Sunday, March 22, 2015

ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွင်းမှု သမ္မတ ပြောကြားချက်ကို အပြင်းအထန် ဝေဖန်

လက်ပံတန်းမြို့တွင် ဖြစ်ပွားခဲ့သည့် ကျောင်းသားသပိတ် ဖြိုခွင်းမှုနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြောဆိုချက်အပေါ် ပြည်တွင်းရှိ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ စာနယ်ဇင်းသမားနှင့် လူ့အခွင့်အရေးလှုပ်ရှားသူ အချို့က ဝေဖန်ပြောဆိုလိုက်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ပအသံလွှင့်ဌာနတစ်ခု ဖြစ်သည့် ဘီဘီစီ သတင်းဌာနနှင့် သီးသန့် တွေ့ဆုံရာတွင် ပြောဆိုခဲ့မှုအပေါ် ၎င်းတို့က တုံ့ပြန်ဝေဖန်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ သပိတ်ဖြိုခွဲမှုတွင် ကျောင်းသားများက စတင်ရိုက်နှက်ခဲ့ခြင်းကြောင့် ကာကွယ်သည့် အနေနှင့် ရဲတပ်ဖွဲ့ ဝင်များက ပြန်လည်ရိုက်နှက်ခဲ့ခြင်း ဖြစ်ပြီး နိုင်ငံတကာတွင်လည်း ယင်းထက် ကြမ်းတမ်းသည့် ဖြိုခွင်းမှုများလည်း ရှိကြောင်း ဘီဘီစီသို့ သမ္မတက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“နောက်တစ်ခုကလည်း ခင်ဗျားတို့က ရဲတွေဘက်က ဒီလိုဖြစ်တာကို တစ်ဖက်တည်း ကြည့်တာကိုး။ ဆန္ဒပြတဲ့သူတွေဘက်က ရဲတွေကို ခဲနဲ့ ပေါက်တာ၊ ရဲအမျိုးသမီးတွေ ခေါင်းတွေ ကွဲသွားတာ၊ ရဲကားတွေ မှန်တွေ ကွဲသွားတာ၊ ရဲအတားအဆီးတွေကို ရိုက်ချိုးပြီး ဖျက်ဆီးတာ ဒါတွေ အများကြီးပါပဲ။ ဒါတွေနဲ့ Balance လုပ်ပြီး ကြည့်ဖို့ကောင်းတယ်” ဟု ထပ်မံပြောဆိုသည်။

သမ္မတ၏ ပြောဆိုချက်သည် အဖြစ်မှန်နှင့် ကွဲလွဲနေကာ မှန်ကန်မှု မရှိသည့်အပြင် သမ္မတ ပြောရေး ဆိုခွင့် ရှိသူ ပြန်ကြားရေး ဝန်ကြီးဌာန ဦးရဲထွဋ်၏ ပြောဆိုချက်များနှင့်လည်း ကွဲလွဲနေကြောင်း၊ ရဲတပ်ဖွဲ့ဝင်များ၏ အပြုအမူများသည် မိမိကိုယ်မိမိ ခုခံကာကွယ်သည့် အဆင့်ထက် ကျော်လွန်နေသည်ကို တွေ့ရှိရကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူ ရှေ့နေ့ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။

“ကင်မရာမှတ်တမ်း ဓာတ်ပုံ အထောက်အထားတွေအရ ဟုတ်လား ပုဆိုးကျွတ်လို့ ကုန်းကောက်ပြီး အရှက် လုံအောင် ထိန်းရတဲ့လူကို ဆင့်ကာဆင့်ကာ ရိုက်နေတာတွေ။ နောက် မိန်းကလေးတွေကို ရိုက်တာတွေဟာ ကာကွယ်ခုခံပိုင်ခွင့်ဘောင်ကို ကျော်နေတယ်ဗျ။ အဲဒါ မဖြစ်သင့်ပါဘူး” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဖြိုခွင်းမှုဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်များ အနေနှင့် ကျောင်းသားသပိတ်သို့ လာရောက်ကူညီသည့် ကားများကို ရိုက်နှက်ခြင်း၊ ကန်ကျောက်ခြင်းများ ပြလုပ်နေသည့် ဓာတ်ပုံများလည်း အင်တာနက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည်။

လက်ပံတန်းမြို့တွင် ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်စဉ်အတွင်း ကျောင်းသားများ အနေနှင့် စတင်ရိုက်နှက် ခဲ့ခြင်း မရှိကြောင်း အဆိုပါသပိတ်တွင် ကိုယ်တိုင်ပါဝင်ခဲ့ပြီး ရိုက်နှက်ဖမ်းဆီးခံခဲ့ရသူ မရည်မွန်မွန်အောင်က ပြောကြားသည်။

“ဘယ်လိုဖြစ်တယ် ဆိုတာ အကုန်လုံး အမြင်ပဲဟာကို။ ညီမတို့ဘက်က စရိုက်တာကတော့ လုံးဝမဟုတ် ဘူးရှင့်။ ညီမတို့မှာ ရိုက်စရာ ဘာလက်နက်မှ မရှိသလို ပြန်လုပ်ဖို့တောင်မှ ညီမတို့ ဒီမှာ တွန်းနေတာ ကိုယ့်အားနဲ့ ကိုယ့်ဟာကိုယ်တောင် အားမရှိတဲ့ဟာ သူတို့ကို ဘယ်လိုစရိုက် ရမှာလဲ” ဟု ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ကုန်ထုတ်ဓာတုဗေဒ ဘာသာရပ်မှ တတိယနှစ်ကျောင်းသူ ၎င်းက ဆိုသည်။

အဆိုပါဖြိုခွင်းမှုအပေါ် သမ္မတ၏ ပြောဆိုချက်သည် ဆင်သေကို ဆိတ်သားရေဖြင့် ဖုံးကွယ်ခြင်းသာ ဖြစ်ကြောင်း မြန်မာဂျာနယ်လစ်ကွန်ရက်၊ အထွေထွေအတွင်းရေးမှူးနှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ အဖွဲ့ဝင် ဦးမြင့်ကျော်ကလည်း The Voice သို့ ထပ်မံပြောဆိုသည်။
“သူတို့က ဖြိုခွဲဖို့ အကြောင်းရှာနေတာ။ အဲဒီမတိုင်ခင် တစ်ပတ်၊ နှစ်ပတ်၊ တစ်လလောက်ကတည်းကပေါ့” ဟု ၎င်းကဆိုသည်။

မတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် အဆိုပါ အကြမ်းဖက်ဖြိုခွင်းမှု ဖြစ်စဉ်အတွင်းတွင် ကျောင်းသားများ အပါအဝင် သတင်းထောက်အချို့လည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ယင်းဖြိုခွင်းမှုအပေါ် ကန့်ကွက်သည့် ဆန္ဒထုတ်ဖော်မှုများလည်း နိုင်ငံတစ်ဝန်းတွင် ပြလုပ်လျက်ရှိသည်။

သမ္မတ၏ ပြောဆိုမှုနင့် ပတ်သတ်ပြီး ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ဒဂုံတက္ကသိုလ် တတိယနှစ် သင်္ချာအထူးပြု ကျောင်းသား ကိုပိုင်ရဲသူက “အဲဒါ လူကြီးတစ်ယောက် ပြော သင့်တဲ့ စကားလား အဲဒီမှာ။ လူကြီးတစ်ယောက်က အဲဒီစကား ပြောသင့်လား။ ပြီးတော့ လူကြီး တစ်ယောက် လည်း ဖြစ်တယ်။ နောက်ပြီးတော့ သမ္မတလည်း ဖြစ်တယ်။ သူ့ထက် အသက်တွေ အများကြီး ကွာတဲ့ လုံးဝ အတွေ့အကြုံတွေ အများကြီးကွာတဲ့ ကျောင်းသားတွေအပေါ်မှာ ဒီလိုလုပ်သင့်လား ဆိုတာ။ အဲဒါ လူကြီးလူကောင်း မပီသတဲ့ အပြုအမူတွေပေါ့။ လောလောဆယ် ဒီမှတ်ချက်လောက်ပဲ ပေးချင်တယ်” ဟု ပြောကြားသည်။

သမ္မတ၏ ပြောကြားချက်နှင့် ပတ်သက်၍ ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမြအေး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်း၊ ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်ခွန်ဂျာတို့ကလည်း DVB အသံလွှင့်ဌာနသို့ ကန့်ကွက်ပြောဆိုထားသည်။

The Voice Weekly

3 comments:

  1. တဖက်စောင်းနင်းတွေကကန့် ကွက်တာလား။သူတို့ ကိုကျတော့ ကန့် ကွက်တယ်။သူတို့ ကျတော့ ဂျာနယ်တွေမှာတဖက်စောင်းနင်းရေး။ကိုမေကိုလိုးမီဒီယာ နဲ့ နိုင်ငံရေးလုပ်စားသူတွေ။လမ်းပေါ်ထွက်ဆန္ဒပြတဲ့ လူနဲ့  ကိုယ်အလုပ်ကိုလုပ်နေတဲ့ သူဘယ်သူကများလည်း။ဒီမိုကရေစီခေါင်းစဉ်တပ်လုပ်စားနေတဲ့ သူတောင်းစားတွေရဲ့ လူများစုဆန္ဒကိုလေးစား၇မယ်ကွ။

    ReplyDelete
  2. မင်းတို့သူတောင်းစားအင်အားစုငြိမ်ငြိမ်ထိုင်နေ တုန်းကဘာဖြစ်လို့ လဲ။မင်းတို့ ထလုပ်မှဖြစ်တာ။ဒီသူတောင်းစားမြင့် ကျော်လိုကောင်စာနယ်ဇင်းကောင်စီမှာ
    လုပ်နေလို့ ကတော့ မီဒီယာအားလုံးတော့ သူတောင်းစားမီဒီယာဖြစ်ပြီမှတ်။

    ReplyDelete
  3. တဖက်စောင်းနင်းကနေဇောက်ထိုးမိုးမျှော်ရေးတဲ့ အဖွဲ့ ဖြစ်တော့ မယ်။

    ReplyDelete