Monday, March 16, 2015

အိန္ဒိယ ရေတပ် သင်္ဘောနှစ်စင်း ရန်ကုန်သို့ လာရောက်မည်

အိန္ဒိယနိုင်ငံ ရေတပ်မှ Saryu နှင့် Battimalv သင်္ဘောနှစ်စင်း မတ် ၁၆ မှ ၁၈ ရက်တွင် ရန်ကုန်သို့ ရောက်ရှိမည် ဟု မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက သတင်းထုတ်ပြန်သည်။
ပုံမှန်လေ့ကျင့်မှုများအတွက် ရန်ကုန်သို့ ယင်းသင်္ဘောများ လာရောက်ခြင်း ဖြစ်သည်။ Saryu သင်္ဘောသည် ကမ်းလွန်ကင်းလှည့် သင်္ဘောဖြစ်ပြီး အိန္ဒိယနိုင်ငံ ဂိုယာသင်္ဘောကျင်းတွင် တည်ဆောက်သည့် အိန္ဒိယရေတပ်၏ နောက်ဆုံး ကင်းလှည့်သင်္ဘော ဖြစ်သည်။

ရေပြင်လုံခြုံရေးဆောင်ရွက်သည့် ယင်းသင်္ဘောသည် ရေမိုင် ၃၅၀၀ ကျော်အထိ လုပ်ငန်းဆောင် ရွက်နိုင်ပြီး အမြန်နှုန်းမြင့်မောင်းနှင်နိုင်သည့် ဒီဇယ်အင်ဂျင်တပ် သင်္ဘော ဖြစ်သည်။ သင်္ဘောပေါ်တွင် ရဟတ် ယာဉ် ကိုလည်း တင်ဆောင်နိုင်အောင် ဒီဇိုင်းဆွဲတည်ဆောက်ထားသည်။ INS Battimalv သင်္ဘောမှာ ကင်းလှည့်ရေယာဉ်အဖြစ် ဒီဇိုင်းဆင် တည်ဆောက်ထားခြင်းဖြစ်ပြီး ရှာဖွေရေး၊ ကယ်ဆယ်ရေးနှင့် ရေယာဉ်ငယ် များနောက် လိုက်လံဖမ်းဆီးရေးတို့ကို လုပ်ဆောင်နိုင်သည်ဟု ဆိုသည်။
ရန်ကုန်တွင် ဆိုက်ကပ်စဉ် အကြီးတန်းအရာရှိ၊ ကွပ်ကဲရေးအရာရှိနှင့် အမှုထမ်းများက မြန်မာ့ရေတပ်မှ တာဝန်ရှိသူများနှင့် ဒေသအာဏာပိုင်များနှင့် တွေ့ဆုံမည်ဖြစ်သည်။ ယင်းသင်္ဘော မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် အခြားသောလူမှုရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်မည်ဟု သတင်းထုတ်ပြန်ထားသည်။
Mizzima - News in Burmese

No comments:

Post a Comment