Wednesday, February 18, 2015

ကိုးကန့်ဒေသကို ပြန်လည်ရရှိအောင် လုပ်ဆောင်မည်ဖြစ်ကြောင်း သမ္မတထံသို့ ဖုန်ကြားရှင်အဖွဲ့ အိတ်ဖွင့်စာ ပေးပို့

ကိုးကန့်အထူးဒေသကို ပြန်လည်ရရှိရန် မလွဲမသွေဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံတော်သမ္မတ အနေဖြင့် မြန်မာလူမျိုးကြီးဝါဒနှင့် လူမျိုးရေးခွဲခြားမှုများကို စွန့်လွှတ် ၍ ကိုးကန့်အပါအ၀င် တိုင်းရင်း သားအားလုံးကို တန်းတူညီမျှ အခွင့်အရေးပေးရန် တောင်းဆို ကြောင်း ဖုန်ကြားရှင်၏ ကိုးကန့် တပ်ဖွဲ့က သမ္မတထံ အိတ်ဖွင့်ပေးစာ တစ်စောင်ပေးပို့လိုက်သည်။

မြန်မာလူမျိုးများ၏ လူမျိုး ကြီးဝါဒကျင့်သုံးခြင်းမှာ ပြည်တွင်းနိုင်ငံရေးကို ရှုပ်ထွေးစေပြီး မ အောင် မြင်ကြောင်း၊ MNDAA အ ပါအ၀င် အခြားသောတိုင်းရင်း သားများက ယုံကြည်လက်ခံ ကြောင်း စာတွင် ဆက်လက်ဖော် ပြထားသည်။



ကိုးကန့်အထူးဒေသသည် ကိုးကန့်တိုင်းရင်းသားများ၏ ဘိုး ဘွားပိုင် မွေးရာဇာတိမြေဖြစ်၍ ဇာတိအပြန်လမ်းခရီးသည် ခက်ခဲ ပြီး ရှည်ဝေးမည်ဆိုသည်ကိုသိ သော်လည်း ကိုးကန့်ဒေသပြန် လည်ရရှိရေးအတွက် ကိုးကန့် တိုင်းရင်းသား၏ ဇွဲ၊ လုံ့လ၊ ၀ီရိယ ဖြင့် ဘ၀တူ အခြားသော တိုင်း ရင်းသားညီအစ်ကို အပေါင်းတို့ နှင့် လက်တွဲပြီး ရည်မှန်းချက် ပန်း တိုင်သို့ မလွဲမသွေလျှောက်လှမ်း မည်ဖြစ်ကြောင်း ပါရှိသည်။

ငြိမ်းချမ်းရေးရယူထားသည့် နှစ် (၂၀) အတွင်းဒေသဖွံ့ဖြိုးမှု အရှိန်ကောင်းနေစဉ် နိုင်ငံတော် အစိုးရက ကတိသစ္စာကင်းမဲ့ပြီး အထူးဒေသကို အကြောင်းမဲ့အ ပြစ်တင်၍ ကြမ်းတမ်းသော စစ် ရေးလှုပ်ရှားမှုဖြစ်သည့် ‘‘၈.၈. ၂၀၀၉’’ ကိုးကန့်အရေးအခင်းကို လုပ်ဆောင်ခဲ့သည့်အပေါ် နားမ လည်ကြောင်းနှင့် ထိုအရေးအခင်းကို အကြောင်းပြု၍ အစိုးရက တိုင်းပြည်ကို ပြည်တွင်းစစ်တွင်း သို့ ဖန်တီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ဖုန်ကြားရှင် တပ်ဖွဲ့က စာတွင် ရေးသားထားသည်။

ဖေဖော်ဝါရီ ၁၆ ရက်စွဲ ဖြင့် သမ္မတထံဖုန်ကြားရှင်၏ အမှန်တရားနှင့် မျှတမှုအမျိုး သားပါတီ ဗဟိုကော်မတီနှင့် မြန်မာ့အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) တို့က ရေးသားခဲ့ခြင်းဖြစ်သည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ အထူးဒေသ (၁) တွင် ဖေဖော်ဝါရီ ၉ ရက်မှ ယနေ့ အထိ ဖြစ်ပွားနေသော တိုက်ပွဲများ၌ နှစ်ဖက် အကျအဆုံးများရှိခဲ့ပြီး ဖုန်ကြားရှင်အပါအ၀င် တိုင်းရင်း သားအဖွဲ့အချို့နှင့် တရုတ်နိုင်ငံ တို့က အစိုးရနှင့် ညှိနှိုင်းဆွေးနွေး ရေးပြောကြားနေသည်။ သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့ကမူ ဖုန် ကြားရှင်တပ်ဖွဲ့ကို ပြည်ပြေးတိမ်း ရှောင်အဖွဲ့၊ သောင်းကျန်းသူဟု  သုံးနှုန်းပြီး လောက်ကိုင်ကိစ္စကို အလျှော့ပေး အဆုံးရှုံးခံမည် မဟုတ်ကြောင်း ပြောကြားထား သည်။

ကိုးကန့်တိုင်းရင်းသားများ သည် ပြည်ထောင်စုကြီးထဲမှ တိုင်းရင်းသားတစ်မျိုးဖြစ်ပြီး နိုင်ငံတော်မှ ပေးအပ်သည့်တာဝန်ကို နိုင်ငံ တော်မိသားစုအဖွဲ့ဝင်အဖြစ် ထမ်းဆောင်လိုကြောင်း ဖုန်ကြား ရှင်က စာတွင် သမ္မတအားကမ်း လှမ်းထားသည်။

‘‘ဖုန်ကြားရှင်လို ပြည်ပြေး၊ ရွာကို ဓားပြပြန်တိုက်တဲ့လူနဲ့ ဘာ မှ ဆွေးနွေးစရာမရှိပါဘူး’’ ဟု အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ် ကပြောသည်။

ဖုန်ကြားရှင်မှာ မူးယစ်ဆေး ၀ါးနှင့် လက်နက်များထုတ်လုပ် ခြင်းကြောင့် ၂၀၀၉ တွင် မြန်မာ နိုင်ငံရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်း ဆီးစဉ် ရဲတပ်ဖွဲ့ကို ခုခံသည့် အတွက် မြန်မာ့တပ်မတော်က ၀င်ရောက် တိုက်ခိုက်ခဲ့ခြင်း ကြောင့် တရုတ်-မြန်မာနယ်စပ် သို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ ခြင်းဖြစ်သည်။

‘‘ကိုးကန့်ဒေသမှာ နဂိုက တည်းက ဘိန်းစိုက်ပျိုးတယ်။ နှစ် ပေါင်းရာနဲ့ ချီပြီး စိုက်ခဲ့တာ။ အဲဒါ ကို ကျွန်တော်တို့ ဥက္ကဋ္ဌကြီး ဦးဖုန် ကြားရှင်က အခက်အခဲတွေကြား ကနေ ၂၀၀၂ ခုနှစ်မှာ ဘိန်းကင်း စင်ရေးနယ်မြေဆိုပြီး ကြေညာနိုင် ခဲ့တယ်။ ကမ္ဘာကို။ အဲဒါကို ကုလ သမဂ္ဂကလည်း သက်သေပြလို့ရ ပါတယ်။ အဲဒီအချိန်က UNက WFP( ကမ္ဘာ့စားနပ်ရိက္ခာအစီအ စဉ်)၊ World Vision လည်းရှိပါ တယ်။ ကျွန်တော်တို့က မူးယစ် ဆေးဝါးတိုက်ဖျက်နေတဲ့ အဖွဲ့ အစည်းပါ။ ဘယ်လိုလုပ် မူးယစ် ဆေးဝါးလုပ်မှာလဲ။ အဲဒါလိမ်လို့ လည်းမရဘူး။ တကယ်တော့ နယ်ခြားစောင့်တပ်ဖွဲ့တာ လက်မခံလို့ ၀င်တိုက်တာလို့ ထင်တယ်။ ဒါ ပေမဲ့ သူတို့စွပ်စွဲချက်က မူးယစ် ဆေးဝါးလုပ်လို့ဝင်တိုက်တယ်လို့ ပြောတယ်’’ဟု ကိုးကန့်တပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းမြတ် လင်းက 7Day Daily အား ဖုန်းဖြင့် ဆက်သွယ် ဖြေကြားသည်။

ကိုးကန့်တိုက်ပွဲများကြောင့် စစ်ဘေးတိမ်းရှောင်သူများအ နက် ဒုက္ခသည်တစ်သိန်းကျော် တရုတ်နိုင်ငံတွင်း ၀င်ရောက်ခို လှုံလာကြောင်းနှင့် မြန်မာစစ်တပ်

ကို စစ်ရေးအရ မတိုက်ရန် မတား  မြစ်သည့် တရုတ်ကွန်မြူနစ်ပါတီ ကို ဖုန်ကြားရှင်က အပြစ်တင် ကြောင်း တရုတ်သတင်းဌာန အချို့က ထုတ်လွှင့်သွားခဲ့သည်။

လက်ရှိတွင် ကိုးကန့်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်က လိုအပ်သလို ဆောင်ရွက်သွားမည်ဖြစ်ပြီး နယ် စပ်အရေးကို ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူကြီးငါးရပ် အတိုင်း ဆောင်ရွက်မည်ဖြစ် ကြောင်း ဖေဖော်ဝါရီ ၁၆ ရက်က သတင်းထုတ်ပြန်ထားသည်။

7 Day Daily

No comments:

Post a Comment