Sunday, February 8, 2015

ကျောင်းသားလှုပ်ရှားမှုကို အစွန်းရောက်ဝါဒီများကြိုးကိုင်နေ ဟု ပြည်ထဲရေး ၀န်ကြီးပြော



လတ်တလော အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြနေ တဲ့ ကျောင်းသားလှုပ်ရှားမှု တွေကို နောက်ကွယ်ကနေ ကြိုးကိုင်နေသူတွေဟာ အစွန်းရောက်ဝါဒီသမား(ဟောင်း)တွေဖြစ်တယ်လို့ ပြည် ထဲရေးဝန်ကြီး ဒုဗိုလ်ချပ်ကြီး ကိုကိုက ယမန်နေ့က ပြောဆိုလိုက်ပါတယ်။ မည်သူမည်ဝါ မည်သည့် အဖွဲ့ အစည်းတွေ လို့ ထုတ်ဖော်မပြောပေမယ့်၊ ဆန္ဒဖော် ထုတ် သူကျောင်းသားတွေထဲမှာ အသက်အရွယ်ကြီးရင့်သူ၊ အိမ်ထောင်သည်တွေ ပါဝင်တယ်၊ ဒီလူတွေဟာ သူတို့ရဲ့
သားသမီးမျိုးဆက်မွေးထုတ်ပြီး ဦးဆောင်စေကာ ထိပ် တိုက် ရင်ဆိုင်ဖြေရှင်း နည်း၊ တောင်းယူ တိုက်ယူတဲ့နည်းတွေကို ကျင့်သုံးလာတာတွေ့ရတယ်လို့ ဒု ဗိုလ်ချုပ်ကြီး ကိုကိုက ပြောပါတယ်၊ လတ်တလောမှာတော့ ဆန္ဒဖော် ထုတ်နေ တဲ့ ကျောင်းသား အစစ်အမှန်တွေကို အရေးယူ ဖို့ မရှိပေ မယ့်၊ နိုင်ငံတော်အလံဖြုတ်ချမှုကိုတော့ မျက်ကွယ်ပြုနေမှာမဟုတ်ဘူး၊ ကြိုးကိုင်နေသူတွေနဲ့ အားပေး နေသူတွေကို ဖော်ထုတ်မယ်လို့သိရပါတယ်။
ဓာတ်ပုံ- MOI

No comments:

Post a Comment