Sunday, March 15, 2015

တရုတ်ဘက်သို့ ဗုံးကျခြင်းကြောင့် မြန်မာသံအမတ်ကြီးကို တရုတ်အစိုးရချက်ချင်းခေါ်ယူသတိပေး

ဗုံးကျသောကြောင့် တရုတ်နိုင်ငံသား လေးဦးသေ၊ ကိုးဦး ဒဏ်ရာရခဲ့ပြီးနောက် တရုတ်လေတပ်မှ တိုက် လေယာဉ်များ မြန်မာ-တရုတ်နယ်စပ်တွင် ကင်းလှည့်
မြန်မာလေတပ်မှ ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့သို့ ဗုံးကြဲတိုက်ခိုက်ရာ တရုတ်နိုင်ငံအတွင်း ကျရောက် ပေါက်ကွဲခဲ့၍ တရုတ်နိုင်ငံသားလေးဦး သေဆုံးပြီး ကိုးဦးဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်ကို အသေးစိတ်စုံစမ်းစစ်ဆေးရန်နှင့် ကျူးလွန်သူများကို ဖော်ထုတ်အရေးယူပေးရန် တရုတ် အစိုးရကမြန်မာအစိုးရထံ တောင်းဆိုလိုက်သည်။

ထို့အပြင် အဆိုပါဗုံးပေါက် ကွဲမှုဖြစ်ပွားပြီးနောက် တရုတ် လေတပ်မှ တိုက်လေယာဉ်များ နှစ်နိုင်ငံနယ်စပ်တွင် ကင်းလှည့်ပျံသန်းခြင်းများ စတင်လုပ်ဆောင်နေကြောင်း တရုတ် တပ်မတော် ပြောခွင့်ရ ပုဂ္ဂိုလ်ကပြောကြားကြောင်းPeople Daily China သတင်းဌာနကဖော်ပြ ထားသည်။ တရုတ်နိုင်ငံဘက်သို့ ချဉ်းကပ်လာသောမည်သည့်လေယာဉ်ကိုမဆို တန်ပြန်ချဉ်းကပ်မှုများ ပြုလုပ်သတိပေးရန် တရုတ်လေတပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးက ပြောကြားကြောင်းလည်း ဆက်လက်ဖော်ပြထားသည်။
တရုတ်နိုင်ငံခြားရေးဒုဝန် ကြီးလျုဇောင်မင်က မြန်မာသံအ မတ်ကြီးဦးသစ်လင်းအုံးကို ဗုံးပေါက်ကွဲသည့်နေ့ ညတွင်းချင်းပင် ချက်ချင်းဆင့်ခေါ်၍ သတိပေးခဲ့ ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ကလည်း မတ်လ၁၄ရက်တွင်တရုတ်သံအမတ်ကြီး ယောင်ဟွေ့လျန်၊ စစ်သံမှူးနှင့် ပထမအတွင်းဝန်တို့အား နေပြည်တော်တွင်ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
ယခုဖြစ်စဉ်အပေါ် နှစ်ဖက်ရှိ ပြီးသား ချစ်ကြည်မှု၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုကို အခြေခံဖြေရှင်းရန်နှင့် ကိုးကန့်တပ်ဖွဲ့၏ နှစ်နိုင်ငံကြား ရှုပ်ထွေးအောင်ဖန်တီးနေမှုရှိကြောင်း မြန်မာနိုင်ငံဘက်က ပြန်လည်ဆွေးနွေးခဲ့သည်ဟု နိုင်ငံခြားရေးဒုဝန်ကြီးဦးသန့်ကျော်က ပြောကြားသည်။
‘‘ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်းနဲ့ ဒီနေ့(မတ်လ၁၄) နေ့လယ်မှာ တရုတ်သံအမတ်ကြီး၊ စစ်သံမှူး၊ ပထမအတွင်းဝန်တို့ လာတွေ့ကြပါတယ်။ နှစ်ဖက်အကြား နယ်စပ်ကိစ္စတွေအပေါ် ရှိပြီးသားချစ်ကြည်မှု၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုအခြေခံပြီး ဖြေရှင်းဖို့၊ ကိုးကန့်သောင်းကျန်း သူများက နှစ်ဖက်အကြားမှာရှိနေတဲ့ နှစ်နိုင်ငံကောင်းမွန်တဲ့ ဆက်ဆံရေးကို အခက်အခဲဖြစ်အောင် ဖန်တီးနေမှု၊ ရှုပ်ထွေးအောင်လုပ်ကိုင်နေမှုအခြေအနေတွေရှိနိုင်နေတဲ့အပေါ်မှာလည်း မြန်မာဘက်က ထည့်ပြီးဆွေးနွေးပါတယ်’’ဟု ဒုဝန်ကြီးကပြောကြားသည်။
မတ်လ၁၃ရက် တရုတ်စံ တော်ချိန် ညနေ ၄နာရီ ၄၀မိနစ်က နှစ်နိုင်ငံနယ်စပ်အနီးတပ်စွဲထား သည့် ကိုးကန့်တိမ်းရှောင်တပ် ဖွဲ့သို့ ဦးတည်ကြဲချလိုက်သည့် မြန်မာတိုက်လေယာဉ်မှ ဗုံးအချို့ မှာ တရုတ်နိုင်ငံ လင်စန်းမြို့ရှိ ကြံစိုက်ခင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် တရုတ်နိုင်ငံသားလေးဦးသေဆုံးပြီး ကိုးဦးဒဏ် ရာရကြောင်း တရုတ်သတင်းမီဒီ ယာများကဖော်ပြသည်။ တရုတ်အစိုးရက မြန်မာအပေါ်ရှုတ်ချသည်ဟု ဆင်ဟွာသတင်းဌာန ကရေးသားထားသော်လည်းနှစ် ဖက်တွေ့ဆုံမှုတွင် ရှုတ်ချသည့်အ ပြုအမူ အပြောအဆိုမပါဝင်ကြောင်း
ဦးသန့်ကျော်က ပြောသည်။
ကိုးကန့်တိုက်ပွဲအတွင်း တရုတ်နိုင်ငံဘက်ခြမ်းသို့ ဗုံးကျရောက်ခြင်းမှာ ဒုတိယအကြိမ်ဖြစ်သည်။ မတ်လ ၈ရက်ကလည်း ကိုးကန့်တပ်ဖွဲ့ထံ ဦးတည်ခဲ့သည့် အမြောက်ဆန်အချို့ လမ်း ကြောင်းလွဲကာ ယူနန်ပြည်နယ် တွင်းကျရောက်ခဲ့သဖြင့် တရုတ် အစိုးရက စိုးရိမ်ပူပန်ကြောင်းနှင့် ယင်းသို့ နောက်ထပ်မဖြစ်ပွားစေ ရန်တာဝန်ယူစေလိုကြောင်းသတိ ပေးခဲ့ပြီးဖြစ်သည်။
‘‘မနေ့က ညနေ ၆ နာရီ လောက်ကစပြီး တရုတ်လေတပ် (PLA)က ဒီမှာ(နယ်စပ်)လေ ယာဉ်တွေ ကင်းစလှည့်တယ်။ တပ်မတစ်ခုလာထားတယ်။ သံ ချပ်ကာကားတွေလည်းအများ ကြီးပဲ နေရာယူထားတယ်။ ဒီဖြစ် ရပ်အပေါ်မှာ တရုတ်ဘက်က ဆုံး ဖြတ်ချက်ရှင်းရှင်းလင်းလင်းချ ထားပုံတော့ အခုလေ့လာရသ လောက် မတွေ့ရသေးဘူး။ ဒါပေ မဲ့ နောက်တစ်ကြိမ်ဆိုတာမျိုးရှိ လာရင်တော့ သည်းခံဖို့ခဲယဉ်း တယ်။ အခုကိုပဲ နယ်စပ်မှာ တပ် တွေချထားလိုက်ပြီ’’ဟု တရုတ်- မြန်မာနယ်စပ်တွင်နေထိုင်သည့် စစ်ရေးလေ့လာသုံးသပ်သူတစ်ဦး က ပြောကြားသည်။
ယနေ့ နယ်စပ်မှလာသော သတင်းများအရ မြန်မာဘက်ခြမ်း မှ တိုက်လေယာဉ်ပျံသန်းမှုများမ ရှိကြောင်း သတင်းရရှိသည်။
မြန်မာ့တပ်မတော်နှင့် ဖုန် ကြားရှင်၏ မြန်မာအမျိုးသားဒီမို ကရက်တစ်မဟာမိတ်တပ်မ တော်(MNDAA)တို့ ဖေဖော်ဝါရီ ၉ရက်က စတင်ခဲ့သော တိုက်ပွဲ များမှာ တစ်လကျော်ကြာလာ သော်လည်း ပြီးဆုံခြင်းမရှိဘဲ တိုက်ပွဲများအရှိန်မြင့် တက်နေပြီး နှစ်ဖက်အကျအဆုံးများလည်း နေ့စဉ်ရှိနေကြောင်းအစိုးရသတင်း ထုတ်ပြန်ချက်များအရသိရသည်။
7 Day Daily

No comments:

Post a Comment