Thursday, April 9, 2015

အမျိုးသမီးတွေဟာ ချစ်တင်းနှောရာ ကိစ္စရပ်တွေမှာ အရင်ကထက် ပိုမိုပွင့်လင်းမှု ရှိလာ


ခုခေတ် အမျိုးသမီးတွေဟာ ချစ်တင်းနှောတဲ့ အပိုင်းမှာ အရင်ထက် ပိုပြီးလွတ်လပ်တဲ့ သဘောထားတွေ ရှိလာပါတယ်။ လွန်ခဲ့တဲ့ နှစ်၂၀ကနဲ့ယှဉ်ရင် ချစ်တင်းနှောဖက် အရေအတွက်ဟာ ၂ဆ ပိုများလာတယ်လို့ စစ်တမ်းကောက်ချက်တွေ အရ သိရပါတယ်။

အသက် ၁၆နှစ်ကနေ ၄၄နှစ်အတွင်း အရွယ်အမျိုးသမီးတွေရဲ့ ဘ၀တစ်လျှောက်မှာ ချစ်တင်းနှောဖက်၊ ဆန့်ကျင်ဘက်လိင် ၇.၇ ယောက်နှုန်း အကြမ်းဖျင်းရှိပါတယ်။ ၁၉၉၁ခုနှစ်တုန်းက ၃.၇ယောက်နှုန်း၊ ၂၀၀၁ခုနှစ်မှာ ၆.၅ယောက်နှုန်းရှိခဲ့ပါတယ်။
အမျိုးသားတွေဟာ သောင်းပြောင်းဆက်ဆံတတ်ကြသေးပေမယ့်၊ အမျိုးသမီးတွေဟာ အဆန်းဖြစ်လာပြီး ချစ်တင်းနှောဖက်အရေအတွက်ဟာ ပိုများလာတဲ့အတွက် ကွာဟချက်က သိပ်မရှိတော့ပါဘူး။
၁၉၉၁ခုနှစ်ကနေ ၂၀၀၁ခုနှစ်ကြားမှာ အမျိုးသားတွေရဲ့ ချစ်တင်းနှောဖက် ပျမ်းမျှ အရေအတွက်ဟာ ၈.၆ကနေ ၁၂.၆ထိ တက်လာပါတယ်။ ဒါပေမဲ့ ၂၀၁၂ခုနှစ်အရောက်မှာတော့ ၁၁.၇ထိ ပြန်ကျခဲ့တယ်လို့ စာရင်းဇယားတွေအရ သိရပါတယ်။
လူသားတွေရဲ့ ချစ်တင်းနှော အကြိမ်ရေဟာ ၁၉၉၁ခုနှစ်တုန်းက ပျမ်းမျှတစ်လ ၅ကြိမ်နှုန်း ရှိနေခဲ့ပေမယ့် ခုချိန်မှာတော့ ပျမ်းမျှ တစ်ပတ်တစ်ရက်နှုန်းထိ ကျဆင်းသွားခဲ့ပါတယ်။
Ref:telegraph
Trend Myanmar

No comments:

Post a Comment