Thursday, February 5, 2015

တပ်၏ စီးပွားရေးလုပ်ငန်းများ သင့်လျော်သောအချိန်တွင် အများပိုင်အဖြစ် ဆောင်ရွက်ရန် အစီအစဉ်ရှိဟု ကာချုပ်ပြော

တပ်မတော်မှ ဆောင် ရွက်နေသော စီးပွားရေးလုပ်ငန်း များအား သင့်လျော်သည့်အချိန် တွင် အများပိုင်စီးပွားရေးလုပ်ငန်း များအဖြစ် ဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ယမန် နေ့က ပြောကြားသည်။
လက်ရှိလုပ်ဆောင်နေသော တပ်မတော်၏ စီးပွားရေးလုပ်ငန်း များသည် တပ်မတော်သား မိသား စုဝင်များ၊ စစ်မှုထမ်းဟောင်းများ ၏ သက်သာချောင်ချိရေး၊ လူမှု ရေးလုပ်ငန်းများအတွက် အဓိက လုပ်ဆောင်နေခြင်း ဖြစ်သကဲ့သို့ အမြတ်ရရှိရေးထက် တိုင်းပြည်၏ ကုန်ထုတ်လုပ်မှု၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကိုပါ အထောက်အကူ ပြုရန် စဉ်းစားလုပ်ဆောင်နေခြင်း ဖြစ်ကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ပြောသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေ သော စင်ကာပူဝန်ကြီးချုပ်ဟောင်း ဂိုချောက်တောင်သည် ယခုလ ၄ ရက်၌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်ကို နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်သို့ လာရောက် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်။
နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအ တွက် သယံဇာတ ထုတ်လုပ်ရေး အပေါ် အမှီပြုနေရခြင်းထက် ကုန်ထုတ်လုပ်ငန်း၊ ခရီးသွားလုပ် ငန်း၊ ၀န်ဆောင်မှုလုပ်ငန်း စသည့် စီးပွားရေးလုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုး တက်ရန် လိုအပ်ကာ နိုင်ငံတော် ထူထောင်ရေး လုပ်ငန်းများစွာ ဆောင်ရွက်နေရသည့်အတွက် နိုင်ငံတော်ဘတ်ဂျက်မှာ အရေး ကြီးကြောင်း ဂိုချောက်တောင်က ပြောသည်။
ထိုကဲ့သို့ လုပ်ငန်းများစွာ ဆောင်ရွက်နေရသဖြင့် လိုအပ် ချက်တိုင်းတွင် ဘဏ္ဍာငွေလိုအပ် ချက် ပြည့်စုံစွာ ရရှိနိုင်မည်မဟုတ် သော်လည်း ရည်မှန်းချက်လုပ်ငန်း တာဝန်များ ထိရောက်စွာ လုပ် ဆောင်ရန် လိုအပ်သည်ကို စာနာ နားလည်ပါကြောင်းလည်း ၎င်းက ပြောကြားသည်။
လက်ရှိကာလတွင် တပ်မ တော်အနေဖြင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် မြန်မာ့စီးပွား ရေး ကော်ပိုရေးရှင်းတို့ ထူထောင် ကာ နိုင်ငံတစ်ဝန်း စီးပွားရေးလုပ် ငန်း အမျိုးအစားပေါင်းများစွာကို ဦးဆောင်လုပ်ကိုင်လျက်ရှိသည်။
‘‘စစ်တပ်အနေနဲ့ကတော့ စီးပွားရေးမလုပ်သင့်ဘူး။ ဘတ် ဂျက်တွေ မလောက်ဘူးဆိုပေမယ့် လည်း နိုင်ငံတော် ဘတ်ဂျက်က နေ အများဆုံး ထောက်ပံ့ပေးနေ တာပဲ။ ဒါပေမဲ့ အခုပြောသွားတဲ့ ကိစ္စကိုတော့ ကျွန်တော် သေချာ မသိသေးတော့ မှတ်ချက်မပေး ချင်သေးဘူး’’ ဟု အမျိုးသားလွှတ် တော်ကိုယ်စားလှယ် တစ်ဦးက ပြောသည်။
တပ်အနေဖြင့် စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်နေခြင်း သည် ဖွဲ့စည်းပုံ ကြီးမားစွာ တိုး ချဲ့ထားခြင်းကြောင့် ဖြစ်နိုင်ပြီး တိုင်းပြည်စီးပွားရေး တိုးတက် လာပါက စွန့်လွှတ်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးရဲ ထွန်းက ဆိုသည်။
7Day Daily

No comments:

Post a Comment