Wednesday, February 4, 2015

ထိုင်းနိုင်ငံက အလှဆုံး သူကြီးမလေး မယ့်လုံကွန့်




လတ်တလော ထိုင်းနိုင်ငံရဲ့ ဆိုရှယ်လ်မီဒီယာလောကမှာ ချောမောလှပတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးမလေး တဦးအကြောင်း ရေပန်းစားနေပါတယ်။
အသက် ၃၅ နှစ်ရွယ်ရှိ နန်းဆောဝ် ဆူဖတ်လ၀ီ ယူဖက်ထ်ဟာ ထိုင်းနိုင်ငံြေ မာက်ပိုင်း ချင်းမိုင်ခရိုင် ချင်းမိုင်မြို့ နောင်ဟွယ်ရပ်ကွက် ဆီရီဝပ်ထန နိဝေ့ခ်ျ အိမ်ရာက ရာအိမ်မှူးတဦးဖြစ်ပြီး ဒီရက်ပိုင်းအတွင်း ဒေသတွင်း သတင်းဌာန တခုက သူအကြောင်းကို ရေးသားဖော်ထုတ်ခဲ့တဲ့အတွက် လူမှုကွန်ရက် စာမျက်နှာမှာ ရေပန်းစားခဲ့တာ ဖြစ်ပါတယ်။
သူဟာ လွန်ခဲ့တဲ့ ၂ နှစ်က ရာအိမ်မှူးအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီး ရပ်ကွက်သူ ရပ်ကွက်သားတွေက သူ့ကို ချစ်စနိုးနဲ့ မယ့်လုံကွန့် (သူကြီး မလေး) လို့ ခေါ်ကြောင်း၊ လက်ရှိ သူ့ရပ်ကွက်က အိမ်ထောင်စုပေါင်း ၆၀၀ နဲ့ မိသားစုဝင် ၁၅၀၀ ကျော်ကို အုပ်ချုပ်နေတယ်လို့ ချနယ်လ်ဆဲဗဲင်း သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းမီဒီယာတွေမှာ သူ့ကို အုပ်ချုပ်ရေးမှူးတွေထဲမှာ အလှဆုံးအဖြစ် တင်စားေ ဖ်ာပြကြပေမယ့် မယ့်လုံကွန့်ကတော့ သူ့ရဲ့ အလှအပကို မကြည့်ဘဲ လုပ်ရည် ကိုင်ရည်ကိုပဲ ကြည့်ဖို့၊ သူတာဝန်ယူအုပ်ချုပ်ရတဲ့ ရပ်ကွက်ဟာ ကျေးရွာလိုမ ဟုတ်ဘဲ မြို့ပြဖြစ်တဲ့အတွက် နယ်စုံ နိုင်ငံစုံက လူတွေ ပါဝင်ကြောင်း၊ အမျိုးသမီး တယောက်အနေနဲ့ ပြဿ နာတွေကို သိမ်မွေ့တဲ့နည်းလမ်းနဲ့ အရင်ဖြေရှင်း ပါကြောင်း ဖေဖော်ဝါရီ ၃ ရက် မြို့နယ် အုပ်ချုပ်ရေးမှူးများအစည်းအဝေးအပြီး သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
သူဟာ ချင်းမိုင်သက်မွေးဝမ်းကျောင်းသိပ္ပံကနေ စီးပွားရေးဆိုင်ရာ ဒီပလိုမာ လက်မှတ်ရထားပြီး လောလောဆယ် ဆုခိုထိုင်းတက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံ ဘာသာ အဓိကနဲ့ ကျောင်းတက်နေကြောင်း ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးလစာက ၁ လကို ဘတ် ၈ ထောင် ရရှိကြောင်း သတင်းထောက်တွေကို ပြောသွားပါတယ်။
ဓာတ်ပုံ – ch7
DVB

No comments:

Post a Comment