Monday, March 23, 2015

မြို့နှစ်မြို့တွင် အပူချိန်စံချိန်သစ်တင်


မတ်လ ၂၁ရက် မိုး လေ၀သတိုင်းတာမှုများအရ သိမ် ဇရပ်မြို့နှင့် ကြို့ပင်ကောက်မြို့ တို့တွင် နှစ်ပေါင်းငါးဆယ်ကျော် အတွင်း  အပူချိန်စံချိန်ကျိုးခဲ့ကြောင်း မိုးလေ၀သနှင့် ဇ လဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

‘‘ဒီနေ့ တိုင်းတာချက်တွေအ ရ တခြားအပူဆုံးမြို့တွေလည်း ရှိပေမယ့် ဒီမြို့နှစ်ခုကတော့ ထူး ခြားမှုအနေနဲ့ စံချိန်ကျိုးခဲ့တာပါ’’ ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန် ကြားမှုဦးစီးဌာနမှလုပ်ငန်းတာဝန် ခံတစ်ဦးကပြောသည်။


အပူချိန်စံချိန်ကျိုးခဲ့သည့် မြို့ နှစ်မြို့အနက်  မွန်ပြည်နယ်ရှိ သိမ်ဇရပ်မြို့သည် နှစ်ပေါင်းငါး ဆယ်အတွင်း ပထမဆုံးအနေဖြင့် ၄၁ဒသမ ၆ဒီဂရီစင်တီဂရိတ်ဖြင့် စံချိန်ကျိုးခဲ့ပြီး ယခင်က ၄၁ဒသမ ၂ဒီဂရီစင်တီဂရိတ်ဖြင့် စံချိန်ကျိုးထားသည့် မြို့တစ်မြို့ဖြစ်ကြောင်းမိုးဇလ၏ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပဲခူးတိုင်းရှိကြို့ပင်ကောက် မြို့မှာ နှစ်ပေါင်းသုံးဆယ်အတွင်း ၄၁ဒသမ ၇ဒီဂရီစင်တီဂရိတ်ဖြင့် စံချိန်ကျိုးခဲ့ပြီး  ယခင်က ၄၁ ဒသမ၅ ဒီဂရီစင်တီဂရိတ်ဖြင့် စံချိန်ကျိုးထားသည့်  မြို့ဖြစ်ကြောင်း မိုးဇလမှ သိရသည်။

အထက်ပါစံချိန်ကျိုးခဲ့သည့် မြို့များအပြင် မတ်လ ၂၁ရက်၌ အပူဆုံးမြို့များမှာ သာယာဝတီ နှင့် ဘော်လခဲမြို့တို့တွင် ၄၂ဒီဂရီ စင်တီဂရိတ်၊ အောင်လံ၊ ပြည်နှင့် ဟင်္သာတမြို့တို့တွင် ၄၁ဒီဂရီစင် တီဂရိတ်တို့ဖြစ်ကြောင်းမိုးဇလက သတင်းထုတ်ပြန်သည်။


‘‘အပူချိန်က နောက်တစ်လ လောက်အထိ ဆက်ပြီးမြင့်တက် နေဦးမယ်။ မြန်မာနိုင်ငံအလယ် ပိုင်း ဒေသတွေဆိုရင် နောက်ပိုင်း မှာ ၄၄ ဒီဂရီစင်တီဂရိတ်လောက် ထိ တက်နိုင်တယ်။ ပြည်သူတွေ အနေနဲ့ အပူဒဏ်ကို မခံရအောင် အပူအအေးမျှတဲ့နေရာမှာနေဖို့နဲ့ အပြင်ထွက်တဲ့အခါမှာ အကာ အကွယ်နဲ့သွားဖို့ အကြံပေးချင်ပါ တယ်’’ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

mizzima

No comments:

Post a Comment