Wednesday, February 4, 2015

ဒေါက်တာသိန်းလွင်တစ်ယောက် NLD ပါတီ၏ အသုံးချခံ ဖြစ်နေပြီလား?

အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ကျောင်းသားထု၊ အစိုးရ၊ လွှတ်တော်နှင့် ပညာရေး ဌာနအကြား ထိပ်တိုက်တွေ့ဆုံဆွေးနွေးခဲ့စဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဗဟိုအလုပ် အမှုဆောင်ဖြစ်သူ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ယက် (NNER) ဥက္ကဌ ဒေါက်တာသိန်းလွင်အပေါ် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးတွင် ဦးဆောင်ပါဝင်ခဲ့သဖြင့် အဖွဲ့ချုပ်၏ သဘောထားကို ကြိုတင်မေးမြန်း ခြင်းမရှိဘဲ မိမိသဘောထားတစ်ခုတည်းနှင့် တက်ရောက်သည်ဟုဆိုကာ NLD ပါတီမှ ပါတီစည်းကမ်းနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဆိုကာ ဖေဖော်ဝါရီလ ၂ ရက်နေ့က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။

ထိုသို့ NLD ပါတီ၏ ထုတ်ပြန်ချက်အပေါ် ကျောင်းသားထုများ ပါဝင်ဖွဲ့စည်း ထားသော ဒီမိုကရေစီ ပညာရေး ဦးဆောင်လှုပ်ရှားမှု ကော်မတီမှလည်း NLD ပါတီအနေဖြင့် ထိုသို့ လေးပွင့်ဆိုင်ဆွေးနွေးမှုအပေါ် နှောင့်နှေး စေသည့် အပြုအမှုသဘော သက်ရောက်စေသည့် သွယ်ဝိုက်သောနည်းဖြင့် အချိန်ကိုက် ထုတ်ပြန်ခြင်းအပေါ် ရူပ်ချကြောင်း ပြန်လည်၍ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သလို NNER မှလည်း `ယခုကဲ့သို ဦးသိန်းလွင်အား အရေးယူမည် ဖြစ်ကြောင်း ထုတ်ပြန်သည့်အပေါ် နားမလည် နိုင်ကြောင်း၊ NLD ပါတီသည် ကျောင်းသားများ၏ ဒီမိုကရေစီပညာရေးလှုပ်ရှားမှုကို သဘောမတူ၍ ထိုသို့ ပြုလုပ်ခြင်း များလား´ဆိုသည့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။
သံဃာတော်တွေကို စော်ကားခဲ့တဲ့ ဦးထင်လင်းဦးတုန်းကလည်း NLD ပါတီရဲ့ ထိုးကျွေးတာကို ခံခဲ့ရတာ ဖြစ်ပါ တယ်။ ဒါက NLD ပါတီရဲ့ စီမံချက်ထဲမှာကိုက သံဃာသင်းကွဲရေးမှု ပါနေတဲ့အတွက်ကြောင့် အရေးကြုံ လာတော့ ခေါင်းရှောင် ခဲ့တာ မဆန်းဖူးလို့ပဲ ဆိုချင်ပါတယ်။ အခုလည်း ဦးသိန်းလွင်တစ်ယောက် NLD ပါတီရဲ့ ထိုးကျွေးခြင်း ကို ခံလိုက်ရပြန်ပါပြီ။
NLD ပါတီအနေဖြင့် ကျောင်းသားကို ရှေ့ကထား (၀ါ) အသုံးချပြီး လက်ရှိအစိုးရကို ဆန့်ကျင်နိုင် မလားဆိုပြီး စမ်းကြည့်ခဲ့တယ်။ 
ကျောင်းသားထု နိုင်ငံရေးစင်မြင့်ပေါ်ကို တက်လှမ်းနိုင်ဖို့ နောက်ကနေ မျှောလိုက်လာခဲ့တယ်။ အခုမှ အရှိန်ရခါစဆိုတော့ နိုင်ငံရေးပါး ၀ ပြီးသားဖြစ်နေတဲ့ NLD၊ ၈၈ နှင့် နိုင်ငံရေးသမားဖြစ်ချင်သူ ကျောင်းသား တွေကြား မကွဲပြားသေးပဲ ရှိနေခဲ့တာပါ။ အခုလို ကျောင်းသား အဖွဲ့တွေ စည်းလုံးသွားတော့ အောင်မြင်သွားတော့ အသုံးချချင်တိုင်း အသုံးချလို့ မရတော့ စပြီး ကွဲကြပြဲကြ ဖြစ်လာချိန်မှာ ဦးသိန်းလွင်တစ်ယောက် ဓားစာခံ ဖြစ်သွားရတာပါ။

တကယ်တော့ ကျောင်းသားဆိုတာက ကျော်ကြားချင်ကြတယ်။ အောင်မြင်ချင်ကြတယ်။ နိုင်ငံရေးသမား ဆိုတာက နှမ်းဖြူးတတ်တယ်။ လိုရင်သုံးတယ် မလိုရင် ကန်ထုတ်ပစ်တတ်တယ်။ လူပါးဝတယ်။ စရိုက်ခြင်း လုံးဝကို မတူပါဘူး။ ပေါင်းရရင်လည်း ခဏပါပဲ။ နောက်တော့ ရေနဲ့ဆီရောသလို ဖြစ်သွားမှာပါ။
တကယ်တော့ NLD ဆိုတာကလည်း ကျောင်းသားအလံကို ခိုးထားပြီး ပါတီအလံနဲ့ ပုံမှားရိုက်ထားတဲ့ အလံခိုး ပါတီတစ်ခုဖြစ်ပြီး ကျောင်းသားအရေးမှာ အသုံးချခြင်သလို အသုံးချပြီး ပြဿနာတက်လာမယ့် အခြေအနေမျိုး ဖြစ်လာပြီဆိုလျှင် ရှောင်ထွက်သွားပြီး ဦးဆောင်နေတဲ့သူက ကိုယ့်ပါတီ NLD က လူဖြစ်ရင်တောင် ချိုးထုတ် ဖဲ့ထုတ်ပစ်ခဲ့တာ သာဓကတွေ ရှိခဲ့ပါတယ်။
ကိုယ့်လူအချင်းချင်းတောင် သစ္စာမရှိ၊ တာဝန်ခံလိုမှုမရှိဘဲ ကုလားကိစ္စကလွဲပြီး ဘာမှတာဝန်မယူချင်တဲ့ ပါတီက တိုင်းပြည်နဲ့လူမျိုးအတွက် တာဝန်ခံပေးနိုင်၊ သစ္စာရှိနိုင်ပါ့မလားဆိုတာ ပြည်သူတွေကို သိစေချင်ပါသည်။
မျိုးမင်းထွန်း
Credit >>> Shwenaingan

No comments:

Post a Comment