Sunday, March 22, 2015

ရင်သားအောက် ဓာတ်ပုံမရိုက်ရ

ထိုင်းနိုင်ငံမှာ အမျိုးသမီးများအနေဖြင့် ရင်သားအောက်ဓာတ်ပုံရိုက်ကာ လူမှုမီဒီယာကွန်ရက်ပေါ် တင်နေ ခြင်းကို မပြုလုပ်ရန် သက်ဆိုင်ရာအစိုးရအာဏာပိုင်များကသတိပေးမှုများပြုလုပ်ထားတယ်လို့သိရပါတယ်။
အဆိုပါအမျိုးသမီးများရဲ့ ရင် သားအောက်ဓာတ်ပုံများကို လူမှုမီဒီယာ ပေါ်တင်နေတဲ့ အပြုအမူများဟာ ကွန်ပျူ တာပြစ်မှုဆိုင်ရာ ဥပဒေကို ချိုးဖောက်ရာ ရောက်တယ်လို့ အာဏာပိုင်များက ပြော ဆိုခဲ့ပြီးမှာတော့ ယခုလို သတိပေးမှုများပြု လုပ်ခဲ့ရခြင်းဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ၂ဝဝ၇ခုနှစ် ကွန် ပျူတာပြစ်မှုဆိုင်ရာ အက်ဥပဒေမှာ နိုင်ငံရဲ့ လုံခြုံရေး၊ ပြည်သူလူထုများကို ထိတ်လန့် စေမှုနဲ့ ကွန်ပျူတာ အချက်အလက်များဖြင့် မဖွယ်မရာပြုလုပ်မှုကို တားမြစ်ထားတယ် လို့ သိရပါ တယ်။

ထိုင်းယဉ်ကျေးမှုဝန်ကြီးဌာနက လူမှုမီဒီယာပေါ်တွင် တစ်ကိုယ်လုံးဖော် ဓာတ် ပုံများကိုတင်ပါက ထောင် ဒဏ် ငါးနှစ် အထိ ချမှတ်သွားမယ်လို့ သိရပါတယ်။

ယခုလို လူမှုမီဒီယာပေါ်မှာ ရင်သားအောက်ပိုင်း ဓာတ်ပုံတွေကို တင်တဲ့သူတွေရဲ့မျက်နှာကို ကျွန်တော်တို့ မသိရပါဘူး။ တကယ်လို့ တစ်ကိုယ်လုံးဖော်ထားတဲ့ပုံတင်ပါက ထောင် ဒဏ်ငါးနှစ်အထိ ချမှတ်သွားမယ်လို့ ယဉ် ကျေးမှုဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ Anandha Chouchoti က ပြောဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ ဗီဒီယို၊ ရုပ်ရှင်တွေ အပ်ါမှာ ဆင်ဆာတင်းကျပ်ထားမှုအပေါ် ယဉ်ကျေးမှုဝန်ကြီးဌာနကို ဝေဖန်မှု များရှိ နေတယ်လို့ သိရပါတယ်။

Ref: Daily Mirror
Yangon Media Group

No comments:

Post a Comment