Monday, March 16, 2015

လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာတောင် ပြန်တိုက်တဲ့ ဖုန်ကြားရှင်ကို ငြိမ်းချမ်းရေးဆွေးနွေးစရာ မလိုပါ

ငြိမ်းချမ်းရေးစားပွဲဝိုင်းတွေမှာ ဖုန်ကြားရှင်ကိစ္စနဲ့ပတ်သက်ပြီး အသံတွေ ထွက်လာတာ ကြားရပါတယ်။ UPWC နဲ့ KIA တို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးကြတာဖြစ်ပြီး ဖုန်ကြားရှင်အဖွဲ့ကို ငြိမ်းချမ်းရေးစားပွဲဝိုင်းထဲ ထည့် ပေးဖို့ KIA နဲ့ အပေါင်းအပါတွေက ဆန္ဒရှိနေကြတာပါ။ ဒါပေမယ့် ဖုန်ကြားရှင်ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ထည့်သွင်း မှာမဟုတ်ဘူးလို့ ဦးအောင်မင်းကိုယ်တိုင် ပြောဆိုသွားခဲ့ပြီး ဖြစ်ပါတယ်။

ဖုန်ကြားရှင်အဖွဲ့ကို ဘာဖြစ်လို့ ငြိမ်းချမ်းရေးမဆွေးနွေးချင်တာလဲ ? အကြောင်းရင်းမှန်ကို သိချင်တဲ့ လူတွေလည်း ရှိနေ ကြတယ်။ တကယ်တော့ ဖုန်ကြားရှင်ဟာ ကိုးကန့်ဒေသကို ပြန်လည်တိုက်ခိုက်တဲ့အတွက် ငြိမ်းချမ်းရေးစကား မပြော ခိုင်းတာ ဖြစ်ပါတယ်။ သူဟာ ၂၀၀၉ ခုနှစ်တုန်းက ကိုးကန့်ဒေသကနေ ထွက်ပြေးတိမ်းရှောင်သွားတဲ့ ၀ရမ်းပြေးတစ် ယောက်ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်အစိုးရတက်လာတဲ့ ၂၀၁၂ ခုနှစ်လောက်မှာ ဖုန်ကြားရှင်အတွက် သမက်ဖြစ်သူ စိုင်းလင်းက အခွင့်အရေး တောင်းဆိုပေးခဲ့တာ ဖြစ်ပါတယ်။
ဒါ့ကြောင့် နိုင်ငံတော်သမ္မတက ၂၀၁၂ ခုနှစ်ထဲမှာ ဖုန်ကြားရှင်နဲ့ ဖုန်ကြားဖူတို့ကို နိုင်ငံရေးပြန်လုပ်ချင်တယ်ဆိုတဲ့ တောင်းဆိုချက်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ဖုန်ကြားရှင်သာ ကတိတည်ခဲ့မယ်ဆိုရင် သမ္မတကို ကတိပေးခဲ့တဲ့အတိုင်း နိုင်ငံရေး လမ်းကြောင်းပေါ် တက်လာရမှာ ဖြစ်ပါတယ်။ အခုတော့ သမ္မတ မျက်နှာကိုမထောက် ကိုးကန့်ဒေသကို လက်နက်နဲ့ ပြန်တိုက်တာကတော့ ခွင့်လွှတ်စရာအကြောင်း မရှိဘူးလို့ ပြောချင်ပါတယ်။
ဒီတော့ ဖုန်ကြားရှင်အဖွဲ့ကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကူပြောပေးနေတဲ့ KIA က ဒုစစ်ဦးချုပ် ဂွမ်မော်ကိုလည်း မေးစရာ ရှိပါတယ်။ ဖုန်ကြားရှင်ဟာ လောက်ကိုင်ကို တိုက်တဲ့အတွက် နိုင်ငံ့အချုပ်အခြာ အာဏာကို ထိပါးစော်ကားတာလို့ ပြော ထားခဲ့သလို အခုဆိုရင် စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်နေတာ ဖြစ်ပါတယ်။ ဖုန်ကြားရှင်လုပ်ရပ်ကို တစ်ပြည်လုံးက လက်မခံ ဘဲ ရှုတ်ချနေတာသိရက်သားနဲ့ ဘာဖြစ်လို့ သူ့ဘက်ကကူပြောပေးနေရတာပါလဲ။ KIA ကိုယ်တိုင်ကရော အစိုးရနဲ့ ပြည်နယ်အဆင့်တောင် အပစ်ရပ် ရသေးရဲ့လားလို့ မေးချင်ပါတယ်။ဖုန်ကြားရှင်အဖွဲ့ရဲ့ လုပ် ရပ်ကြောင့် တည်ငြိမ်အေးချမ်းနေတဲ့ကိုးကန့်ဒေသဟာစစ်မြေပြင် ဖြစ်ခဲ့ရတယ်။
ဒေသ
ခံတွေ ဒုက္ခမျိုးစုံ ကြုံတွေ့နေရတယ်။ တပ်မတော်သားတွ အပြစ်မဲ့ပြည်သူတွေ အသက်ဆုံးရှုံးခဲ့ရတယ်။ ခုချိန်ထိလည်း တိုက်ပွဲ တွေ ဖန်တီးနေတုန်းပဲ။ ဒီလိုအဖွဲ့မျိုးကို ငြိမ်းချမ်းရေးစကားပြောနေမယ့်အစား အပြတ်တိုက်ဖို့ပဲ ကောင်းပါတယ်။ ရှင်းရှင်း ပြောရရင် ဖုန်ကြားရှင်ကို အရှင်ဖမ်းပြီး ပြည်သူတွေ ကျေနပ်တဲ့အထိ အပြစ်ပေးသင့်တာပါ။
အဲဒီလို ပြစ်မှုမျိုးကို ကျူးလွန်ခဲ့တဲ့ ဖုန်ကြားရှင်ဦးဆောင်တဲ့ ကိုးကန့်သောင်းကျန်းသူအဖွဲ့ကို ရွှေလက်နဲ့ခေါ်စရာမလို ပါဘူး။ ပြီးတော့ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာတောင် ပြန်တိုက်တဲ့ ဖုန်ကြားရှင်လို သက်ကြားအိုအာဏာရူးကို ငြိမ်းချမ်း ရေးဆွေးနွေးစရာ မလိုဘူး လို့သာ ပြောချင်ပါတယ်။
ဝင်းဇော်သိန်း
Myanmar Military News

No comments:

Post a Comment