Thursday, February 26, 2015

ဗုံးလန့်မှုကြောင့် အဲချိုင်းနား အရေးပေါ်ဆင်းသက်


တရုတ် အဲချိုင်းနား လေကြောင်းလိုင်းက လေယာဉ်တစီးဟာ ဗုံးလန့်မှု ကြောင့် ဖေဖော်ဝါရီ ၂၅ ရက်က တရုတ် အနောက် တောင်ပိုင်း ချောင်ချင်း ပြည်နယ်မှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။


လေကြောင်းခရီးစဉ် အမှတ် စီအေ ၁၃၃၆ဟာ တရုတ်တောင်ပိုင်း ကွမ်းရှီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသက နန်နင်းမြို့ကနေ ဒေသစံတော်ချိန် နေလည် ၁၂ နာရီ ၂၄ မိနစ်မှာ ပီကင်းမြို့တော်ကို ပျံသန်းလာတဲ့ လေယာဉ်ဖြစ်တယ်လို့ ရိုက်တာ သတင်းမှာ ရေးပါတယ်။

ဖောက်ခွဲရေး ပစ္စည်းတခု လေယာဉ်ပေါ် ပါလာတယ်လို့ ခရီးသည် တယောက်က အခိုင်အမာ ပြောအပြီး ချောင်ချင်းလေဆိပ်မှာ မွန်းလွဲ ၂ နာရီလောက်မှာ ဆင်းသက်ခဲ့ရတာလို့ အဲချိုင်းနားရဲ့ ချောင်ချင်း လုပ်ငန်းခွဲကပြောပါတယ်။

အရေးပေါ် ဝန်ဆောင်မှုအဖွဲ့တွေ လေဆိပ်မှာ ရောက်နေခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ခရီးသည် ၃ ယောက်ကို စစ်မေးဖို့ ရဲက ခေါ်ထုတ်သွားခဲ့တယ်လို့ ဆိုပါတယ်။ ကျန်ရစ်တဲ့ ခရီးသည်တွေကတော့ လုံခြုံရေးစစ်ဆေးအပြီးမှာ ပီကင်းကို ခရီးဆက်ခဲ့ကြပါတယ်။

No comments:

Post a Comment