Tuesday, March 31, 2015

မဲဆန္ဒရှင် စာရင်းအား ပြည်သူလူထု စိတ်ဝင်စားမှု ရှိမရှိ (၁၄) ရက်တိုင် စောင့်ကြည့် လေ့လာမည်


                ရန်ကုန်တိုင်းဒေသကြီး မြို့နယ်(၁၀) မြို့နယ်၏ မဲဆန္ဒရှင် စာရင်းအား သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက် အလိုက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရုံးခွဲများတွင် ကပ်သွားမည် ဖြစ်ပြီး၊ အဆိုပါ မဲဆန်္ဒရှင်စာရင်းအား ပြည်သူလူထု စိတ်ဝင်စားမှု ရှိမရှိကို (၁၄) ရက် တိုင်တိုင် စောင့်ကြည့် လေ့လာ သွားမည် ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သတင်း ရရှိ သည်။
                မဲဆန္ဒရှင် စာရင်းအား ပြည်သူလူထု သွားရောက် ကြည့်ရှုရန် အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် သတင်းစာ၊ ရုပ်မြင် သံကြားများမှ အသိပညာပေး ထားပြီး၊ ရွေးကောက်ပွဲနှင့် ဆက်စပ်သော အရပ်ဖက် လူမှု အဖွဲ့အစည်းများ ကလည်း ယခုလ(၁၆) ရက်နေ့မှ စတင်၍ သက်ဆိုင်ရာ မြို့နယ်၊ ရပ် ကွက်အလိုက် အသိပညာပေးမှုများ ပြုလုပ်ခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

                 ပြည်သူတွေ ဘယ်လောက် လာကြည့်သလဲ ဆိုတာကို မှတ်တမ်းတင်ဖို့ သက်ဆိုင်ရာ နေရာ အလိုက်က ကော်မရှင် ၀န်ထမ်းတွေကို စာရင်း ပြုစု ခိုင်းထားတယ်။ ပြည်သူတွေ စိတ်ဝင်စားမှုရှိလား မရှိဘူးလား ဒါကိုသူတို့ တစ်တွေက မှတ်တမ်းတင်၊ မှတ်တမ်းတင် တာကို ကြည့်ပြီးတော့ ကော်မရှင် အနေနဲ့ ပြန်လည် သုံးသပ်မယ်။ ကိုယ့်ကိုယ်ကိုယ် ဝေဖန်မယ်၊ လို အပ်တာတွေရှိနေရင် ပြန်လည် သုံးသပ် ဖြည့်ဆည်း သွားမယ် ဟု ရန်ကုန် တိုင်းဒေသကြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက The Messenger Media သို့ ပြောသည်။

                အဆိုပါ မဲဆန္ဒရှင်စာရင်းအား ပြည်သူလူထု လာရောက်ကြည့်ရှုရာတွင် ၎င်းတို့၏ အမည်များ မပါဝင်ပါက တာဝန်ကျ ကော်မရှင် ၀န်ထမ်းထံမှ မဲစာရင်းပုံစံတောင်း၍ အချက် အလက်ဖြည့်သွင်းရမည်ဖြစ်ပြီး၊ အချက်အလက် ဖြည့်သွင်းပြီးပါက မဲစာရင်းကပ်သည့်နေ့ မှစ၍ (၁၄) ရက်အတွင်း လာရောက် လျှောက်ထား နိုင်ကြောင်း၊ (၁၄) ရက် ကျော်လွန် သွားပါက လာရောက် စာရင်းသွင်းခွင့်ကို လက်ခံတော့မည် မဟုတ်ကြောင်း ၎င်းကဆက် ပြောသည်။
messengernewsjournal.

No comments:

Post a Comment