Monday, March 23, 2015

ကျွန်တော်တို့ကျောင်းသားတွေ နောက်ထပ်တိုက်ပွဲရှိသေးတယ်


စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် အနီရောင်နှင့် အနက်ရောင်ကြက်ခြေ ခတ် ရင်ထိုးများ ၀တ်ဆင်ကာတက္ကသိုလ် ကျောင်းသား(၅၀)ကျော်ခန့် မတ်လ ၂၀ ရက်နေ့က မုံရွာတက္ကသိုလ်၌ စာမေးပွဲ ၀င်ရောက်ဖြေဆိုခဲ့ကြောင်း သိရှိရသည်။ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေး ရေးအတွက် ဆန္ဒပြသည့် ကျောင်းသား များအား အကြမ်းဖက်ခံရခြင်းတို့ကြောင့် ၀မ်းနည်းခြင်း အထိမ်းအမှတ်နှင့် အမျိုး သားပညာရေး ပြုပြင်မှုအတွက် ဆက် လက်တိုက်ပွဲဝင်သွားမည့် အထိမ်းအမှတ် အဖြစ် ၀တ်ဆင်ခဲ့ကြသည်ဟု ကျောင်း သားများကဆိုသည်။

““အနက်ရောင်က လက်ပံတန်းမှာ ကျောင်းသားတွေ အကြမ်းဖက်ခံရခြင်းရဲ့ ၀မ်းနည်းခြင်း အထိမ်းအမှတ်ဖြစ်ပါ တယ်။ အနီရောင်ကတော့ အကြမ်းဖက် ခြင်းကို အလိုမရှိတဲ့အတွက် အနက် ရောင်အပေါ်မှာ ကြက်ခြေခတ်လိုက်ခြင်း ဖြစ်ပါတယ်။ ပြီးတော့အနီရောင်ရဲ့ အဓိပ္ပာယ်က ကျွန်တော်တို့ကျောင်းသား တွေ နောက်ထပ်တိုက်ပွဲရှိသေးတယ်ဆို တာကို အသိပေးလိုက်ခြင်းဖြစ်ပါတယ်””ဟု တက္ကသိုလ်ကျောင်းသား ကိုမျိုးသီဟ က ပြောသည်။ စာမေးပွဲဝင်ဖြေသည့် တက္ကသိုလ်ကျောင်းသားများအပြင် စာ မေးပွဲမဖြေသည့် ကျောင်းသားအချို့ပါ ၀တ်ဆင်ခဲ့ကြသည်ဟု သိရသည်။ ““အမျိုး သားပညာရေးဥပဒေနဲ့ ပတ်သက်ပြီး ထိန်းသိမ်းခံနေရတဲ့ ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေကို အမြန်ဆုံးပြန်လွှတ် ပေးစေချင်တယ်””ဟုသာယာဝတီအကျဉ်း ထောင်တွင် (၃)ရက်ကြာ ထိန်းသိမ်းခံရ ပြီး လွတ်မြောက်လာသည့် ကျောင်းသား ကိုဟိန်းစိုးကျော်က ပြောသည်။ နံနက် ပိုင်းဖြေဆိုသည့် ကျောင်းသားများနှင့် နေ့လယ်ပိုင်းဖြေဆိုသည့် ကျောင်းသား များပါ ၀တ်ဆင်ခဲ့ခြင်းဖြစ်ပြီး စာမေးပွဲ နောက်ဆုံးရက်အထိ ဆက်လက်ဝတ်ဆင် သွားကြမည်ဖြစ်ကြောင်း ရင်ထိုးဝတ်ဆင် သည့် ကျောင်းသားများက ဆိုသည်။
hotnewsweekly

No comments:

Post a Comment