Sunday, February 8, 2015

အာရှအရှေ့ ဖျားမှတိုက်ဆင်



တောင်ကိုရီးယားနိုင်ငံသည် စစ်ပြီးကာလတွင်ယင်းတို့ ၏သံချပ်ကာတပ်ဖွဲ့ များကို အဆင့်မြှင့် တင်ပြီးအင်အားတောင့်တင်းစေရန်ကြံဆောင်ကြိုးစားခဲ့ကြသည်။၁၉၇၀ခုနှစ်များတွင်တောင်ကိုရီးယားနိုင်ငံသည်စစ်ပြီးခေတ်ကျန် ရှားမင်းတင့်မိသားစု၏မျိုးကွဲဖြစ်သောM4A3E8 များကို အနားပေးခဲ့ရသည်။ထိုအခါယင်းတို့ ၏တင့်တပ်ဖွဲ့ တွင်အမာခံပင်မကျောရိုးများအဖြစ် M47နဲ့  M48 panton တင့်ကားများသာကျန်ရှိတော့ သည်။ယင်းအခြေ အနေတွင်ငြှိုးသူ့ ရန်ဘက် မြောက်ကိုရီးယားနိုင်ငံတွင်T62ကဲ့သို့ တင့်ကားများကို နည်းပညာအကူအညီကြီးမားစွာဖြင့် ထုတ်လုပ်နိုင်သည့် အခြေအနေဖြစ်ပြီးတင့်ကား နည်းပညာမှာလည်းကောင်းမွန်နေသောအချိန်ဖြစ်သည်။
ထို့ ကြောင့် ထိုအခြေအနေများကိုလိုက်မှီရန်အတွက်ကိုရီးယားတပ်ဖွဲ့ အကြီးအကဲများမှာကြံဆောင်ခဲ့ကြ သည်။အမေရိကန်မှ M60A1အမျိုးအစားတိုက်ပွဲဝင်တင့်များကိုပထမဦးစွာမှာယူခဲ့သော်လဲ အရေအတွက် လုံလောက်စွာမရခြင်း။နည်းပညာပိုင်းအရယှဉ်ပြိုင်ဖို့  အနည်းငယ်အားနည်းနေခြင်းများကြောင့် အစီအစဉ်ပျက်သွားခဲ့တော့သည်။
နောက် အစီ အစဉ် တစ်ရပ်အနေဖြင့် ရှိရင်းစွဲ အမာခံတင့်များကို အဆင့်မြှင့်တင်ခဲ့ပြီးLeopad တင့်ကားကို လိုင်စင်ဖြင့်ကူးယူထုတ်လုပ်ရန်အတွက်ကြံဆောင်ခဲ့ကြသည်။ထိုအစီအစဉ်နှစ်ရပ်တွင် လိုင်စင်ကူးယူထုတ်လုပ်ရန်ပျက်ပြယ်ခဲ့ပြီးရှိရင်းစွဲတင့်ကားများကိုသာM48A3K;M48A5K စသဖြင့် အဆင့်မြှင့်တင်သုံးစွဲခဲ့တော့သည်။
ထိုအချိန်တွင်မြောက်ကိုရီးယား၏တင့်ကားများမှာလည်းပိုမိုအဆင့်မြင့်သည့်အနေအထားတစ်ခုကိုရောက်လာခဲ့ပြီးလက်ရှိ တင့်ကားအင်အားစုများဖြင့် ယှဉ်ပြိုင်ရန်မဖြစ်နိုင်သောကြောင့် ပိုမိုသစ်ဆန်းပြီးအဆင့်အတန်းမြင့်သောတင့်ကားမျိုးဆက်တစ်ခုကို အစပျိုးရန်ဆုံးဖြတ်ခဲ့ကြသည်။
ဤသို့ ဖြင့် M1Arbumတင့်ကိုအခြေခံထားသောစံပြုတင့်ကားတစ်စီးသည်တောင်ကိုရီးယားတင့်တပ်ဖွဲ့ တွင်တာဝန်ထမ်းဆောင်ရန်အတွက်ရွေးချယ်ခြင်းခံခဲ့ရတော့သည်။
XK1
XM1(M1၏Prototype)ကိုအခြေခံပြီးပြုပြင်ပြောင်းလဲမှူ့ နှင့်အဆင့်မြင့်စနစ်များကို ပေါင်းစပ်ထည့်သွင်းထားသောK1တွင် ပါဝင်သောစနစ်များသည် အချို့ M1 တင့်ကားများတွင်တောင်မပါဝင်သောစနစ်များစွာပါဝင်နေခြင်းသည်အလွန်ထူးခြားသောအချက်ဖြစ်ပါသည်။၁၉၈၃ခုနှစ်တွင် စီမံကိန်းပြီးစီးခဲ့ပြီးK1စုစုပေါင်း၁၀၂၇စီးကို၁၉၈၅နှင့်၁၉၉၈ကြားထဲတွင် ထုတ်လုပ်ခဲ့သည်။
General Dyanemic M1ကို တုပထုတ်လုပ်ထားသော်လည်းHydropneumatic Suspension နှင့် Torsion Bar စသည့် ရွေ့ လျှားမှူ့ ထိန်းချုပ်အားကောင်းသောစနစ်နှစ်ခုပေါင်းစပ်မှူ့ မှာM1တွင်ပင်မပါဝင်သောစနစ်ပင်ဖြစ်သည်။အဆိုပါစနစ်များကြောင့် တင့်ကားကိုပိုမိုတည်ငြိမ်မှူ့ ရစေမည်ဖြစ်သည်။အမြှောက်ပစ်ခတ်မှူ့ တွင်လည်းပိုမိုတည်ငြိမ်မှူ့ ရစေမည်ဖြစ်သည်။
ကွပ်ကဲသူ။ယာဉ်မောင်း။အမြှောက်ပစ်သမား။ကျည်ထိုးသူ။စသဖြင့်လေးဦးလိုက်ပါရပြီး၁၀၅မမ အမြှောက်ကိုအသုံးပြုထားပါသည်။ပေါင်းစပ်သံချပ်ကာအားအသုံးပြုထားပါသည်။Commanderနေရာတွင်၁၂.၇မမ စက်သေနက်ကြီးတစ်လက်။ကျည်ထိုးသူနေရာတွင်၇.၆၂စက်လက်ငယ်တစ်လက်နှင့် အရန်အဖြစ်နောက်ထပ်၇.၆၂မမစက်လက်ငယ်တစ်လက်တို့  ပါဝင်ပါသည်။မြင်းကောင်ရေ၁၂၀၀အားရှိပြီးဆီအပြည့်ကျည်အပြည့်ဖြင့် ကီလိုမီတာ၅၀၀ထိစစ်ဆင်နိုင်ပါသည်။
K1A1
K1ကိုထပ်မံအဆင့်မြှင့်တင်ထားသောK1A1ကို ၂၀၀၁ခုနှစ်တွင် ထပ်မံလက်ခံရရှိခဲ့ပြီးK1ထက်ပိုမိုကောင်းမွန်သောပစ်ခတ်မှူ့ ထိန်းချုပ်ရေးစနစ်များ။လေဆာရောင်ခြည်သုံးပစ်မှတ်ရှာစနစ်များ။ပါဝင်လာပါသည်။ညတိုက်ပွဲ ဝင်စနစ်များ။အပူငွေ့ ပုံရိပ်ဖော်စက်များစသဖြင့် အဆင့်မြှင့်တင်ခဲ့ပြီး၁၀၅မမ အမြှောက်နေရာတွင်၁၂၀မမ ပြောင်းချောအမြှောက်ကိုတပ်ဆင်ခဲ့သည်။စုစုပေါင်း၄၈၄စီးထုတ်လုပ်ခဲ့ပြီးK1အချို့ အားလည်းK1A1အဖြစ်သို့  အဆင့်မြှင့်တင်ခဲ့သည်။
K1A2
K1A2စီမံကိန်းကို၂၀၀၂ခုနှစ်မှစတင်သုတေသနပြုခဲ့ပြီး၂၀၁၂ခုနှစ်တွင်ထုတ်လုပ်မှူ့ စတင်နိုင်ခဲ့ပါသည်။၂၀၁၃ခုနှစိဒီဇင်ဘာတွင်ပထမဆုံးK1A2ကိုပြသခဲ့ပြီးနောက်ဆုံးပေါ်စနစ်များဖြင့်အဆင့်မြှင့်တင်ထားခဲ့သည်။အလိုအလျှောက်အမိန့် ပေးကွပ်ကဲထိန်းချုပ်မှူ့ စနစ်။ရန်သူမိတ်ဆွေခွဲခြားသည့်စနစ်များ။GPS များ။တည်နေရာပြစနစ်များ။တင့်ကားတွင်းမှနေ၍မိမိ ၏အခြားတပ်ဖွဲ့ များ။မောင်းသူမဲ့လေယာဉ်များ ကိုချိတ်ဆက်သတင်းရယူပြီးပေါင်းစပ်တိုက်ပွဲဝင်နိုင်သည့်စနစ်များ။လေဆာရောင်ခြည်သတိပေးစနစ်များ။ဒစ်ဂျစ်တယ်စနစ်အပြည့်အစုံနှင့် ကွန်ပြူတာထိန်းချုပ်စနစ်များတပ်ဆင်ထားပြီးရန်သူ့  လေဆာပဲ့ထိန်းဒုံးပျံများနှင့်ရော့ကဒ်များရန်မှကာကွယ်ဖို့  APSစနစ်တစ်ခုလဲတပ်ဆင်ထားပါသည်။
K1A2သည် တောင်ကိုရီးယားK1A1အားလုံးအားအဆင့်မြှင့်တင်ရန် အတွက်ပြုလုပ်ထားသော ပရော့ဂျက်တစ်ခုဖြစ်ပြီး၂၀၂၂ခုနှစ်တွင်K1A1အားလုံးအားအဆင့်မြှင့်တင်သွားမည်ဖြစ်ပါသည်။
K1တင့်ကားအားလုံးသည်လက်ရှိတောင်ကိုရီးယား၏ပင်မအမာခံတိုက်ခိုက်ရေးတင့်ကားများဖြစ်ကြပါသည်။ကိုရီးယားကြည်းတပ်နှင့် ကမ်းတက်တပ်ဖွဲ့ တို့ တွင်အသုံးပြုနေပါသည်။
K1 တင့်ကားများအကြောင်းအချက်အလက်မှားယွင်းခဲ့ပါကကျနော့်တာဝန်သာဖြစ်ပါသည်။
ဆန္ဒနှင့်ဘဝတစ်ထပ်ထဲကျပါစေခင်ဗျာ။

ADMIN Arthrum

No comments:

Post a Comment