Tuesday, March 3, 2015

ဆန္ဒပြကျောင်းသားများ စတင်တာထွက် ရဲများနှင့် ထိပ်တိုက်တွေ့နေ

အမျိုးသားပညာရေးကို ပြင်ဆင်ပေးရန် ရန်ကုန်သို့ ချီတက်ဆန္ဒပြရန် ကျောင်းသားတို့က မတ်လ ၃ ရက် နံနက်ပိုင်းတွင် လက်ပန်တန်းမြို့ အောင်မြေဗိမာန်ကျောင်းမှ စတင်ထွက်ခွာရာ လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ဝင်တို့ကလည်း ဆန္ဒပြမှု ရပ်ဆိုင်းရန် လက်ကိုင်မိုက်များဖြင့် အသိပေးနေပြီး ကျောင်းသားများကလည်း ရှေ့ဆက်သွားမည့်အခြေအနေတွင်ရှိနေသည်ဟု မဇ္ဈိမ သတင်းထောက်က ပေးပို့သည်။

ရဲတပ်ဖွဲ့ဝင်တို့က ပြည်ထဲရေးဝန်ကြီးဌာက ဖေဖေါ်ဝါရီ ၂၈ ရက်တွင် ထုတ်ပြန်ထားသော ဆန္ဒပြမှု ရပ်ဆိုင်းပေးရန် သတိပေးချက်နှင့် ဆန္ဒဆက်ပြပါက အရေးယူမည်ဟူသည့် ကြေညာချက်ကို လက်ကိုင်မိုက်များဖြင့် အသိပေးနေသည်ကို တွေ့ရှိရသည်ဟု မဇ္ဈိမ သတင်းထောက်က ပေးပို့သည်
သာယာဝတီသို့ ထွက်ခွာရန် သိပိတ်မှောက်ကျောင်းသားများ တည်းခိုနေသည့် အောင်မြေဗိမာန်ကျောင်း ကျွန်းကလေး အနောက်ဘက်ကမ်းလမ်းထိပ်တွင် ရဲမေနှင့်ရဲသား ၅၀၀ ကျော် ခန့်လမ်းကို ပိတ်ဆို့ လုံခြုံရေး ယူထားပြီး လုံခြုံရေး ယူထားပုံမှာ ရဲမေများက အရှေ့ဆုံးစည်း၊ ရဲသားများက အလယ်စည်းဖြစ်ပြီး နောက်ဆုံးစည်းတွင်မူ သံဆူးကြိုးရှိသည်။
Mizzima

No comments:

Post a Comment