Thursday, March 5, 2015

တောင်ကိုရီးယားတွင် အမေရိကန်သံအမတ် ဓါးဖြင့်တိုက်ခိုက်ခံရ


တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် မာခ်လစ်ပတ်သည် မတ်လ ၅ ရက် နံနက်ပိုင်းတွင် ဆိုးလ်မြို့၌ ဓားကိုင်ဆောင်သူ တစ်ဦး၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။ အမေရိကန်သံမတ်သည် နံနက်ပိုင်း စာသင် ချိန်သို့ သွားရောက်ရာလမ်းတွင် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်များ၏ ပြောကြားချက်အရ သင်တုန်းဓားဖြင့် မျက်နှာအနီးသို့ တိုက်ခိုက်သွားခြင်းဖြစ်ပြီး ယင်းဒဏ်ရာသည် အသက်အန္တရာယ်မစိုးရကြောင်း သိရသည်။အသက် ၄၂ နှစ်ရှိပြီ ဖြစ်သည့် အမေရိကန်သံအမတ်ကို အနီးရှိ ဆေးရုံသို့ ချက်ချင်းခေါ်ဆောင်သွားခဲ့ပြီး မသင်္ကာသူတစ်ဦးကို ဖမ်းဆီးထားသည်။



အမေရိကန်ပြည်ထောင်စုကလည်း ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ ချက်ချင်းသတင်းထုတ်ပြန်ခဲ့သည်။ ယင်းသတင်းထုတ်ပြန်ချက်တွင် ဆိုးလ်မြို့ရှိ အမေရိကန်သံရုံးအနေဖြင့် တိုက်ခိုက်သူကို ဒေသအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး လတ်တလောတွင်အသေးစိတ် သတင်းထုတ်ပြန်ရန် မရှိကြောင်း ဖော်ပြခဲ့သည်။

Mizzima

No comments:

Post a Comment