Tuesday, February 3, 2015

ရေနံချောင်းမြို့မှ မကွေးမြို့သို့ချီတက်လာသည့် ကျောင်းသား စစ်ကြောင်းနှင့်အတူ ရေနံချောင်းကောလိပ်မှ ဆရာ ဆရာမများ၊ စက်မှုလက်မှုသိပ္ပံကျောင်းမှ ကျောင်းသားကျောင်းသူများနှင့် ဒေသခံများလိုက်ပါ

ဖေဖော်ဝါရီ ၂ ရက် နံနက် ၈ နာရီက ရေနံချောင်းမြို့မှ ဆက်လက် ချီတက်လာသော ကျောင်းသားစစ်ကြောင်းသည် မကွေးမြို့အ၀င် နည်းပညာတက္ကသိုလ်နှင့် ဆေးတက္ကသိုလ်များတည်ရှိသော ကံပြားကျေးရွာသို့ရောက်သည်အထိ ရေနံချောင်းစက်မှုလက်မှုသိပ္ပံမှ ကျောင်းသားကျောင်းသူများ၊ ရေနံချောင်း ဒီဂရီကောလိပ်မှ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများအပါအ၀င် ဒေသခံပြည်သူများက ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။

ယင်းနောက် ညနေ ၆ နာရီခန့်က ရေနံချောင်းမြို့နှင့် မကွေးမြို့နယ်ကြား ပင်းချောင်းကိုဖြတ်ကျော်လာစဉ် မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦးက ယင်းသို့လမ်းလျှောက်နေသည်မှာ ငြိမ်းစုစီဥပဒေနှင့်မညီဟု ကျောင်းသားခေါင်းဆောင်များသို့ပြောကြားခဲ့သည်။


ကျောင်းသူကျောင်းသားဆိုတာ ဆရာ၊ ဆရာမတွေရဲ့သားသမီးပါပဲ။ ဒေါင်းနေချောင်းနားလေးမှာ ရဲတပ်ရင်းတစ်ခုရှိတော့ အဲဒီနားမှာ ပြဿနာများဖြစ်မလားလို့လည်းတွေးမိလို့ပါ။ ကျောင်းသားတွေ ကန့်ကွက်ဆန္ဒပြနေတဲ့ ပညာရေးဥပဒေကို မူကြမ်းကတည်းက ဆရာများသမဂ္ဂကကန့်ကွက်ခဲ့ပြီးသား
ကျောင်းသား စစ်ကြောင်းသည် ၎င်းတို့ညအိပ်တည်းခိုခဲ့ရာ ရေနံချောင်းမြို့ စံပယ်ရုံကျောင်းတိုက်မှထွက်ခွာလာကာ အထက(၁) ရှေ့ ဗိုလ်ချုပ်ကြေးရုပ်ကိုအလေးပြုခဲ့ကြပြီး ကျဆုံးခဲ့ပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား တစ်မိနစ်ငြိမ်သက် အရိုအသေ ပေးခဲ့သည်။ ထိုမှတစ်ဆင့် ရေနံချောင်းစက်မှုလက်မှုသိပ္ပံကျောင်းရှေ့သို့ ချီတက်လာခဲ့ရာ တာဝန်ရှိသူများက ကျောင်းတံခါးကိုဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါကျောင်းအတွင်း ပညာရေးဥပဒေနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များပေးဝေခဲ့သည်။ ကျောင်းသားခေါင်းဆောင်များက လက်ရှိပညာရေးစနစ်၏အားနည်းချက်များကို ဟောပြောခဲ့သည်။

ထိုမှတစ်ဆင့် ရေနံချောင်းကောလိပ်ရှေ့သို့ ဆက်လက်ချီတက်လာရာ တာဝန်ရှိသူများက တံခါးဖွင့်ပေးခဲ့သောကြောင့် ကျောင်းဝင်းအတွင်း ၀င်ရောက်ဆန္ဒပြခဲ့သည့်အပြင် ရေနံချောင်းကောလိပ်ကျောင်းသူ ကျောင်းသားများလည်း ပူးပေါင်းပါဝင်လာခဲ့ပြီး အဆိုပါကျောင်းဝင်းအတွင်း ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကိုက ပညာရေးဥပဒေနှင့်ပတ်သက်၍ ဟောပြောခဲ့ကြောင်း သိရသည်။

ကျောင်းသားစစ်ကြောင်းသည် ရေနံချောင်းကောလိပ်မှ မကွေးမြို့သို့ ဆက်လက်ထွက်ခွာလာပြီး မွန်းတည့်  ၁၂ နာရီခန့်တွင် ညောင်တို ရေနံမြေဓာတ်ငွေ့ဆိုင်အနီးတွင် နေ့လယ်စာစားခဲ့ကြပြီး ထိုနေရာအထိ မကွေးမြို့ တက္ကသိုလ်ကျောင်းသားကျောင်းသူများနှင့် ဒီမိုကရေစီအင်အားစုများက လာရောက်စောင့်ကြို၍ ပူးပေါင်းပါဝင်ခဲ့ကြပြီး ၎င်းတို့ညအိပ်တည်းခိုမည့် ကံပြားကျေးရွာ အနောက်စု မန်ကြီးပင်ဘုန်းကြီးကျောင်းသို့ ရောက်ရှိလာခဲ့ကြောင်းသိရသည်။

ကျောင်းသားစစ်ကြောင်းနှင့်အတူ မကွေးမြို့အ၀င်အထိလိုက်ပါခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများအဖွဲ့ချုပ်၏ အလုပ်အမှုဆောင်လည်းဖြစ်ပြီး ရေနံချောင်းကောလိပ်မှ ကထိက ဒေါက်တာအေးအေးသန့်က "ကျောင်းသားတွေနဲ့အတူလိုက်ပါခဲ့တာက သူတို့ကိုစိတ်မချလို့ပါ။ ကျောင်းသူကျောင်းသားဆိုတာ ဆရာ၊ ဆရာမတွေရဲ့သားသမီးပါပဲ။ ဒေါင်းနေချောင်းနားလေးမှာ ရဲတပ်ရင်းတစ်ခုရှိတော့ အဲဒီနားမှာ ပြဿနာများဖြစ်မလားလို့လည်းတွေးမိလို့ပါ။ ကျောင်းသားတွေ ကန့်ကွက်ဆန္ဒပြနေတဲ့ ပညာရေးဥပဒေကို မူကြမ်းကတည်းက ဆရာများသမဂ္ဂကကန့်ကွက်ခဲ့ပြီးသားပါ။ ပြီးတော့ ဆရာများသမဂ္ဂက အဆိုပြုထားတာတွေအများကြီးပါ။ နှုတ်နဲ့ရော စာနဲ့ပါ တင်ပြခဲ့တာတွေလည်း အများကြီးရှိခဲ့ပေမယ့် အဲဒါတွေဘာမှပါမလာဘဲ ဥပဒေကိုအတည်ပြုခဲ့တာပါ။ ဒါကြောင့် ကျောင်းသားတွေကိုကူညီရင်းလိုက်ပါခဲ့တာပါ။ ဒီမိုကရေစီဆိုတာ မလိုချင်တာကိုလည်း မလိုချင်ပါဘူးလို့ငြင်းပိုင်ခွင့်ရှိသလို လိုချင်တာတွေကိုလည်း ငြိမ်းချမ်းစွာတောင်းဆိုခွင့်ရှိပါတယ်။ ဒီမိုရေစီကျင့်စဉ်နဲ့ ဒီမိုကရေစီလမ်းကြောင်းအတိုင်း တည့်တည့်လျှောက်နေတဲ့ကျောင်းသားတွေကို အရေးယူလို့မရဘူး။ ခြိမ်းခြောက်လို့ပဲရမယ်။ ဆက်မသွားနိုင်အောင် တားဆီးလို့မရဘူး။ အဲဒါကိုပဲ ကလေးတွေကို အထပ်ထပ်မှာထားပါတယ်" ဟု The Daily Eleven သတင်းစာသို့ပြောကြားသည်။

ကျောင်းသားစစ်ကြောင်းသည် ဖေဖော်ဝါရီ ၃ ရက်တွင် မကွေးမြို့တွင်းသို့ လှည့်လည်ဆန္ဒပြရန်စီစဉ်ထားကြောင်း၊ ထို့နောက် ရန်ကုန်သို့ရောက်သည် အထိ မကွေး-သစ်ရာကောက်-ကိုးပင်လမ်းကြောင်းမှ ဆက်လက်ချီတက်ရန် စီစဉ်ထားကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment