Sunday, February 8, 2015

လေးပွင့်ဆိုင် အမြန်ဆုံး ပြုလုပ်ပေးရန် ကျောင်းသားများတောင်းဆို



လေးပွင့်ဆိုင်ဆွေးနွေးပွဲ အမြန်ဆုံးပြုလုပ်ပေးရန် သပိတ် မှောက်ကျောင်းသားများက တောင်းဆိုလိုက်သည်။
‘‘လေးပွင့်ဆိုင်ဆွေးနွေးပွဲကို အမြန်ဆုံး ပြုလုပ်ပေးဖို့ တောင်းဆိုတယ်။ ဒါကို ကျွန်တော်တို့ ကျောင်းသားထုက လက်ခံတယ်။ လိုချင်တယ်။ ကျွန်တော်တို့လိုချင် တဲ့ ပထမ ၁၁ ချက်ကို မဆွေးနွေး ရသေးဘူး။ မူဘောင်ကိုးချက်မှာ တင် ရပ်နေတယ်။ ဒါကို ကြည့် ခြင်းအားဖြင့် အစိုးရက ကျောင်း သားထုကို လမ်းပေါ် ရောက် အောင်လုပ်နေတာ။ မရောက် ရောက်အောင် ပြုလုပ်နေတာလို့ ထင်တယ်။ ဒီလိုကျောင်းသားတွေ လမ်းပေါ်မရောက်စေချင်ဘူးဆို ရင် ဆွေးနွေးပွဲကို ပြုလုပ်ပေးပါ။ တောင်းဆိုတဲ့အချက်တွေကို လိုက်လျောပါ’’ဟု ဗကသကျောင်းသားဥက္ကဋ္ဌ ကျော်ကိုကိုက ပြောကြားသည်။
သို့သော် ဖေဖော်ဝါရီ ၃ ရက်တွင်ပြုလုပ်မည့် ဆွေးနွေးပွဲ ရွှေ့ဆိုင်းခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၂ရက်နောက်ပိုင်းတွင် လေးပွင့်ဆိုင်ဆွေးနွေးပွဲပြုလုပ်ရန် အစိုးရနှင့်NNER တို့ ဖေဖော်ဝါရီ ၆ ရက်တွင် အကြိုညှိနှိုင်း ဆွေးနွေးနေသည်။
‘‘သပိတ်တိုက်ပွဲတွေမရှိစေ ချင်ဘူးဆိုရင် ဆွေးနွေးပွဲကို လက် ခံပေးရမယ်။ လိုက်လျောပေးရ မယ်။ အစိုးရက ကတိမတည်ခဲ့လို့ တခြားကျောင်းသားတွေကလည်း လမ်းလျှောက်ချီတက်ရတာဖြစ် တယ်။ ကျောင်းသားတွေအဆင် ပြေအေးချမ်းစွာ စာသင်နေတာ မြင်ချင်တယ်ဆိုရင် ဆွေးနွေးပွဲကို လိုက်လျောပေးရမယ်’’ ဟု ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်က ပြောသည်။

သပိတ်မှောက် ဆန္ဒပြနေ သော ကျောင်းသားများနှင့် ပတ် သက်၍ အစိုးရက ဖေဖော်ဝါရီ ၅ ရက်တွင် သတင်းထုတ်ပြန်ရာ တွင် ကျောင်းသားများကို နောက်ကွယ်မှကြိုးကိုင်အားပေးသူများရှိနေသည်ဟု ဖော်ပြထားသည်။ ယင်းဖော်ပြမှုနှင့် ပတ်သက်၍သပိတ်မှောက် ကျောင်းသားများက ငြင်းဆိုသည်။
‘‘ဗကသအဖွဲ့ နောက်မှာ ဘယ်အဖွဲ့အစည်းမှ မရှိဘူး။ ဗကသက အဖွဲ့အစည်းတစ်ခုရဲ့ လက်ကိုင်တုတ်လည်းမဟုတ်ဘူး။ အသုံးချခံလည်းမဟုတ်ဘူး။ ကြိုးဆွဲရာ ကမယ့်သူလည်း မဟုတ်ဘူး။ စိတ်ဓာတ်နဲ့ပဲ ကျောင်းသားတွေရရှိသင့်တယ်ထင်တဲ့ အခွင့်အရေးကို တောင်းဆိုနေတာ။ ပြီးတော့ အရိပ်တွေ၊ လက်တွေ၊ ခြေထောက်တွေ တံဆိပ်မကပ်ကြပါနဲ့။ အဲဒီလို လက်တွေ၊ အရိပ်တွေ တံဆိပ်ကပ်မယ်ဆိုရင် ငြိမ်ခံနေမှာ မဟုတ်ဘူး။ ကျွန်တော်တို့ကို သွားပုပ်လေလွင့် အပုပ်ချတာ၊ ဝေဖန်တိုက်ခိုက်တာဆိုရင် ကျွန် တော်တို့က အချိန်မရွေးဖြေရှင်းဖို့ အသင့်ပါ’’ ဟု ကျော်ကိုကိုက ပြောသည်။
မန္တလေးမြို့မှ ရန်ကုန်သို့ ချီတက်လာသော ပင်မသပိတ်စစ်ကြောင်း အောင်လံမြို့သို့ရောက်ရှိစဉ် ကြိုဆိုနေသူများနှင့်အတူ တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

No comments:

Post a Comment