Tuesday, March 24, 2015

မြို့နယ်စည်ပင်နှင့် အင်ဂျင်နီယာရုံးများတွင် ကန်ထရိုက်ဆောက်ခွင့် လျှောက်နိုင်ပြီ


ကန်ထရိုက် ဆောက်လုပ်ခွင့် လျှောက်ထားမှုကို မြို့တော်ခန်းမ တွင်သာမက သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးနှင့် တာဝန်ခံ အင်ဂျင်နီယာရုံးများတွင် ဧပြီလ ၂ ရက်နေ့မှ စတင်လျှောက်ထားနိုင် တော့မည်ဖြစ်ကြောင်း သိရသည်။

''ရုံးလာစရာ မလိုတော့ဘဲ လက်ခံ ပုံစံအတိုင်း မြို့နယ်ရုံးမှာ သွားတင်လိုက်ရုံပဲ'' ဟု ရန်ကုန်မြို့ တော် စည်ပင်သာယာ အင်ဂျင်နီ ယာ (အဆောက်အအုံ) ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စည်ပင် မြို့နယ်တာဝန်ခံ အင်ဂျင်နီယာ ရုံးများတွင် အပတ် စဉ် အင်္ဂါနေ့နှင့် ကြာသပတေး နေ့ များတွင်လည်းကောင်း၊ ရန်ကုန်မြို့ တော်ခန်းမတွင်တနင်္လာနေ့၊ဗုဒ္ဓဟူး နေ့နှင့်သောကြာနေ့များတွင်လည်း ကောင်း၊ နံနက် ၁ဝ နာရီမှ မွန်းလွဲ ၂ နာရီအထိ လာရောက်လျှောက် ထားနိုင်ကြောင်း ၄င်းကပြောသည်။

မြို့တော်ခန်းမ၌ ဆောက်လုပ် ထားခွင့် အမှုတွဲများ လာရောက် တင်ပြရာတွင် သွားလာရေး အခက်အခဲများ ရှိသဖြင့် အဆင် ပြေစေရန် ရည်ရွယ်၍ ဆောင်ရွက် ခြင်း ဖြစ်ကြောင်း ၄င်းက ဆက် ပြောသည်။

ရန်ကုန်မြို့တော် စည်ပင် သာ ယာ အင်ဂျင်နီယာ (အဆောက်အ အုံ) ဌာနမှ ၂ဝ၁၄ ခုနှစ်တွင် ကန် ထရိုက် တိုက်ဆောက်လုပ်ခွင့် ပေါင်း ၇ဝဝဝ ကျော် စိစစ်ခွင့် ပြုပေးခဲ့ကြောင်း သိရသည်။

သို့သော် မြေပိုင်ဆိုင်မှု၊ အ ထောက်အထား ခိုင်လုံမှုအပေါ် မူတည်၍ ခွင့်ပြုချက်ကျသည့် အချိန်ကွာခြားကြောင်း သိရသည်။

ခိုင်နွယ်ဦး၊ ဇေဝေယံ

Popular Myanmar News Journal

No comments:

Post a Comment