Thursday, April 9, 2015

အိပ်မောကျချိန် ဟောက်တတ်တဲ့သူတွေ ခံစားရတဲ့ ရောဂါဝေဒနာများ



လူတွေတော်တော် များများက ညဘက် အိပ်မောကျနေတဲ့အချိန်မှာ ဟောက်တတ်တဲ့ အကျင့်ကို ပေါ့သေးသေး ကိစ္စလို့  သဘောထားကြပါတယ်။ အမှန်တော့ အိပ်နေတဲ့အချိန်မှာ ဟောက်တာက သင့်ကျန်းမာရေး အတွက် ဘေးအန္တရာယ် ရှိစေပါတယ်။ ညဘက် အိပ်စက်နေချိန်မှာ မေးရိုး၊ လည်ချောင်းနဲ့ လျှာကြွက်သားတွေက ကောင်းကောင်း အလုပ် မလုပ်နိုင်ချိန်မှာ နှာခေါင်းနဲ့  အသက်မရှူနိုင်တာတွေဖြစ်လို့  ဟောက်ပြီး ပါးစပ်နဲ့ အသက်ရှူခြင်းတွေ ဖြစ်လာရတာပါ။ ဒီလိုဟောက်တတ်တဲ့ သူတွေက တစ်ညမှာ အကြိမ်ရာချီပြီး ဟောက်တတ်ကြပါတယ်။ လူအများစုကတော့ အိပ်စက်ရင်း ဟောက်ရလွန်းလို့ တစ်ရေးနိုးပြီး မောဟိုက်သလို ခံစားနေရတတ်ပါတယ်။ မောဟိုက်ခြင်းအပြင် အခြားခံစားရတဲ့ ဝေဒနာတွေကတော့

  • အက်ဆစ်ပြန်စီးကျခြင်း၊
  • ညဘက်တွင် မကြာခဏဆီးထသွားခြင်း၊
  • မှတ်ဥာဏ်ဆုံးရှုံးခြင်း၊
  • စိတ်ဓာတ်ကျခြင်း
  • ဆီးချိုရောဂါဖြစ်ခြင်း
  • နှလုံးရောဂါဖြစ်ခြင်းအစရှိတဲ့ ကျန်းမာရေးပြဿနာတွေဖြစ်စေနိုင်ပါသေးတယ်။ အသက်၃၅နှစ်နဲ အထက်လူကြီးပိုင်းတွေမှာအဖြစ်များပါတယ်။
ဟောက်ခြင်းကို ပျောက်အောင်ကုသနိုင်တဲ့ ဆေးပညာတွေ၊ အထောက်အကူပြုပစ္စည်းတွေလဲ ပေါ်ပေါက်နေပြီဖြစ်လို့ သိနား လည်တဲ့ ဆရာဝန်တွေနဲ့ ဆွေးနွေးကုသပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်ကြပါစေ။
Trend Myanmar 

No comments:

Post a Comment