Sunday, March 22, 2015

မူဆယ်ရှိမြို့ရှိ ဘဏ်များအား KIAမှ ဆွေးနွေးရန် စာများပေးပို့ထားဟုဆို

မူဆယ်မြို့ရှိအစိုးရဘဏ်အပါအ၀င် ပုဂ္ဂလိကဘဏ်အားလုံးအား နှင့်တွေ့ဆုံ ဆွေးနွေးရန်အတွက် ဖုန်းပြန် ဆက်ပေးရန် KIA က မတ်လ ၂၀ ရက်နေ့ မနက်ပိုင်းတွင်စာပေးပို့ထားကြောင်း မူဆယ်မြို့ရှိဘဏ် များမှ တာဝန်ရှိသူများက မတ်လ ၂၀ရက်နေ့တွင် Oriental News သို့အတည်ပြုပြော ဆိုသည်။

“မနက်ပိုင်းလောက်မှာဘဏ်တိုင်းကိုစာပို့တယ်။တချို့ဘဏ်တွေ ကိုတော့ ဒီအတိုင်းလာပြီးစာပစ်ပေး သွား တယ်။ ဒီကိစ္စကမနက်ကလောက်မှစဖြစ်တာ။ “ဟု မှုဆယ်မြို့ရှိ ဘဏ်တစ်ခုမှ အမည်မဖော်လိုသူ တစ်ဦးကပြောသည်။

KIA တပ် ဘက်မှလာရောက်၍စာပေးပို့ခြင်းသည် မှန်ကန်ကြောင်း၊ ထိုသို့လာရောက်ပေးပို့ရာတွင် စာများကို ဘဏ်အတွင်းအထိ ၀င်ရောက်ပေးမှုများလည်းရှိပြီးအဆိုပါစာများ အား အစိုးရ သတင်းတပ်ဖွဲ့များ မှလာရောက်သိမ်းဆည်းသွားကြောင်းမူဆယ်မြို့ရှိ ဘဏ် ၀န်ထမ်း တစ်ဦးကပြောသည်။

“ဘဏ်အားလုံးကို KIAဘက်က စာလာပို့တယ်ဆိုတာဟုတ်ပါတယ်။ အရင်ကလည်းအလိုဖြစ်စဉ်ဖြစ်ခဲ့ဖူး ပါတယ်။ဒါကဒုတိယအကြိမ်လို့ ပြောလို့ရပါတယ်။”ဟုဘဏ်လုပ်ငန်းများနှင့်နီးစပ်သည့်ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့စာပေးပို့ထားသော်လည်း မူဆယ်မြို့ရှိဘဏ်များမှာ ပုံမှန်အတိုင်း လည်ပတ်နေကြောင်း သို့သော် လုံခြုံရေးအားယခင်ကထက် တိုးမြှင့်ချထားကြောင်းမူဆယ်မြို့မရဲစခန်း ရဲအုပ်ကံဆိုင်းက ပြောသည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ KIA ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးအား Oriental News က အကြိမ်ကြိမ် ဖုန်းဆက်မေးမြန်း ခဲ့ရာဖုန်းဝင်သော် လည်းတစ်စုံတရာ ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

နောင်လေး၊ အောင်ထူးနိုင် ( Oriental News )
Credit >>> Kachin Daily News

No comments:

Post a Comment