Wednesday, February 4, 2015

ဖားကန့်မြို့နယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော် စစ်ကြောင်းများမှ KIA (ကချင်) အဖွဲ့ထိတွေ့တိုက်ခိုက်မှုဖြစ်ပွား


ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း KIA (ကချင်) အဖွဲ့မှ ဒေသခံ ပြည်သူ များအား မိုင်းထောင် ဖောက်ခွဲခြင်း၊ အဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်း၊ ဆက်ကြေးကောက် ခံခြင်း၊လုံခြုံရေး တာဝန်ထမ်းဆောင်နေသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား နှောင့်ယှက် ပစ်ခတ်ခြင်းများ ကို စဉ်ဆက်မပြတ် ပြုလုပ်လျက်ရှိသည်။

ထိုသို့ KIA (ကချင်) အဖွဲ့မှ တည်ငြိမ်အေးချမ်းမှု ပျက်ပြား အောင် ဆောင် ရွက်နေခြင်းကြောင့် တပ်မတော် စစ်ကြောင်းများက ဖားကန့်မြို့နယ်အတွင်း လုံခြုံရေး တာဝန် ထမ်းဆောင်လျက်ရှိရာ ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းတွင် ဖားကန့်မြို့နယ်၏ အရှေ့တောင်ဘက် နှစ်မိုင်ခန့်သို့ ရောက်ရှိစဉ် KIA (ကချင်) အဖွဲ့မှ အင်အား ၄ဝ ခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ ပြီး တပ်မတော်စစ်ကြောင်းများ က ပြန်လည်ခုခံတိုက်ခိုက်ကာ အဆိုပါ နေရာအား ထိန်းချုပ်သိမ်းဆည်းခဲ့ သည်။



ထိတွေ့ တိုက်ပွဲဖြစ်ပွားမှုတွင် KIA (ကချင်) အဖွဲ့ထံမှ ပွိုင့် -၂၂ သေနတ် တစ်လက်၊ ကျည်အိမ်တစ်ခု၊ ၄င်းကျည် ၃ဝ တောင့်၊ လက်ပစ် ဗုံး နှစ်လုံး၊ ကေအို ကျည် ၅ဝ တောင့်၊ အမ်-၂၂ ကျည်အိမ်တစ်ခု၊ ဒီတိုနေ တာ ၁၆၅ ချောင်း၊ ၄ဝ မမ ဗုံးသီး နှစ်လုံး၊ KIA (ကချင်) ယူနီဖောင်း ၁၅ ထည်တို့ အား သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်မှ စစ်သည်လေးဦး ကျဆုံး ကာ ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ဒဏ်ရာရ စစ်သည်များအား ခေါ်ဆောင်ရန်အတွက် ဆိပ်မူ ကျေးရွာမှ တပ်မတော် စစ်ကြောင်း များက လာရောက်ပူးပေါင်းဆောင် ရွက်စဉ် ဖားကန့်မြို့၏ တောင်ဘက် တစ်မိုင်ခွဲခန့်နေရာသို့ ရောက်ရှိစဉ် KIA (ကချင်) အဖွဲ့ အချို့မှ လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် စောင့်ကြို ပစ်ခတ် ခဲ့သဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ KIA (ကချင်) အဖွဲ့ မှ အလောင်း တစ်လောင်း၊ သံသယ ဖြစ်ဖွယ်ငါးဦး၊ လူနေတဲငါးလုံး၊ လမ်း လျှောက် စကားပြောစက်တစ်လုံးနှင့်ဆိုင်ကယ်သုံးစီးတို့အား သိမ်းဆည်း ရမိခဲ့ပြီး ပတ်ဝန်းကျင်တစ်ဝိုက် နယ်မြေရှင်းလင်းခြင်းများ ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်း သတင်း ရရှိသည်။

MOI Webportal Myanmar

No comments:

Post a Comment