Thursday, February 5, 2015

ယာယီသက်သေခံလက်မှတ်(ဝှိုက်ကတ်) ကိုင်ဆောင်သူများ မဲပေးခွင့်ဆုံးဖြတ်ချက်ပြင်ဆင်ရန် ခုနစ်ရက်ဆက် ဆန္ဒပြမည်

ယာယီသက်သေခံလက်မှတ် (White Card) ကိုင်ဆောင် ထားသူများအား ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ပြုခဲ့သည့် လွှတ်တော်၏ အတည်ပြု ဆုံးဖြတ်ချက်ကို ပြင်ဆင်ရန် မျိုး ချစ် သံဃာတော်များအဖွဲ့က ခုနစ် ရက်ဆက်တိုက် ဆန္ဒထုတ်ဖော် သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
ဖေဖော်ဝါရီ ၈ ရက် နေ့လယ်၁ နာရီတွင် ရွှေတိဂုံစေတီတော် အနီးရှိ ကြေးသွန်းဘုရားကြီးမှ စတင် ထွက်ခွာပြီး ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်သို့ ခုနစ်ရက် ဆက်တိုက် လမ်းလျှောက်ဆန္ဒ ဖော်ထုတ်မည်ဖြစ်ကြောင်း ဆရာ တော် ဦးရေ၀တက မိန့်ကြား သည်။

ခုနစ်ရက်ဆက်တိုက် လမ်း လျှောက်ဆန္ဒပြ၍ မထူးခြားလျှင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နေပြည်တော်လွှတ်တော်အထိ တက်ရန် စီစဉ်ထားကြောင်း ဆရာ တော်က ဆက်လက်မိန့်ကြားသည်။
မြောက်ဥက္ကလာပ ပဏ္ဍိတာ ရာမကျောင်းတိုက်တွင် ဖေဖော်ဝါ ရီ ၄ ရက်က ယာယီသက်သေခံ လက်မှတ် (အစိမ်းရောင်နှင့် ပန်း ရောင် သုံးခေါက်ချိုးကတ်ကိုင် ဆောင်ထားသူ တိုင်းရင်းသားများ မပါ) ၀ှိုက်ကတ် ကိုင်ဆောင်ထား သူများအား မဲပေးခွင့်ပြုခြင်းကို ဆန္ဒဖော်ထုတ်ကန့်ကွက်ရန် တက်ရောက် လာကြသူ တစ်ရာ ခန့်က သဘောတူညီခဲ့ကြသည်။
ယာယီသက်သေခံ လက် မှတ် (White Card) နှင့် ပတ်သက် ၍ လွှတ်တော်က မည်သည့်ဆုံး ဖြတ်ချက်ပင်ချစေကာမူ ယင်း လက်မှတ်ကိုင်ဆောင်ထားသူများ မဲပေးခွင့်မရရှိစေရန် ဆက်လက် တိုက်ပွဲဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ က ဖေဖော်ဝါရီ ၃ ရက်တွင် ကြေ ညာချက်ထုတ်ပြန်ထားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ယာယီသက်သေ ခံလက်မှတ်ကိုင်ဆောင်ထားသူ များ မဲပေးခွင့်ရှိကြောင်း ပြည် ထောင်စုလွှတ်တော်က ဆုံးဖြတ် လိုက်ပြီးနောက်တစ်နေ့၌ ရခိုင် အမျိုးသားပါတီက အထက်ပါ ကြေညာချက်ထုတ်ပြန်ခြင်းဖြစ်သည်။
7Day Daily

No comments:

Post a Comment