Sunday, February 8, 2015

ဝိုင်းမော်ရှိ ရွှေလုပ်ကွက်တွင် တရားမ၀င် နေထိုင်သည့် တရုတ်နိုင်ငံသား၃၀ ကျော်ဖမ်းဆီး



ဝိုင်းမော်မြို့နယ် ညောင်ပင်သာ ကျေးရွာအနီး ဂျိန်းဖောမြေ ရွှေသတ္တုတူးဖော် ရေး ကုမ္ပဏီလီမိတက်လုပ်ကွက် တွင် တရားမ၀င် ၀င်ရောက်လာ သော တရုတ်နိုင်ငံသား ၃၆ ဦးကို ၀ိုင်းမော်မြို့နယ်ရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းထားကြောင်း ၀ိုင်းမော်ရဲစခန်းမှ သတင်းရရှိ သည်။
ထိုတရုတ်နိုင်ငံသားများတွင် အမျိုးသား ၃၅ ဦးနှင့် အမျိုးသမီး တစ်ဦးပါဝင်ပြီး ၂၀၁၅ ဖေဖော် ၀ါရီ ၆ ရက်၌ ထိုဒေသတွင် နယ် မြေရှင်းလင်းနေသည့် နယ်မြေခံ တပ်ရင်းများက ဖမ်းဆီးကာ ၀ိုင်း မော်မြို့မရဲစခန်းသို့ အပ်နှံခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် မှတ်ပုံ တင်ဦးစီးဌာနရုံးတွင် စစ်ဆေးနေ ကြောင်း ၀ိုင်းမော်ရဲစခန်းမှ သတင်း ရရှိသည်။
‘‘ဘာမှ မသိသေးဘူး။ စစ် ဆေးတုန်းပဲ ရှိသေးတယ်’’ ဟု ၀ိုင်းမော်မြို့ လူဝင်ကြီးကြပ်ရေး နှင့် မှတ်ပုံတင်ဦးစီးဌာနရုံးမှ ဦးစီး မှူးက ဆိုသည်။

အဆိုပါ တရုတ်နိုင်ငံသား များမှာ နောင်ချိန်းကျေးရွာအနီး ညောင်ပင်သာကျေးရွာနှင့် ဆွတ် ယန်ကျေးရွာတွင် ဓာတုပစ္စည်း များသုံးကာ ကျောက်ရွှေလုပ်စား နေသည်မှာ သုံးနှစ်ခန့်ရှိပြီ ဖြစ် ကြောင်း နောင်းချိန်းကျေးရွာဒေသခံများက ဆိုသည်။ နောင်ချိန်း ကျေးရွာသည် မြစ်ကြီးနားမြို့မှ ၁၂ မိုင်ခန့်သာကွာဝေးသည့် ကျေးရွာဖြစ်ပြီး ဧရာဝတီမြစ်၏ အရှေ့ဘက်တွင်ရှိသည်။
အဆိုပါ တရုတ်နိုင်ငံသား များ ညောင်ပင်သာ ကျေးရွာတွင် ဖမ်းဆီးမိခြင်းဖြစ်ပြီး အခြားရွှေမှော်ဖြစ်သည့် ဆွတ်ယန်ကျေးရွာမှော်ကိုမူ ၀င်ရောက်ဖမ်းဆီးခြင်း မရှိသေးပေ။
‘‘ညောင်ပင်သာမှာ တရုတ် တွေ တောင်ဖောက်၊ တောင်တွေ ဖြိုပြီး ကျောက်ရွှေ လုပ်စားနေ တာ သုံးနှစ်လောက်ရှိပြီး သူတို့ လုပ်ကွက်ထဲ ဘယ်သူမှ ၀င်လို့ မရဘူး။ ဘယ်သူမှလည်း အရေး ယူတာလည်း မရှိခဲ့ဘူး’’ဟု နောင် ချိန်းကျေးရွာမှ အသက်(၄၀)နှစ် အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ ၂၀၁၅ ဇန်န၀ါရီလဆန်းပိုင်းတွင်လည်း ကချင်ပြည်နယ်၌ တရားမ၀င် ၀င်ရောက်ပြီး သစ် ခုတ်နေသည့် တရုတ်နိုင်ငံသား ၁၀၀ ကျော်ကို ဖမ်းဆီးအရေး ယူခဲ့သည်။
ရွှေတူးဖော်မှု လုပ်ငန်းခွင်

No comments:

Post a Comment