Sunday, April 26, 2015

နီပေါတွင် နောက်ဆက်တွဲ အားပြင်းငလျင်တစ်ခု ထပ်မံလှုပ်ခတ်

(ဓာတ်ပုံ-အီးပီအေ) 
ယခုအချိန်အထိ လူပေါင်း ၂၂၀၀ကျော် သေဆုံးခဲ့ရပြီး အဆောက်အအုံများကို ပြားပြားဝပ်သွေားစေခဲ့ သည့် အစောပိုင်းရက်က ကပ်ဘေးသင့်အတိုင်းအတာဖြင့် ငလျင်ကြီးလှုပ်ခတ်အပြီး အကျိုးဆက်များကို ကိုင်တွယ် ဖြေရှင်းရန် ခက်ခက်ခဲခဲကြိုးစားနေရသည့် ဟိမ၀န္တာနိုင်ငံ နီပေါတွင် ဧပြီ ၂၆ရက်၌ အင်အားပြင်း သည့် နောက်ဆက်တွဲငလျင်တစ်ခု ထပ်မံလှုပ်ခတ် သွားခဲ့သည်ဟုဆိုသည်။

ယနေ့လှုပ်ခတ်သွားသည့် ငလျင်အသစ်မှာ အင်အား ၆.၇ရှိသည်ဟု အမေရိကန် ဘူမိဗေဒစစ်တမ်း အဖွဲ့ ကြီးက ခန့်မှန်းထားပြီး အစောပိုင်းရက်က လှုပ်ခတ်သွားခဲ့သည့် ငလျင်ထက် အင်အားပျော့သည်။ သို့ရာ တွင် မြွေပူရာကင်းမှောင့်ဆိုသကဲ့သို့ ကြောက်နေပြီးသားလူများကို ပိုပြီးတုန်လှုပ်ခြောက်ချား လောက် အောင် တော့ ပြင်းထန်သည်ဟုဆိုသည်။

စနေနေ့က လူပေါင်း ၁၇ဦးခန့်သေဆုံးသွားခဲ့ရာ ဧ၀ရက်တောင်တွင်လည်း နောက်ထပ်ကျောက်တုံး နှင်းထုများ တစ်ဟုတ်ထိုးကျဆင်းမှု ဖြစ်ပေါ်ခဲ့သည်ဟုဆိုသည်။

Mizzima - News in Burmese​ 

No comments:

Post a Comment