Thursday, March 12, 2015

လောက်ကိုင်မှ တက္ကသိုလ်ဝင်တန်း ကျောင်းသားကျောင်းသူ ၉၉ဦးအနက် ၆၁ဦး လားရှိုးမြို့တွင် သီးသန့်ဖွင့်လှစ်ပေးထားသည့် စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုနေ

ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေး ပွဲကို ဝင်ရောက်ဖြေဆိုကြမည့် ကျောင်း သား၊ ကျောင်းသူများအတွက် စာ စစ်ဌာနများကို ပြည်နယ်အတွင်းရှိ မြို့ကြီး ၁၈မြို့တွင် စာစစ်ဌာန ၃၅ခု ဖွင့်လှစ်ထားကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲကို ဝင် ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူ များထဲမှ တိုက်ပွဲများဖြစ် ပွားနေသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ လောက်ကိုင်မြို့နယ် အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ ၉၉ဦးထဲမှ လားရှိုးမြို့သို့ စစ်ဘေး ရှောင်ကာ ရောက်ရှိနေသော ကျောင်း သား၊ ကျောင်းသူ ၆၁ဦးကို သီးသန့် ဖွင့်လှစ်ပေးထားသော လားရှိုးမြို့ အမှတ်(၉)အခြေ ခံပညာအထက်တန်း ကျောင်းစာစစ်ဌာနတွင် ဝင်ရောက် ဖြေဆို ခွင့်ပြုထားသည်။

စစ်ဘေးရှောင်ကျောင်းသား ၂၈ ဦးနှင့်ကျောင်းသူ ၃၃ဦးပါဝင်သော အဆိုပါ ကျောင်းသား၊ ကျောင်းသူ များသည် လောက်ကိုင်နှင့်တာရွှေ ထန် အထက်တန်းကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသူ များနှင့်ပြင်ပမှ ဝင်ရောက်ဖြေဆိုမည့် အပြင်ဖြေများလည်းပါဝင်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ရှိ မြို့နယ် ၁၈မြို့နယ်ဖြစ်သည့် လား ရှိုးတွင် ကျောင်းသား၊ ကျောင်းသူ ၄၀၈၉ဦး၊ သိန်းနီတွင် ၂၂၅ဦး၊ တန့် ယန်းတွင် ၄၃၉ဦး၊ မိုင်းရယ်တွင် ၁၂၀ ဦး၊ ကွမ်းလုံတွင် ၁၅၇ဦး၊ ဟိုပန်တွင် ၁၂၆ ဦး၊ မူဆယ်တွင် ၁၁၂၆ဦး၊ နမ့် ခမ်းတွင် ၉၃၈ဦး၊ ကွတ်ခိုင်တွင် ၁၃၃၆ ဦး၊ ကျောက်မဲတွင် ၁၃၃ရဦး၊ သီပေါ တွင် ၈၉၄ဦး၊ နောင်ချိုတွင် ၁၁၇၀ ဦး၊ နမ္မတူ ၇၅၆ဦး၊ နမ့်စန်တွင် ၅၈၆ ဦး၊ မိုးမိတ်တွင် ၈၀၅ဦး၊ မဘိမ်း တွင် ၅၅၅ဦးနှင့် မန်တုံတွင် ၁၂၅ဦး ဖြေဆိုကြမည်ဖြစ်သည်။
CRH
‪‎Democracytoday‬

No comments:

Post a Comment