Thursday, February 26, 2015

ဒီချုပ်အမတ်အချို့၏ ဝေဖန်ချက် မိမိကို အောက်လမ်းနည်းဖြင့် တိုက်ခိုက်သလိုဖြစ်နေဟု ဦးကျော်ဆန်း လွှတ်တော်တွင်ပြော

အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ လွှတ်တော်ကိုယ်စားလှယ်အချို့ ၏ ဝေဖန်ပြောကြားချက်များသည် မိမိကိုအောက်လမ်းနည်းဖြင့် တိုက်ခိုက်သကဲ့သို့ ဖြစ်နေကြောင်း သမ၀ါယမ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်ဆန်းက လွှတ်တော်တွင်ပြောကြားလိုက်သည်။
အဆိုပါဝန်ကြီးဌာန အနေ ဖြင့် တောင်သူလယ်သမားများအား ချေးငွေများထုတ်ချေးပေးရန် တရုတ်နိုင်ငံထံမှ အမေရိကန်ဒေါ် လာ သန်းသုံးရာချေးယူရေးကိစ္စ ရပ်ကို ပြည်ထောင်စုလွှတ်တော် တွင် ဆွေးနွေးရာ NLDမှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်နှင့် ဒေါ်ခင်မွှေးလွင်တို့၏ ဆွေးနွေးပြောဆိုချက်များသည် တိကျမှုမရှိဘဲ တိုက်ခိုက်သကဲ့သို့ ဖြစ်နေကြောင်း ဦးကျော်ဆန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၂၅ ရက်တွင်ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ အထက်ပါဖြစ်စဉ်ဖြစ်ပွား ခဲ့ပြီးတစ်ဖက်နှင့်တစ်ဖက်အချီအချပြောဆိုမှု အနည်းငယ် ဖြစ်ပွားခဲ့ကာ ပြည်ထောင်စုလွှတ်တော် နာယကမှ သတိပေးသည့်သဘော သက်ရောက်သော စကားရပ် အချို့ဖြင့် ၀င်ရောက်ထိန်းသိမ်းပေးခဲ့ရသည်။
သမ၀ါယမ၀န်ကြီးဌာနအ နေဖြင့် တရုတ်နိုင်ငံရှိ ဘဏ်မှ ယ ခင်ချေးယူထားသောအမေရိကန် ဒေါ်လာသန်းတစ်ရာအားယခုအ ခါတွင် အပြည့်အ၀ပြန်လည်ရရှိ ပြီးဖြစ်ကြောင်း ဦးကျော်ဆန်း၏ ပြောကြားချက်အပေါ်လက်ရှိအချိန်အထိ မိမိတို့မဲဆန္ဒနယ် အောက်ခြေဒေသများတွင် ပြန် လည် မပေးဆပ်နိုင်သေးသည့် သူများရှိနေသဖြင့် ၀န်ကြီး၏ ပြော ကြားချက်များသည် စိတ်ကူးယဉ် ဆန်ကြောင်း လွှတ်တော်ကိုယ်စား လှယ် ဒေါ်ခင်စန်းလှိုင်က ပြော ကြားခဲ့သည်။
‘‘အခုလို ပြောနေတာတွေ ဟာ တိကျမှန်ကန်မှပြောစေချင် ပါတယ်။ ကျွန်တော်က စိတ်ကူး မယဉ်ပါဘူး။ စိတ်ကူးယဉ်နေတာ ဟာ ဒေါ်ခင်မွှေးလွင်နဲ့ဒေါ်ခင်စန်း လှိုင်တို့ပဲ ဖြစ်ပါလိမ့်မယ်။ ကျွန် တော်အခုနပြောခဲ့သလိုပေါ့လေ။ ကျွန်တော်က ရန်မလိုပါဘူး။ ရန် လိုရင် ရန်ပိုပါတယ်။ ကိုရီးယား က စက်ပစ္စည်းတွေယူတုန်းက လည်း ဒေါ်ခင်စန်းလှိုင်တို့အဖွဲ့က ပဲ ဘယ်လိုပြောလဲ။ အထင်နဲ့စွပ် စွဲတာ။ ခပ်ရိုင်းရိုင်း ပြောရရင် အောက်လမ်းနည်းလို့ပြောရမလို ဖြစ်နေပြီ’’ဟု ပြည်ထောင်စုဝန် ကြီး ဦးကျော်ဆန်းက ပုတ်ခတ် ပြောဆိုခဲ့သည်။
‘‘၀န်ကြီးက ဒီလိုပြောတဲ့အ တွက် ကျွန်မတို့ အများကြီးစိတ်မ ကောင်းဖြစ်ရပါတယ်။ ကျွန်မတို့ လည်း ရန်လိုနေတာ မဟုတ်ပါ ဘူး။ လွှတ်တော်ကိုယ်စားလှယ် ဆိုတော အောက်ခြေကပြည်သူ လူထုနဲ့ အမြဲမပြတ်ထိတွေ့နေသူ တွေဖြစ်တဲ့အတွက် ကျွန်မတို့ သိ ထားတာကို ပြန်လည်မျှဝေခြင်း သာဖြစ်ပါတယ်။ ၀န်ကြီးလည်း အောက်ခြေ ကိစ္စတွေ သိတယ်ဆိုပေမယ့် လွှတ်တော်ကိုယ်စား လှယ်တွေလောက်တော့ ထဲထဲဝင် ၀င်မသိနိုင်ပါဘူး’’ဟု လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြန်လည်ရှင်းလင်းပြောကြားသည်။
ထိုသို့ အပြန်အလှန် ပြော ကြားခဲ့ပြီးနောက် ပြည်ထောင်စု လွှတ်တော်နာယကက ၀န်ကြီး၊ ဒု ၀န်ကြီးများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များအနေ ဖြင့် လွှတ်တော်တွင်းပြောကြားရာ တွင် မိမိနာယကအားမဏ္ဍိုင်ပြု၍ သာပြောကြားရန်နှင့် ကာယကံ ရှင်အား အမည်နာမများတပ်ကာ ပြောကြားခြင်းမပြုရန် သတိပေး ပြောကြားခဲ့သည်။
‘‘လွှတ်တော်တွင်းပြောကြား တယ်ဆိုတဲ့နေရာမှာ မိမိနာယက ကို မဏ္ဍိုင်ပြုပြီးပြောကြားဖို့ဖြစ်ပါ တယ်။ အခုလို နာမည်တွေတပ် ပြီး တိုက်ရိုက်ပြောတဲ့အတွက် မ လိုလားအပ်တဲ့အချိန်ကြန့်ကြာမှု တွေ၊ ပြောဆိုမှုတွေဖြစ်ပါတယ်။ ဒါကြောင့် နောက်နောင်ပြောဆို တဲ့အခါမှာ လွှတ်တော်နာယကကို မဏ္ဍိုင်ပြုဖို့ သတိထားစေလိုပါ တယ်’’ဟု သူရဦးရွှေမန်းကပြော ကြားသည်။
ထို့အပြင် လွှတ်တော်ကိုယ် စားလှယ်များဘက်ကလည်း ပြဋ္ဌာန်းထားသည့် လွှတ်တော်များ ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် အညီဆွေးနွေးကြရန်လိုကြောင်း လည်း ၎င်းကပြောသည်။
7Day

No comments:

Post a Comment