Wednesday, February 4, 2015

RCSS/SSA တပ်ဖွဲ့ဝင်များ စားနပ်ရိက္ခာမလုံလောက်သောကြောင့် ဒေသခံများ ထံ အတင်းအကြပ်တောင်းခံ



ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ လွယ်တိုင်းလျှံဌာနချုပ် မှ နောင်တော်လောကျေးရွာသို့ သွားလာ လှုပ်ရှားနေသော ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော် (RCSS/SSA)အဖွဲ့သည် စားနပ် ရိက္ခာ ကြပ်တည်းနေသောကြောင့် တာဟွေအွန်းကူးတို့ ဆိပ်ရှိ ဒေသခံများထံ အတင်းအကြပ် တောင်းခံသွားကြောင်း သတင်းရရှိသည်။
အဆိုပါ အဖွဲ့သည် လွယ်တိုင်းလျှံဌာနချုပ်မှ ထွက်လာပြီး နောင်ေ တ်ာလောကျေး ရွာ သို့ ရောက်ရှိလာပြီး လမ်းတွေ စားနပ်ရိက္ခာ အခက်အခဲရှိလာသောေ ကြာင့် ဖေဖော်ဝါရီလ ၃ ရက်နေ့ မနက်၌ တာဟွေအွန်းကူးတို့ဆိပ်ရှိ ဆိုင်များ တွင် ဆန်နှင့်ဆီများ တောင်းခံသွားကြောင်း သိရှိရပါသည်။

“အရင်တုန်းက သူတို့တွေ ရောက်လာရင် ဘယ်ဆိုင်က ဘာပေး၊ ဘယ်အိမ်က ဘာပေးဆိုပြီး အတင်းတောင်းတာ။ အခုအဖွဲ့က အဲ့လိုမဟုတ်ဘူး။ သူတို့ စားရေးသောက်ရေး အခက်အခဲဖြစ်နေလို့ပါဆိုပြီး အကူအညီတောင်းတဲ့ သဘောမျိုးပါ။ ဒါမျိုးပေးရတာ စိတ်အနှောင့်အယှက်မဖြစ်ဘူး” ဟု ယင်းကူးတို့ ဆိပ်ရှိ ဆိုင်ပိုင်ရှင်တစ်ဦးမှ ပြောသည်။
RCSS/SSA အဖွဲ့သည် ဇန်န၀ါရီလ ၃၁ ရက်နေ့ ညပိုင်းတွင် ၀မ်ဆစ်ကျေးရွာ၌ ဆက်ကြေးများ လာရောက်ကောက်ခံ သွားခဲ့ကြောင်း သိရှိရသည်။
“ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကပဲ ၀မ်ဆစ်ရွာဘက်မှာ ဆက်ကြေးအတင်း အကြပ်ေ ကာက်သွားတယ် ကြားတယ်။ ဒီမှာ တော့ အကူအညီတောင်းတဲ့ သဘော နဲ့ တောင်းသွားတာ။ ကျွန်တော့်ဆိုင်ကနေ ဆန် ၅ ပြည်ပေးလိုက်တယ်” ဟု အဆိုပါ ဆိုင်ပိုင်ရှင်မှ ဆက်လက် ပြောကြားသွားသည်။
စိုင်းဆန်

No comments:

Post a Comment