Sunday, April 26, 2015

ထိုင်းတွင် မြန်မာလုပ်သား ၉၀ ကျော် အဖမ်းခံရ

ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်ပရပ်ကွက်၌ မြန်မာနိုင်ငံသားအများစု အလုပ်လုပ်ကိုင်နေကြသော ချာရီဝပ် ထနာ အထည်ချုပ်စက်ရုံကို ထိုင်းဒေသအာဏာပိုင်များက ဧပြီလ ၂၄ ရက်က ဝင်ရောက်စစ်ဆေးမှု ပြုလုပ်ခဲ့သဖြင့် တရားမဝင်ရွှေ့ပြောင်း မြန်မာအလုပ်သမား ၉၃ ဦး အဖမ်းခံရကြောင်း မဲဆောက်မြို့၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများက ပြောကြားသည်။

ဖမ်းဆီးခံရသူများတွင် အမျိုးသမီး ၅၅ ဦး၊ အမျိုးသား ၃၅ ဦးနှင့် အသက် ၁၅ နှစ်အောက် ကလေးသုံးဦး ပါဝင်ပြီး ကလေးများကို ကလေးသူငယ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ထံ လွှဲပြောင်း ပေးခဲ့ကြောင်း အဆိုပါ အလုပ်သမားများထံမှ သိရသည်။

ဖေဖော်ဝါရီလ ကလည်း မြန်မာအလုပ်သမား ၅၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး မဲဆောက်မြို့တရားရုံးမှ ငွေဒဏ် နှင့် ထောင်ဒဏ် ၁၂ ရက်ချမှတ်ပြီးနောက် ပြန်လည်လွတ်မြောက်ခဲ့သည်။

မြတ်ကို (ဒေါနမြေ)
The Voice Weekly 

No comments:

Post a Comment