Sunday, February 8, 2015

KIA နှင့် TNLA ပူးပေါင်းအဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒေသခံရွာသားတစ်ဦး ဒဏ်ရာရ



ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ပန်ဆေးကျေးရွာ မှ ရွာသား တစ်ဦးအား ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ကချင် လွတ်မြောက်ရေးတပ်မတောင် (KIA) အဖွဲ့နှင့် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) အဖွဲ့တို့၏ ပစ်ခတ်မှုကြောင့် ၀မ်းဗိုက် တွင် ကျည်ဆံရှပ်မှန် ဒဏ်ရာရရှိ ခဲ့ကြောင်း သတင်း ရရှိသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဒဏ်ရာရရှိသူ ဦးအားဖေ့ အား မေးမြန်းရာ “ကျွန်တော်က ယာမှာ အလုပ်လုပ် နေတာ။ ကျွန်တော့်ယာရဲ့ အရှေ့ဘက်ေ လာက်ကနေ ပြောက်ကျားဝတ်စုံတွေနဲ့ အဖွဲ့တွေ လာတာ တွေ့လို့ ကြောက်ပြီး ထွက်ပြေးတာပါ။ နောက်ကနေ ပစ်လို့ ကျွန်တော့်ဗိုက်ကို ရှပ်ထိသွားတယ်။ ကံကောင်းလို့ မသေတာ” ဟု ပြောသည်။
အဆိုပါ ပူးပေါင်းအဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားသော ဦးအားေ ဖ့အား ပန်ဆေးပြည်သူ့စစ် အဖွဲ့မှ မူဆယ်မြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ေ ပးခဲ့ကြောင်း သိရှိရသည်။

“သေနတ်သံကြားလို့ ကျွန်တော်တို့က သွားကြည့်တာ။ ရွာအထွက်မှာပဲ ဦးအားဖေ့ကို သေနတ်ဒဏ်ရာနဲ့တွေ့တယ်။ ကျွန်တော်တို့ ချက်ချင်းပဲ မူဆယ်ေ ဆးရုံကို ပို့ပေးလိုက်တယ်။ ပစ်တဲ့အဖွဲ့ကိုလည်း မတွေ့တော့ဘူး”ဟု ပန်ဆေး ပြည်သူ့စစ်မှ တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ငြိမ်းချမ်းရေးမလိုလားသော TNLA အဖွဲ့သည် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)အဖွဲ့နှင့် ပူးပေါင်းပြီး နယ်မြေ ငြိမ်းချမ်းရေးကို ပျက်ပြားေ အာင် လုပ်ဆောင်နေကြောင်းနှင့် ဒေသခံပြည်သူများ၏ အကျိုးစီးပွားနှင့် လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း ပန်ဆေးပြည်သူ့စစ် အဖွဲ့ ခေါင်းေ ဆာင် တစ်ဦးမှ ပြောကြားသွားသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် အမြန်ဆုံးလက်မှတ် ထိုးရန် ပြည် သူများမှ လိုလားနေချိန်တွင် ယခုကဲ့သို့ အပြစ်မဲ့ပြည်သူတစ်ဦးကို အကြောင်ြး ပချ က် မရှိဘဲ ပစ်ခတ်ခြင်းသည် ဒေသခံရွာသားများ၏ အသက်အန္တရာယ်ကို တမင်တကာ ခြိမ်းခြောက်ခြင်းဖြစ်ကြောင်း ငြိမ်းချမ်းရေးလိုလားသော နမ့်ခမ်းမြို့ခံတစ်ဦးမှ ဆိုသည်။
စိုင်းခမ်းလိတ်(နမ့်ခမ်း)

No comments:

Post a Comment