Sunday, March 22, 2015

လားရှိုး-မူဆယ် ကားလမ်းကို လက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့က ပိတ်ဆို့

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း လားရှိုး-မူဆယ်လမ်းမှာ လက်နက်ကိုင် အင်အား ငါးဆယ်ခန့် ပါဝင်တဲ့ တပ်ဖွဲ့တစ်ဖွဲ့ က မော်တော်ကားတစ်စီးကို ကန့်လန့်ဖြတ် ရပ်ထားတာကြောင့် ယာဉ်ကြော ပိတ်ဆို့ ခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ စုံစမ်းသိရှိရပါတယ်။

နမ့်အွန်ကျေးရွာအုပ်စု ကောင်းခါးကျေးရွာအနီးက လားရှိုး-မူဆယ်လမ်းမှာ လက်နက်ကိုင်တပ်ဖွဲ့က ပိတ်ဆို့ ခဲ့တာကြောင့် မတ်လ ၂၀ ရက်နေ့ မနက် ခြောက်နာရီကနေ နေ့လယ် ၁၂နာရီခန့်အထိ ယာဉ်ကြော ပိတ်ဆို့ခဲ့တယ်လို့ အဲဒီဌာနချုပ်ကနေ သိရှိရပါတယ်။

“ပလောင်လက်နက်ကိုင် တပ်ဖွဲ့ကလို့ ကနဦး သိရတယ်။ လမ်းပေါ်မှာ ကားကိုကန့်လန့်ဖြတ်ထားပြီး လမ်း ကို ပိတ်ထားတယ်။ တပ်ကနေသွားပြီး ရှင်းနေတယ်” လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ အကြီးတန်း ရဲအရာရှိ တစ်ဦးက ပြောပါတယ်။

လမ်းပေါ်မှာ ကန့်လန့်ဖြတ်ပိတ်ထားတဲ့ ယာဉ်ကို ပြန်လည်ယူဆောင်သွား တဲ့အတွက် နေ့လယ် ၁၂နာရီ ဝန်း ကျင်မှာ လမ်းရှင်းသွားတယ်လို့ မူဆယ်မြို့မ ရဲတပ်ဖွဲ့စခန်းကနေ သိရှိရပါတယ်။

The Voice Weekly

No comments:

Post a Comment