Thursday, February 5, 2015

မုံရွာ၊ ရခိုင်နှင့် မွန်ကျောင်းသားသပိတ်စစ်ကြောင်းများ ဖေဖော်ဝါရီ ၆ရက်တွင် ရန်ကုန်သို့ထွက်ခွာမည်

ပခုက္ကူကျောင်း သားသပိတ်စစ်ကြောင်းနှင့်အတူ မုံရွာ၊ မွန်၊ ရခိုင်ကျောင်းသားသ ပိတ်စစ်ကြောင်းများသည် ရန်ကုန်မြို့သို့ ဖေဖော်ဝါရီ ၆ရက်တွင် စတင်ထွက်ခွာမည်ဟု ပခုက္ကူကျောင်းသားသပိတ် ခေါင်း ဆောင်ကိုပြည့် ဖြိုးကျော်က 7Day Daily အား ပြောကြားသည်။
ပခုက္ကူကျောင်းသားသပိတ် စစ်ကြောင်းသည် လေးပွင့်ဆိုင် ဆွေးနွေးပွဲပြုလုပ်မည်ဖြစ်သော ကြောင့် ဇန်န၀ါရီ ၂၈ရက်က သ ပိတ်စစ်ကြောင်း ခေတ္တေရပ်နား ထားပြီး ဆွေးနွေးပွဲအဖြေကိုစောင့် ကြည့် ခဲ့ကြ သည်။

ဖေဖော်ဝါရီ ၃ရက်က နေ ပြည်တော်တွင် လေးပွင့်ဆိုင်ဆွေး နွေးပွဲပျက်သွားသောကြောင့် ရပ် နား ထားသည့် သပိတ်မှောက် ကျောင်းသားများသည် ရန်ကုန်မြို့သို့ ဆက်လက်ချီတက် လမ်းလျှောက်မည်ဟု ဆုံးဖြတ်ခဲ့ကြသည်။
‘‘ဖေဖော်ဝါရီ ၆ရက်မှာစ မယ်။ ပခုက္ကူမှာ သပိတ်စခန်းလုပ် ပြီး ရန်ကုန်ကိုချီတက်ကြမယ်။ ကျွန်တော်တို့ ပခုက္ကူစစ်ကြောင်းနဲ့ အတူ မွန်၊ ရခိုင်၊ မုံရွာက ကျောင်း သားသပိတ်တွေပါတယ်။ ထား ၀ယ် စစ်ကြောင်း ကလည်း ဒီရက် ပိုင်းအတွင်းမှာ ထွက်နိုင်ဖို့လုပ်နေ တယ်။ ဆွေးနွေးပွဲလုပ်တုန်းမှာ ရပ်ထားဖို့ ဆုံးဖြတ် ထားပေမယ့် ဆွေးနွေးပွဲကအဆင်ပြေမလာ တော့ ဆက်လုပ်တော့မယ်’’ဟု ပခုက္ကူကျောင်းသား သပိတ်ခေါင်း ဆောင်ကိုပြည့်ဖြိုးကျော်က ပြော သည်။
ဖေဖော်ဝါရီ ၃ရက်က နေ ပြည်တော်၌ လေးပွင့်ဆိုင်ဆွေး နွေးရာတွင် တက်ရောက်လာ သည့် ကျောင်းသားခေါင်းဆောင် များသည် ကျောင်းသားထုကို ကိုယ်စားပြုပါသလားဟုမေးခွန်း ထုတ်ပြီး ကိုယ်စားပြုပါက အ ချက်အလက်များပြပါဟု သမ္မတ ရုံးဝန်ကြီးဦးအောင်မင်းက ကျောင်း သားများအား ပြောကြားခဲ့သည်။
ထို့ကြောင့် ဆွေးနွေးပွဲတက် ရောက်လာသော ကျောင်းသား ခေါင်းဆောင်များသည် ရပ်နား ထားသော သပိတ်စစ်ကြောင်းများ ပြန်ထွက်ရန် ဆုံးဖြတ်လိုက်ပြီး ကျောင်းသားထုသပိတ်တိုက်ပွဲ ကြီးပြုလုပ်ကာအစိုးရသိအောင် ပြုလုပ်သွားမည်ဟု ဆုံးဖြတ်ချက် ချလိုက်ကြောင်း မန္တလေး -ရန် ကုန်သပိတ်မှောက်ကျောင်းသား ခေါင်းဆောင်ကိုမင်းသွေးသစ်ကဆို သည်။‘‘ဆွေးနွေးပွဲ အဆင်မပြေ တော့ ရပ်ထားတဲ့သပိတ်စစ် ကြောင်းတွေက ထွက်ကြမှာပဲ လေ။ ကျောင်းသားသပိတ်တွေ အားလုံး ရန်ကုန်မှာဆုံပြီးတစ်နိုင် ငံလုံးဆိုင်ရာကျောင်းသားသပိတ် ကြီးဆင်နွှဲမယ်’’ဟု၎င်းကပြော သည်။ခရီးရှည်လမ်းလျှောက်သ ပိတ်မှောက်နေသည့် ကျောင်း သားသပိတ်သည်ဖေဖော်ဝါရီ ၄ ရက်တွင် မကွေးမြို့မှ မိုင် ၃၀ ခန့် ကွာဝေးသော သစ်ရာကောက် ကျေးရွာသို့ ရောက်ရှိလာခဲ့သည်။ ထို့နောက် ယင်းနေ့တွင်ပင် သစ် ရာကောက်ကျေးရွာမှ တောင်တွင်းကြီးမြို့သို့ ဆက်လက်ချီ တက်မည်ဖြစ်သည်။ ချီတက်လာသော ကျောင်းသားသပိတ်ကို တားဆီးရန် ဖေဖော်ဝါရီ ၄ရက် နံနက်က တောင်တွင်းကြီးမြို့နှင့် ဆတ် သွားမြို့တို့တွင် လုံထိန်းရဲတပ်ဖွဲ့ များရောက်ရှိနေကြောင်းအဆိုပါ ဒေသခံများကပြောသည်။
7Day Daily

No comments:

Post a Comment