Monday, March 9, 2015

ကျောင်းသားသပိတ်က ကျောင်းသားအားလုံးဆန္ဒလား ??

ဒီမိုကရေစီပညာရေးဥပဒေဆိုတဲ့ ကြွေးကြော်သံတွေနဲ့ အခုပြုလုပ်နေတဲ့ ကျောင်းသားသပိတ်နဲ့ပတ်သက်ပြီး ဒီသပိတ် ဟာ မြန်မာနိုင်ငံတစ်ဝှမ်း လုံးမှာရှိတဲ့ ကျောင်းသားအားလုံးကို ကိုယ်စားပြုသလား။
ကျောင်းသားအားလုံးဆန္ဒနဲ့ပြုလုပ်တဲ့ ကျောင်းသားသပိတ်လားဆိုတဲ့ မေးခွန်းတွေအများကြီးထွက်လာပါတယ်။ ကျွန်တော်ကိုယ်တိုင် ရန်ကုန်စီးပွားရေးတက္ကသိုလ် (YIE) က တတိယနှစ်ကျောင်းသားပါ။ ပထမတစ်ခေါက်တုန်းကလည်း ဇေယျာလွင်တို့အဖွဲ့တွေ (YIE) က ဆရာမကို ရိုင်းရိုင်းစိုင်းစိုင်းတွေပြောပြီး အွန်လိုင်းမှာ ယုတ်မာစွာဝါဒဖြန့်လို့ ကျွန်တော်စာတစ်ပုဒ်ရေးဘူးပါတယ်။ အခုလဲ ဒီသပိတ်ဟာ ကျောင်းသားအားလုံးရဲ့ဆန္ဒလား၊ ကျောင်းသားတွေကို ကိုယ်စားပြုသလားဆိုတာကို အချက်ကျကျပြော ပြချင်ပါတယ်။

မြန်မာနိုင်ငံမှာ ပြည်နယ်နှင့်တိုင်း (၁၄) ခုရှိပါတယ်။
အဲဒီပြည်နယ်တိုင်းတွေမှာရှိတဲ့ တက္ကသိုလ်၊ ကောလိပ်ပေါင်း (၁၄၄) ခုရှိပါတယ်။ အခြေခံပညာကျောင်း ထောင်ချီပြီးရှိပါတယ်။ အဲဒီကျောင်းတွေမှာ စာသင်နေတဲ့ ကျောင်းသားကျောင်းသူ ပေါင်း သန်းနဲ့ချီပြီးရှိပါတယ်။ အခုကျောင်းသားသပိတ်ဟာ အဲဒီသန်းနဲ့ချီတဲ့ ကျောင်းသားကျောင်းသူတွေရဲ့ဆန္ဒလား၊ သူတို့အားလုံးကို ကိုယ်စားပြုသလားဆိုတာ အရင်ဆုံးမေးခွန်းထုတ်ချင်ပါတယ်။
တွက်ကြည့်မယ်ဆိုရင် ပင်မသပိတ်စစ်ကြောင်းမှာ ကျောင်းသားစစ်စစ် ၁၀၀ခန့်၊ ဧရာဝတီမှာ ၆၀ ၀န်းကျင်၊ ထားဝယ်မှာ ၅၀ ပတ်လည်၊ မြေလတ်က ၆၀ ခန့်၊ မနေ့တစ်နေ့ကစလာတဲ့ ရှမ်း/ကယားဆိုတဲ့အဖွဲ့က ၁၀ ယောက်မပြည့်၊ တခြား ရန်ကုန်၊ ပြည်၊ စစ်ကိုင်း စုပေါင်းစပ်ပေါင်း ၁၀၀ ခန့်။ ဒါတွေအားလုံးတင်းပြည့်ကျပ်ပြည့် ပေါင်းလို့ ၅၀၀ မပြည့်တဲ့ ကျောင်းသားတွေက တစ်နိုင်ငံလုံး သန်းနဲ့ချီရှိတဲ့ ကျောင်းသားအားလုံးကို ကိုယ်စားပြုသတဲ့လားဖြေကြစမ်းပါအုံး။ တစ်နိုင်ငံလုံးကျောင်းသားမဆိုနဲ့ ကျုပ်တို့ YIE က တတိယနှစ် လူဦးရေလောက်တောင်မရှိဘဲ ကျောင်းသားအားလုံး ဆန္ဒဆိုပြီးကြီးကြီးကျယ်ကျယ်ပြောနေတာကိုကြည့်ပြီး တော်တော်အောဂလီဆန်တယ်။ ဒီတော့ လက်တစ်ဆုပ်စာ ကျောင်း သားလောက် နဲ့ သပိတ်လုပ်ချင်ရင် ကျောင်းသားသပိတ်ဆိုတဲ့ နာမည် မတပ်ပါနဲ့ ကျောင်းသားအားလုံးနဲ့ ဒီသပိတ်နဲ့ မဆိုင်ဘူးဆိုတာ မှတ်ထား ပါလို့ပဲပြောချင်တယ်။
ရဲရင့်နိုင် ( YIE)
နေ့စဉ်သတင်း

No comments:

Post a Comment