Thursday, February 5, 2015

လေယာဉ်မှူး Selfies အရိုက်ကောင်းသဖြင့် လေယာဉ်ပျက်ကျ

ကော်လိုရာဒိုပြည်နယ်ရှိ ဒင် ဗာမြစ်အနီးတွင် ၂ဝ၁၄ခုနှစ် မေ လထဲ၌ လေယာဉ်တစ်စင်းပျက်ကျ ရာ အသက် ၂၉နှစ်ရှိ လေယာဉ် မှူး သေဆုံးသွားကြောင်း အမျိုးသား သယ်ယူပို့ဆောင်ရေးလုံခြုံမှုအဖွဲ့မှ စုံစမ်းစစ်ဆေးသူများက လွန်ခဲ့သော သီတင်းပတ်၌ ထုတ်ပြန်သည့်သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။
လေယာဉ်မှူးအမ်ရိ(ထ်) ပယ်လ်ဆင်လ် မောင်းနှင်သည့် လေယာဉ် Cessna 150 သည် မေ ၃၁ ရက်၌ ပေ ၇၄ဝ အမြင့်မှ ကော်လိုရာဒို ပြည်နယ်၊ ဝပ်(ထ်)ကင်စ်ရှိ ကွင်းပြင် သို့ ထိုးစိုက်ကျသွားရာ လေယာဉ် မှူးအမ်ရိ(ထ်)ပယ်လ်ဆင်လ်နှင့် သူ၏ ခရီးသည် သေဆုံးသွားခဲ့သည်။

''လေယာဉ်မောင်းနေတုန်း ဖုန်း နဲ့ Selfies ပုံရိုက်တဲ့အတွက် လေ ယာဉ်မှူးဟာ အာရုံထွေပြားသွားပြီး လေယာဉ်ဘယ်နေရာရောက်လို့ရောက် မှန်းမသိ၊ အကွာအဝေးဘယ်လောက် ရောက်လို့ရောက်မှန်းမသိဖြစ်ပြီးတော့ နောက်ဆုံးလေယာဉ်ကို မထိန်းနိုင် မသိမ်းနိုင်ဖြစ်သွားပုံရပါတယ်''ဟု ဇန်နဝါရီ ၃ဝရက်သတင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
လေယာဉ်သည်ရှေ့တိုး နောက် ငင်နှစ်ကြိမ်ဖြစ်ပြီး ဘေးကင်းစွာဆင်း နိုင်သော ပျံသန်းမှုပုံစံသို့ ပြန်ရောက် သေးသော်လည်း တစ်စက္ကန့်အကြာ တွင် လေယာဉ်သည် ထိုးစိုက်ကျ သွားသည်ဟု စုံစမ်းစစ်ဆေးသူများ က ဆိုသည်။
ပထမပျံသန်းစဉ် Cessna လေ ယာဉ်သည် ချောမွေ့စွာဆင်းသက် နိုင်ခဲ့ရာ ဆင်လ် နှင့်သူ၏ ခရီးသည်တို့ က ဖုန်းဖြင့် မိမိတို့ဘာသာမိမိတို့ ဓာတ်ပုံ (Selfies) ရိုက်ခဲ့ကြသည်ကို ဗီ ဒီယိုတွင် တွေ့ရကြောင်း၊ ဒုတိယအ ကြိမ်တွင်မူ လေယာဉ်ထိုးစိုက်ကျ သွားသည်ကို ဗီဒီယိုတွင် တွေ့ရကြောင်း စုံစမ်းစစ်ဆေးသူများကဆိုသည်။ လေယာဉ်ပျံသန်းမှုကို Gopro ဗီဒီ ယိုမှတ်တမ်း ရိုက်ယူထားသည်။
ဒုတိယအကြိမ်ပျံသန်းရာတွင် Cessna လေယာဉ်သည် အမြင့်ပေ ၇၄ဝ အထိရောက်ပြီး လေယာဉ်ကို လက်ဝဲဘက်သို့ ရုတ်တရက်ချိုးအကွေ့ တွင် ထိုးစိုက်ကျသွားရာ လေယာဉ် မှူးဆင်လ် နှင့် သူ၏ခရီးသည်တို့သေဆုံး သွားကြောင်း၊ လေယာဉ်မှာလည်း ပျက်စီးသွားကြောင်း စုံစမ်းစစ်ဆေး သူများက ဆိုသည်။
လေယာဉ်ပျံသန်းနေစဉ် ဖုန်း ဖြင့် Selfies ပုံရိုက်နေသည့်အတွက် အာရုံထွေပြားပြီး လေယာဉ်ကို မ ထိန်းနိုင်မသိမ်းနိုင်ဖြစ်ကာ လေ ယာဉ်ပျက်ကျရခြင်းဖြစ်သည်ဟု လေ့ လာတွေ့ရှိချက် အစီရင်ခံစာတွင် ရေးသားဖော်ပြထားသည်။
ဆင်လ် သည် သူ၏ ခရီးသည်တစ် ဦးနှင့်အတူ ညပိုင်း၌လေယာဉ်ကို ကောင်းစွာမောင်းနှင်နိုင်ခဲ့ကြောင်း၊ လေယာဉ်မှာ စက်ပိုင်းချွတ်ယွင်းမှု တစ်စုံတစ်ရာမတွေ့ရကြောင်း စုံစမ်း စစ်ဆေးသူများက ဖော်ပြထားသည်။
Ref: Reuters
Democracytoday
Yangon Media Group

No comments:

Post a Comment