Sunday, March 22, 2015

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော် လုံခြုံရေးနှင့် ကာ ကွယ် ရေး တာ ဝန် ကို စွမ်း စွမ်း တ မံ ဖြင့် သက်စွန့် ကြိုးပမ်း ထမ်းရွက်စဉ် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော အရာရှိ၊ စစ်သည်များအား တွေ့ဆုံ အားပေး


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ် တို့နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင် တပ်နယ် တပ်မတော် ဆေးရုံ၌ ဆေးကုသမှု ခံယူနေသည့် နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေး တာဝန်ကို စွမ်းစွမ်းတမံဖြင့် သက်စွန့် ကြိုးပမ်း ထမ်းရွက်စဉ် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော အရာရှိ၊ စစ်သည်များအား ရင်းနှီးနွေး ထွေးစွာ တွေ့ဆုံ၍ ဂုဏ်ပြုအားပေး စကား ပြေကြားသည်။


ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် ဆေးရုံ တက်ရောက်ကုသမှု ခံယူနေသော အရာရှိ၊ စစ်သည်များအား တစ်ဦးချင်း ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ထိခိုက် ဒဏ်ရာရရှိမှုနှင့် ဆေးကုသမှု အခြေ အနေ အသေးစိတ်ကို မေးမြန်းကာ ဆေးကုသမှုဆိုင်ရာ လိုအပ်ချက်များ၊ စစ်သည် တစ်ဦးချင်း၏ တင်ပြချက် များကို ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ထောက်ပံ့ငွေ၊ ပစ္စည်းနှင့် စားသောက်ဖွယ် ရာများ ပေးအပ်ကြသည်။


ထို့နောက် ဆေးရုံတွင်ရောက်ရှိနေသော ထိခိုက်ဒဏ်ရာရ အရာရှိ၊ စစ်သည်များ၏ မိသားစုများကိုပါ တွေ့ဆုံ၍ နှစ်သိမ့်အားပေး စကားပြောကြားပြီး လိုအပ်သော အုပ်ချုပ်မှုကိစ္စရပ်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင် ရွက် ပေးခဲ့သည်။


ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အထူး ကြပ်မတ် ကုသဆောင်၌ ဆေးကုသမှု ခံယူနေသော မတ် ၁၂ရက်နှင့် ၁၃ရက်တွင် အောင်မြင် စွာဖြင့် ကျောက်ကပ် အစားထိုးခွဲစိတ် ကုသမှု ခံယူခဲ့ သည့် လူနာ ၂ဦးအား တွေ့ဆုံ၍ ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး စကား ပြောကြားခဲ့သည်။



Credit >>> Senior General Min Aung Hlaing

No comments:

Post a Comment