Sunday, February 8, 2015

နယ်မြေရဲကင်းအား RCSS/SSA အဖွဲ့မှ လာရောက်ပစ်ခတ်မှုကြောင့် ရဲအရာရှိတစ်ဦးသေဆုံးပြီး ရဲတပ်သားတစ်ဦး ဒဏ်ရာရရှိ



ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ကုန်းသာနယ်မြေရဲ ကင်း အား ဖေေ ဖ်ာဝါရီလ ၇ ရက်နေ့ ည ၈ နာရီခန့်တွင် ရှမ်းပြည်ပြန် လည်ထူေ ထာင်ရေးေ ကာင်စီနှင့် ရှမ်းပြည်တပ်မတော် (RCSS/SSA) အဖွဲ့များမှ လာရောက် ပစ်ခတ်မှု ကြောင့် ရဲအရာရှိတစ်ဦး သေဆုံးပြီး ရဲတပ်သားတစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဖြစ်စဉ်ကြောင့် ကုန်းသာနယ်မြေရဲကင်းတွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသော ရဲအရာရှိ ရဲအုပ် မျိုးအောင်ဆွေ သေဆုံးပြီး ရဲတပ် သား ပြည့်စုံညီညီအောင် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၇ ရက်နေ့ ည ၈ နာရီခန့်တွင် RCSS/SSA အဖွဲ့မှ ကုန်းသာနယ်မြေရဲကင်းအား လာရောက်ပစ်ခတ်ပြီး ထွက်ပြေး သွားခဲ့ခြ င်းဖြစ်သည်။

“ဒီနယ်မြေမှာ ရဲတွေရှိလို့ ဒီအဖွဲ့တွေ ဒီရွာကို ဆက်ကြေးလာကောက် လို့မရဘူး။ အဲ့ဒါကြောင့် လာချောင်းပစ်တာနေမှာ” ဟု ကုန်းသာကျေးရွာမှ စီးပွားရေးလုပ်ကိုင်နေသူ တစ်ဦးက ပြောသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သီပေါမြို့နယ် ရဲမှူးတစ်ဦးအား မေးမြန်းရာ “RCSS/SSA အဖွဲ့က လာပစ်တာဖြစ်နိုင်တယ်။ ကျွန်တော်တို့က ဒီမှ နယ်မြေလုံခြုံရေးယူနေတော့ သူတို့အဖွဲ့တွေ ဆက်ကြေးကောက် လို့မရ ဘူးလေ။ အဲ့ဒါကြောင့် ရုတ်တရက်လာပစ်ပြီး ထွက်ပြေး သွား တာ ဖြစ်နိုင် တယ်” ဟု ဆိုသည်။
RCSS/SSA အဖွဲ့သည် ကျေးရွာများနှင့် စီးပွားရေး လုပ်ငန်းရှင်များထံမှ မကြာခဏ ဆက်ကြေးကောက်ခံမှုများ ရှိနေပြီး ဆက်ကြေးကောက်ခံ ၍မရသော နေရာများတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော အဖွဲ့ငယ် များအား လာရောက်ပစ်ခတ်တတ်ေ ကြာင်း ဒေသခံရွာသား တစ်ဦးမှ ပြောကြားသည်။
စိုင်းဆန်

No comments:

Post a Comment