Sunday, March 22, 2015

ဗြိတိန် ဆေးကျောင်းသား ကိုးဦး အိုင်အက်စ်အဖွဲ့သို့ ပူးပေါင်း



အိုင်အက်စ်အဖွဲ့က ဖွင့်လှစ်ထားသည့် ဆေးရုံတွင် ဝင်ရောက်လုပ်ကိုင်ရန် ဗြိတိန်နိုင်ငံမှ ဆေးကျောင်းသား၊ ကျောင်းသူ ကိုးဦးသို့ ဆီးရီးယားသို့ ထွက်ခွာသွားကြကြောင်း သတင်းတစ်ရပ်အရ သိရသည်။

အဆိုပါ ဆေးကျောင်းသားအဖွဲ့တွင် ယောက်ကျားလေး ငါးဦးနှင့် မိန်းကလေး လေးဦးတို့ ဖြစ်ကြကြောင်း စောင့်ကြည့်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ဆေးကျောင်းသားအဖွဲ့သည် ဆူဒန်နိုင်ငံ၏ မြို့တော် ခါတွမ်မှတစ်ဆင့် တူရကီ အစ္စတန်ဘူလ်သို့ မတ် ၁၂ ရက်က ထွက်ခွာသွားခြင်းဖြစ်ပြီး ယင်းမှတစ်ဆင့် ဆီးရီးယားနယ်စပ်သို့ ဘတ်စ်ကားဖြင့် ဝင်ရောက်သွား ကြခြင်း ဖြစ်သည်။

"သူတို့တွေက ခုဆိုတဲလ်အက်ဘ်ယတ်မှာ ရောက်နေလောက်ပြီလို့ ယူဆရတယ်။ ဒါက အိုင်အက်စ်တို့ လက်အောက်က နယ်မြေဖြစ်ပြီး တိုက်ပွဲတွေ အရမ်းပြင်းထန်နေတဲ့ အရပ်မို့ ဆေးဖက်ဆိုင်ရာ အကူအညီ တွေ များစွာလိုအပ်နေတဲ့ နေရာပါ" ဟု တူရကီ အတိုက်အခံ နိုင်ငံရေးသမား မက်ရှ်မတ်အလီကို ကိုးကား လျက် စောင့်ကြည့်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

Mizzima - News in Burmese

No comments:

Post a Comment