Sunday, March 22, 2015

ငြိမ်းချမ်းရေးဆွေးနွေးနေသော KIAကို တကယ်ယုံကြည်လို့ရပါ့မလား?

ရန်ကုန်မှာကျင်းပပြုလုပ်နေသော UPWC နဲ့ NCCT တို့၏ (၇)ကြိမ်မြောက်အပစ်အခတ်ရပ်စဲရေး တွေ့ဆုံ ဆွေးနွေးပွဲတွင် ပါဝင်နေသော KIA အဖွဲ့၏ အသွင်ပြောင်းလဲလာသော လှုပ်ရှားမှုများက သတိပြုစရာ ဖြစ်လာပါသည်။ KIA အဖွဲ့သည် ယခုဆွေးနွေးပွဲသို့ မတက်ရောက်မီနေပြည်တော်၌ နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့် တွေ့ဆုံကာ ငြိမ်းချမ်းရေးကိစ္စများ ပြောဆိုဆွေးနွေးခဲ့ပါသည်။ KIA အဖွဲ့ကို ကိုယ်စားပြုတက်ရောက်လာသော ဗိုလ်ချူပ်ဂွမ်မော်က နိုင်ငံခေါင်းဆောင် များနှင့် တွေ့ဆုံ ခဲ့ပြီး သတင်းမီဒီယာများနှင့် အင်တာဗျူး၌ အပစ်အခတ်ရပ်စဲရေးကို အောင်မြင်အောင် လုပ်မယ်ဆိုပြီး ပြောသွားတာ ရှိပါသည်။ KIA အဖွဲ့ငြိမ်းချမ်းရေးဆွေးနွေးတာ တကယ်ငြိမ်းချင်တာ ဟုတ်ရဲ့လားဆိုတာ စဉ်းစားစရာဖြစ်လာ ပါသည်။
KIA အဖွဲ့သည် အခြားသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကဲ့သို့ ငြိမ်းချမ်းရေးကို လိုလားခဲ့ခြင်း မရှိပေ။ သာဓကအားဖြင့် ဦးသိန်းစိန်အစိုးရတက်လာချိန်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များအား ငြိမ်းချမ်းရေးကမ်းလှမ်းခဲ့ရာ KNU၊ RCSS၊ SSPPစသည့် အင်အားကြီးလက်နက်ကိုင်အဖွဲ့များ ငြိမ်းချမ်းရေးယူခဲ့ပေမယ့် KIA ပါဝင်ခဲ့ခြင်း မရှိပေ။ ယနေ့အချိန်ထိ KIA သည် အစိုးရနှင့်ပြည် နယ်အဆင့် အပစ်အခတ်ရပ်စဲရေးကိုပင် သဘောတူလက်မှတ်ရေးထိုးခြင်း မရှိသည့်အတွက် ယခုလိုလှုပ်ရှားလာမှုမျိုးကို ယုံကြည်ရန်စောလွန်းသည်ဟု သုံးသပ်မိပါသည်။

နောက်တစ်ချက်က KIA အဖွဲ့သည် မြန်မာပြည်မြောက်ပိုင်း ကချင်ပြည် နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့၌ အစိုးရတပ်များနှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်ရေးအရရှုံးနိမ့်မှုကြောင့် ရေရှည်စစ်ပွဲ ဆင်နွှဲရန် အခက်အခဲ ဖြစ်လာသည်ဟု ယူဆရပါသည်။ သို့အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများဆီ အာရုံစိုက်လာခြင်းလား သို့မဟုတ် ငြိမ်းချမ်းရေုးကို စိတ်ဝင်စားသလိုဟန်ပြပြီး အခြားနည်းလမ်းတစ်ခုခုကို ကြံစည်နေသလား တွေးစရာဖြစ်နေ ပါသည်။

နိုင်ငံတော်အကြီး အကဲများနှင့် KIA တွေ့ဆုံခြင်း၊ ငြိမ်းချမ်းရေးဆွေးနွေးများ၌ အပြုသဘောဆောင်သော စကားများပြောလာခြင်းသည် သူတို့ဆီ၌ဖြေရှင်းရန် ခက်ခဲလာသော နောက်ထပ်ပြသနာတစ်ခု ရှိနေပြန် ပါသည်။ ထိုပြသနာကား အခြားမဟုတ်ပေ။ မြန်မာပြည်မြောက်ပိုင်း ၌ နေထိုင်သော ဒေသခံရှမ်းလူမျိုး များနှင့် ဖြစ်ပွားလာသော လူမျိုးရေးပြသနာဖြစ် ဖြစ်ပါသည်။ KIA အဖွဲ့၏ ရှမ်းတိုင်းရင်းသားများအပေါ် အတင်းအကြပ် လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်းများ အပေါ် ဒေသခံရှမ်းတို့က လက်မခံကြ တော့ဘဲ ပြန်လည် ရင်ဆိုင်ဖြေရှင်း မှုများ ပြုလုပ်လာသည်ကို တွေ့ရပါသည်။

မြန်မာပြည်မြောက်ပိုင်၌ နေထိုင်သောဒေသခံရှမ်းတိုင်းရင်းသားများအနေဖြင့် KIA အဖွဲ့၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (မြန်မာပြည်မြောက်ပိုင်း)က ဦးဆောင် လှုပ်ရှားကန့်ကွပ်မှုများ ပြုလုပ် လျက်ရှိသည်။ KIA အဖွဲ့၏ လုပ်ရပ်များကို ဒေသခံရှမ်းလူထုက ဆန္ဒထုတ်ဖော်ကန့်ကွက်ခြင်း၊ သမ္မတထံတိုင်းကြားစာရေးခြင်း အပါအ၀င် မြစ်ကြီးနားသို့ ရောက်ရှိလာသော ကုလသမဂ္ဂအထူး ကိုယ်စား လှယ် များကိုပင် တိုင်ကြားစာများပေးပို့သည်အထိ လုပ်ဆောင်လာသည်။ သို့အတွက် အင်အားများသော ရှမ်းတိုင်းရင်း သားတို့၏ ဆန့်ကျင်တိုက်ခိုက် လာနိုင်သော ရေရှည်ပြ ဿ နာကို ဖြေရှင်းရန် ငြိမ်းချမ်းရေးဆွေးနွေးမှ ဖြစ်တော့မည်ဟု ယူဆကာ ဆွေးနွေးနေခြင်း လည်း ဖြစ်နိုင်ပါသည်။

ထို့အပြင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများဆီဦးတည်နေသော KIA အဖွဲ့သည် ယခင်တွေ့ဆုံဆွေးနွေးပွဲများ၌ ဖက်ဒရယ်ပြည်ထောင်စု ၊ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်တည်ထောင်ရေးကိစ္စကို ထပ်ခါတလဲလဲ ပြောဆို ဆွေးနွေး တောင်းဆိုခဲ့ဖူးသည်ကို သတိပြုမိပါသည်။ KIA အဖွဲ့၏ အဓိကရည်မှန်းချက် ပန်းတိုင်သည် ၀မ်ပေါင်နိုင်ငံ တည်ထောင်ရေး အိပ်မက်ပင်ဖြစ်သည်။ ထိုအရာကို အကောင်အထည် ဖော်နေခြင်းလည်း ဖြစ်နိုင် ပါသည်။ KIA အဖွဲ့အနေဖြင့် UWSA“၀”အဖွဲ့ ကဲ့သို့ဖြစ်ချင်သည့် သဘောလည်း ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် သဘောထားပျော့ပျောင်းစွာ ပူးပေါင်းပါဝင်ခြင်းဖြင့် လိုချင်တာတောင်းဆို လာမည့် KIA ၏ အကြံကိုလည်း စောင့်ကြည့် သင့်ပါသည်။

KIA အနေဖြင့် စစ်ရေးရှုံးနိမ့်မှုကြောင့်သော်လည်းကောင်း ၊ ရှမ်းနှင့်ကချင်လူမျိုးရေးပြသနာကြောင့် သော်လည်း ကောင်း၊ UWSA“၀”ကဲ့သို့ ပုံဖော်ချင်၍ သော် လည်းကောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးနေခြင်း သည် စေတနာမမှန်ပဲ အတ္တကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်ရာရောက်နေပါသည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် စေတနာ မှန်စွာဖြင့် ပူးပေါင်းပါဝင်ကာ အမှန်တကယ်ငြိမ်ချမ်းရေးလိုချင်တယ် ဆို ရင်ဖြင့် ၀မ်းသာစွာကြိုဆိုရ မည်ဖြစ်ပါ သည်။ သို့သော် လတ်တလော အခြေအနေKIA ၏ငြိမ်းချမ်းရေး ခြေလှမ်းများကို စောင့်ကြည့်ရဦးမည်ဖြစ်သလို လက်ရှိငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးနေသော KIA ကို တကယ်ယုံကြည်လို့ ရပါမလားဆိုတာက လည်း သံသယဖြစ် စရာ ကောင်းနေ တာတော့ အမှန်အပင်ဖြစ်ပါသည်။

ဇင်သန့်
Credit >> Today Myanmar

1 comment:

  1. ကျွန်တော်ကချင်ပြည်နယ်သားပါ။ငြိမ်းချမ်းရေးပျက်တာက ကေအိုင်အေထိန်းချုပ်နယ်မြေမှာသစ်ကုန်သွားလို့ နယ်မြေ မငြိမ်းချမ်းအောင်လုပ်ပြီးတရုတ်ဆီကလိုင်းကြေးယူပြီးစစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်ကသစ်ကိုစောင့် ရှောက်ပြီး
    တရုတ်တွေကိုသယ်ပေးပါသည်။မံစီမိုးမိတ်မဘိန်းနယ်မှာ တပ်စခန်းတွေကိုရှောင်ပြီး နယ်စပ်အထိဖောက်ထားတဲ့ လမ်းက ၅လမ်းတောင်။တိုင်းမှုး ဗိုလ်ချပ်စောလွင်လက်ထက်ကလို သစ်ခုတ်တာသစ်သယ်တာ တွေ့ ယင်အသေပစ်ဆိုတဲ့ အမိန့် ပေးမှာ။ငါတို့ အချုပ်အချာအာဏာကိုစော်ကားတာ သစ်တွေကိုခိုးနေတာနှစ်ပေါင်းနှစ်ဆယ့် ငါးနှစ်လောက်ရှိပြီ။စက်တင်ဘာလထဲကမို့းမိတ် မဘိန်း မံစီ နယ်ဘက်မှာသစ်ကားမောင်းတဲ့ သူတွေကပြောတယ် ကေအိုင်အေကပြောတယ်ဒီနှစ်ပွင့် လင်းရာသီရောက်ယင်
    သစ်အပြီးတိုက်ပါ ငါတို့ ကတရုတ်နဲ့ ချုပ်ထားတဲ့ စာချုပ်ကဒီနှစ်ပွင့် လင်းရာသီပြီးယင်ပြည့် ပြီ။ငါတို့ ကငြိမ်းချမ်းရေး
    ယူတော့ မှာဒီနှစ်အပြီးသယ်ထားကြပါလို့ သစ်ကုန်သယ်တွေကိုပြောထားပြီးသား။ကချင်မှာက သင်္ကြန်ရောက်ယင်မိုးရွာပြီလေ စာချုပ်ကလည်းစေ့ငြိမ်းချမ်းရေးယူချင်ပြီလေ။အရင်စာချုပ်မစေ့ ခင်ကစစ်ပွဲကို
    ကြီးကြပ်နေရလို့  နိုင်ငံရေးဆွေးနွေးမှတို့  အကြောင်းပြတာစုံနေတာပဲ။ဗိုလ်ချုပ်ကြီးတွေသေချာစဉ်းစားနော်
    အရင်ဂွမ်မော်နဲ့  အခုဂွမ်မော် တူသလားလို့ ။ကျွန်တော်တို့ ကချင်ပြည်နယ်ကစကားပုံလေးတခုပြောပြမယ်
    စိတ်ဖြောင့် တယ်ဆိုတဲ့ ကချင်ကတံစဉ်လောက်တော့ ကောက်တယ်နော်။ဗိုလ်ချပ်ခင်ညွန့် လိုလည်းအလိမ်မခံနဲ့ အုံး အင်အား၃၀၀၀တောင်မပြည့် တာကို ၂၀၀၀၀ နဲ့ ငြိမ်းချမ်းရေးစာချုပ် ချုပ် ငြိမ်းချမ်းရေးယူထားတဲ့ အချိန်မှာ
    အင်အားနှစ်သောင်းပြည့် အောင်ဖြည့် ပြီးပြန်တိုက်တော့ တာပဲ။ဗိုလ်ချုပ်ကြီး ထွန်းကြည်ကချင်နဲ့ ပတ်သက်ပြီးပြောတာအမှန်တွေပြောတာ ၊ကချင်မှာကြာကြာနေဘူးမှကချင်အကြောင်းသိမှာ။ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ကချင်လူထုကို comment ရေးခိုင်းရမှာ အဲ့ ဒါမှကချင်အကြောင်းကိုအကုန်သိရမှာ။ကချင် ကေအိုင်အေ အကြောင်းသိချင်ယင် ၁၉၇၀ ခုနှစ်မတိုင်ခင်မွေးတဲ့ သူမှအမှန်သိမှာ။အခုနောက်မွေးတဲ့ ကလေးတွေက ကေအိုင်အေဘာကောင်မှန်းမသိဘဲနဲ့  လွမ်းသူ့ ပန်ခွေချလိုချ အရမ်းစိတ်ပျက်စရာကောင်းတယ်။မည်သူ့ ကိုမျှနှစ်နာစေချင်သောဆန္ဒဖြင့် ရေးခြင်းမဟုတ်ပါ
    ထာဝရငြိမ်းချမ်းရေးရစေချင်သောဆန္ဒဖြင့် ရေးသားခြင်းဖြစ်ပါသည်။

    ReplyDelete