Wednesday, February 18, 2015

ကမ္ဘာကို ဖြတ်နိုင်တဲ့ Death Star တည်ဆောက်မယ့် အမေရိကန် အစီအစဉ်

Death Star ကို သိကြပါသလား။ Sci-Fi (ခေတ်လွန်သပ္ဗံဇာတ်ကား) ကြည့်သူများ ဆိုရင် သိကြမှာပါ။ သူ့ကို Star War ရုပ်ရှင် အချို့မှာ Feature အဖြစ် ပါဝင်ပြီး လူတို့ နေထိုင်ရာ ဂြိုလ်အပြင် အခြားသော ဘယ် ဂြိုလ်ကို မဆို လေဆာ တစ်ချက်တည်းနဲ့ အဆိပ်ဆိပ် ပျက်ဆီးသွားအောင် တိုက်နိုင်တဲ့ အာကာသ စစ်ယာဉ်ကြီး တစ်မျိုး ဖြစ်ပါတယ်။
သက္ကရာဇ် ၂၀၁၂ ခုနှစ်မှာတုန်းက ယင်းကဲ့သို့ ယင်းကို ဆောက်ဖို့အတွက် အမေရိကန်မှာ တောင်းဆိုမှု ပြုလုပ်ခဲ့ကြရာ လက်မှတ်ပေါင်း ၃ သိန်းကျော်ခဲ့ပါတယ်။ ယင်းပမာဏဟာ လွတ်တော်မှာ ဆွေးနွေးပြီး ဖြေရှင်းပေးရတဲ့ ကိစ္စမျိုး ဖြစ်ပါတယ်။ တောင်းဆိုသူများ ရည်ရွယ်ချက်က ယင်း အာကာသ ယာဉ်ပျံ Death Star သာ တည်ဆောက်ရင် အမေရိကန် နိုင်ငံသားတို့ရဲ့ အလုပ်အကိုင် အခွင့်အလမ်းများ တိုးလာမှာ ဖြစ်ကြောင်း ဆိုပါတယ်။ အဓိက ကတော့ အင်ဂျင်နီယာဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ပြီး ဒါကို တည်ဆောက်ရန် အမေရိကန် လွတ်တော်ထဲမှာတောင် ထောက်ခံသူများ ရှိခဲ့သတဲ့။
ဒီအတွက် အမေရိကန် အိမ်ဖြူတော်ထုတ်ပြန်ချက်က ရှင်းပါတယ်။ ကမ္ဘာတင်မက ဘယ်ဂြိုလ်ကိုမှ ဖျက်ဆီးနိုင်တဲ့ ဘယ်လို ယာဉ်ပျံမျိုးမှ တည်ဆောက်မှာ မဟုတ်ကြောင်း၊ ဒါကြောင့်မို့ အခြားသော ပရောဂျက် စီမံကိန်း များဖြင့်သာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ တည်ဆောက်မယ် ဆိုရင် ကုန်ကျစရိတ်က အမေရိကန် ဒေါ်လာ $850,000,000,000,000,000 ကုန်ကျမှာ ဖြစ်တာကြောင့် လောလောဆယ် ဘတ်ဂျက်ကို အဲ့ဒီဘက် မသုံးနိုင်သေးကြောင်း ဆိုပါတယ်။ $850 quadrillion ဆိုတော့ မနည်းပါဘူး။
ယခုတော့ တည်ဆောက်ဖို့ မစဉ်းစားပေးမယ့် Death Star နဲ့ ပက်သက်ပြီး အမေရိကန် အစိုးရရဲ့ Petition ဝဘ်ဆိုဒ် မှာ လက်မှတ်များ ထိုးနေကြတာကိုhttp://goo.gl/gWLqDK မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။ Death Star နဲ့ ပက်သက်ပြီး အသေးစိတ်ကိုလည်း http://en.wikipedia.org/wiki/Death_Star မှာ ဖတ်ရှု နိုင်ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment