဲ့ ဖြန့်ပေးမှာပါ။အဲဒီသီချင်းလေးက အချစ်သီချင်းလေးလည်းဖြစ်တယ်။ ချစ်သူများနေ့နဲ့ တိုက်ဆိုင်နေလို့ လုပ်ဖြစ်သွားတာပါ။ အမ်တီဗီကိုတော့ PhyuPhyuKyawTheinLEGACY ဆိုတဲ့ Offical ယူကျု့ဘ်စာမျက်နှာမှာ ဖေဖော်ဝါရီ ၁၃ ရက် ည ၁၂နာရီမှာ တင်ပေးပါ မယ်’’ ဟု ၎င်းက ပြောသည်။ ယင်းသီချင်း အမ်တီဗီတွင် ယခုနောက်ပိုင်း ဖြူဖြူကျော်သိန်း၏ တင်ဆက်မှုများ၌ အတွေ့ရစိပ်လာသော Jade Dragon အကအဖွဲ့မှ အကသမား ထက်ဘုန်းနိုင် နှင့်အတူ စုံတွဲအကဖြင့် သရုပ်ဖော်ရိုက်ကူးထားကြောင်း ၎င်းက ပြောကြားသည်။

သီချင်းအော်ဒီယိုကိုမူ Myanmar Music Store မှ ဖြန့်ချိပေးသွားမည်ဖြစ်ပြီး ဖေဖော်ဝါ ရီ ၁၄ ရက် တစ်ရက်လုံး အခမဲ့ဒေါင်းလုတ်ရယူနိုင်မည်ဖြစ်သည်။
‘‘ယူကျု့ဘ်က အမ်တီဗီကတော့ အခမဲ့ပါ။ Myanmar MusicStore ကတော့ ချစ်သူများနေ့မှာ Special အနေနဲ့ အခမဲ့ ဒေါင်းလုတ် ပေးမယ်။ နောက်ရက်တွေမှာတော့ အရင်လိုပဲ ၀ယ်ရမှာပါ’’ ဟုဖြူဖြူကျော်သိန်းကပြော သည်။လတ်တလော အနုပညာလှုပ်ရှားမှုအနေဖြင့် မြိတ်မြို့သို့ ဖျော်ဖြေရေးခရီးသွား ရောက်ဖြစ်ပြီး ယခုလထဲတွင် မန္တလေးနှင့် ရန်ကုန်မြို့များ၌ ဖျော်ဖြေပွဲများ သီဆိုရန်အစီအစဉ်ရှိကြောင်း၎င်းကပြောကြားသည်။
7Day Daily

No comments:

Post a Comment