Wednesday, February 4, 2015

အမေရိကန်ပြည်ထောင်စုတွင် မုန်တိုင်းတိုက်ခတ် လေကြောင်းခရီးစဉ် ၃ဝဝဝ ကျော် ပယ်ဖျက်ရ


အမေရိကပြည်ထောင်စု မြောက် ပိုင်းတစ်ခွင်တစ်ပြင်တွင် ဆောင်းရာ သီ မုန်တိုင်းတိုက်ခတ်သောကြောင့် နှင်းပေါက်ခဲများ အစုလိုက်အပုံလိုက် ဖြစ်သည်အထိ ကျသကဲ့သို့ ရေခဲ တမျှအေးသော မိုးလည်းရွာသည် ဖြစ်ရာ လေကြောင်းခရီးစဉ် ၃ဝဝဝ ကျော်တို့ကို ဖေဖော်ဝါရီ ၂ရက်၌ ပယ်ဖျက်လိုက်ရကြောင်း သိရသည်။

ဆောင်းရာသီမုန်တိုင်းဒဏ်ကို အဆိုးဆုံးခံရသည့် လေဆိပ်များမှာ ချီကာဂို အိုဟဲယားအင်တာနေရှင် နယ်လ်၊ နယူးဂျာစီရှိ နယူးအာ့ခ်၊ န ယူးယောက်ရှိ လာဂူအာဒီယာနှင့် ဘော့စတွန်လိုဂန် အင်တာနေရှင် နယ်လ်တို့ဖြစ်ကြောင်း ဝက်ဘ်ဆိုက် fightaware.com အရ သိရ၏။



ပြင်းထန်သော မုန်တိုင်းသည် Great Lake ဒေသမှ နှင်းပေါက်ခဲ များကို သယ်ဆောင်လာပြီး အရှေ့ မြောက်ပြည်နယ်ဖြစ်သော မိန်းပြည် နယ်တွင် သွန်ချလိုက်ရာ နှင်းပေါက် ခဲထု ၁၅ စင်တီမီတာမှ ၃ဝ စင်တီ မီတာအထိ ထူမည်ဟု ခန့်မှန်းရသည်။

ဘော့စတွန်မြို့ကြီးတွင် နှင်း ပေါက်ခဲအရေးပေါ် အခြေအနေ ကြေညာပြီး ကျောင်းများ ပိတ်ထား ရသည်။ နယူးယောက်တွင် နယ်ဝေး မှ အလုပ်ဆင်းသူများ သတိထား၍ သွားလာကြရန် သတိပေးထားသည် ဟု သိရသည်။

Ref: AFP

- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။
Yangon Media Group

No comments:

Post a Comment