Monday, March 16, 2015

အိမ်ထောင်ထပ်မပြုတော့ဘူးလို့ဆိုလာတဲ့ ခိုင်နှင်းဝေ


သရုပ်ဆောင် ခိုင်နှင်းဝေက တစ်ယောက်တည်းနေရသည့်ဘ၀ကို ပိုနှစ်သက်သဖြင့် အိမ်ထောင်ထပ်ပြုရန် အစီအစဉ်မရှိတော့ဟု ဆိုသည်။
“အစ်မ တစ်ယောက်တည်း နေသွားတော့မှာပါ။ အစ်မအခုအလုပ်က အာရုံစူးစိုက်ပြီးတော့ လုပ်ရတာ။ တစ် ယောက်တည်းနေရတဲ့ဘဝကို ကြိုက်တယ်”ဟု သရုပ်ဆောင်ခိုင်နှင်းဝေကပြောသည်။

သရုပ်ဆောင်ခိုင်နှင်းဝေသည် လက်ရှိတွင် “တစ္ဆေပုံပြင်”ဆိုသည့် ဗီဒီယိုဇာတ်ကားကို ဖြိုးငွေစိုး၊ ထားထက်ထက် တို့နှင့် ရိုက်ကူးနေပြီး သူနာပြုဆရာမတစ်ဦး အနေဖြင့် သရုပ်ဆောင်ထားကြောင်း သိရသည်။
“ငယ်ရွယ်တုန်းကတော့ မင်းသားနဲ့တွဲမယ်ဆိုရင် မင်းသမီးပေါ့နော်။ အခုချိန်မှာ မင်းသားနဲ့တွဲတာ မတွဲတာထက် မင်းသားအဒေါ်အခန်းလည်း ရိုက်ရမယ်။ အမေအခန်းလည်း ရိုက်ရမယ်။ အစ်မ ဇာတ်ရုပ်လည်း ရိုက်ရမယ်။ ကိုယ့် ဇာတ်ရုပ်က တစ်ကားလုံး မိန်းကာရိုက်တာ လုပ်ခွင့်ရတယ်။ လုပ်ခွင့်ရတဲ့အပေါ်မှာ အစ်မကြိုးစားခွင့် ရတဲ့အတွက် အားရပါတယ်”ဟု ၎င်းကပြောသည်။
၎င်းအနေဖြင့် ဇာတ်ရုပ်ကိုအကောင်းဆုံးဖြစ်အောင် ကြိုးစားထားပြီး အနုပညာဆိုသည်မှာ အမြဲတမ်းပြည့်ဝသွား သည်ဟုမရှိကြောင်း ၎င်းက ဆိုသည်။
“သွေးနေတဲ့ဓားက ထက်မှာပဲ။ အမြဲတမ်းသွေးနေမှ ဒီဓားကထက်မှာပါ။ ဒီဓားကို မသွေးတော့ဘူး ဆိုရင် ဓားတုံး သွားမှာပဲ။ အစ်မတို့အနုပညာလုပ်ငန်းဆိုတာကလည်း အမြဲတမ်းကြိုးစားနေမှရမှာပါ။ ပြည့်ဝသွားတယ်ဆိုတာ မရှိပါဘူး။ အားရတယ်ဆိုတာက လုပ်ကွက်ရတယ်လို့ ပြောတာပါ။”ဟု ၄င်းက ပြောသည်။
၎င်း၏ အသက်အရွယ်အရ ဇာတ်လမ်းများကို ကာရိုက်တာရွေးချယ်မှုရှိသော်လည်း လက်ရှိအချိန် ရိုက်ကူးရေးလုပ်ငန်းများ၌ အားရမှုရှိကြောင်း ခိုင်နှင်းဝေက ဆက်ပြောသည်။
“ကိုယ့်အသက်အရွယ်အရ ကာရိုက်တာရွေးချယ်မှုအပိုင်းကတော့ရှိပါတယ်။ ဒါကတော့သူ့နေရာနဲ့သူ လိုက်သွား တာပဲ။ ငယ်ရွယ်တုန်းကလည်း သူနေရာသူ အသက်အရွယ်နဲ့လိုက်သွားတယ်။ ဒီအသက်အရွယ်ကျတော့လည်း အိုင်တင်ဘက်ကိုဦးစားပေးပြီး ငှားလာကြတာပေါ့နော်။ ဒါပေမယ့် အခုအချိန်ဇာတ်ကားတွေ ရိုက်ရတာ ပိုပြီး အားရတယ်”ဟု ခိုင်နှင်းဝေက ပြောသည်။
ခိုင်နှင်းဝေသည် ၁၉၉၉ ခုနှစ်ခန့်မှစတင်ကာ အနုပညာလောကတွင်းသို့ စတင်ဝင်ရောက်လာခြင်းဖြစ်ပြီး “ဆန်ရေ”ဆိုသည့် ရုပ်ရှင်ဇာတ်ကားကြီး၌ ခေါင်းဆောင်မင်းသမီးနေရာတွင် သရုပ်ဆောင်ခဲ့ရာမှ ပရိသတ်အားပေးမှု ရရှိလာခဲ့သူလည်းဖြစ်သည်။
ရဲရင့်မင်းခန့်(မြစ်မခ)

No comments:

Post a Comment