Thursday, April 23, 2015

ရခိုင်သောင်းကျန်းသူဟု နိုင်ငံပိုင်သတင်းဌာနများ သုံးနှုန်းမှု ပြန်ကြားရေးဝန်ကြီးဌာနထံ ကန့်ကွက်စာ ပေးပို့မည်

ရန်ကုန် (မဇ္ဈိမ)။ ။ ရခိုင်တပ်မတော် (AA) နှင့် အစိုးရတပ်မတော်တို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲနှင့် ပတ်သက်သည့် သတင်းကို နိုင်ငံပိုင် သတင်းဌာနများက ဖော်ပြရာတွင် ရခိုင်သောင်းကျန်းသူ အဖွဲ့ဟု သုံးနှုန်းလိုက်ခြင်းအပေါ် ပြန်ကြားရေးဝန်ကြီးဌာနထံ ကန့်ကွက်စာ ပေးပို့မည်ဖြစ်သည်ဟု ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင့်ထူးအောင်က မဇ္ဈိမကို ပြောသည်။
ဧပြီလ ၈ ရက် MRTV သတင်းဌာနက  ရခိုင်သောင်းကျန်းသူ အဖွဲ့ဟု သုံးနှုန်းခဲ့ပြီး နိုင်ငံပိုင် သတင်းစာများ၊  တပ်မတော်ပိုင် မြဝတီ ရုပ်မြင်သံကြား၊  မြဝတီသတင်းစာတို့ကလည်း ရခိုင်သောင်းကျန်းသူ ဟူသော အသုံးအနှုန်းဖြင့် ဖော်ပြခဲ့သေးသည်။

တိုင်းရင်းသား လူမျိုးတစ်မျိုးအပေါ် သောင်းကျန်းသူဟု သုံးစွဲခေါ်ဝေါ်ခြင်းသည်  လူ့အခွင့်အရေးကို လေးစားလိုက်နာမှုမရှိဘဲ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပျက်စီးစေနိုင်သည်ဟု ဦးတင့်ထူးအောင်က ဆိုသည်။
၎င်းက “ ဒီကိစ္စက ပြန်ကြားရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်တော့ ပြန်ကြားရေး ဝန်ကြီးဌာနကို ကန့်ကွက်စာ ပေးပို့သွားမယ်။ ဒါ တစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့ကိစ္စပါ။  ရခိုင်အဖွဲ့အစည်းတွေနဲ့လည်း ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး တိုင်ပင်ဆောင်ရွက်သွားဖို့ ရှိတယ်”ဟု ပြောသည်။    
ကန့်ကွက်စာကို ဧပြီလ စတုတ္ထပတ်တွင် ပေးပို့သွားမည်ဖြစ်ပြီး ရခိုင်အမျိုးသား ကွန်ရက်နှင့် မဟာမိတ် အဖွဲ့များ၊ လူမှုအဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့်လည်း တိုင်ပင်ဆွေးနွေးသွားမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ရခိုင်သောင်းကျန်းသူဟု အစိုးရတပ်မတော်၏ သတင်းထုတ်ပြန်ချက်များတွင်လည်း ဖော်ပြထားမှု အပေါ် သက်ဆိုင်ရာဝန်ကြီးဌာန၊ စစ်ဦးစီးချုပ်၊ သမ္မတရုံးတို့အနက် သက်ဆိုင်ရာဌာနများကို စုံစမ်းစိစစ်၍ ကန့်ကွက်စာ ပေးပို့မည်ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
စစ်ဘေးဒဏ်သင့် ပြည်သူများ ထောက်ပံရေးကော်မတီ အဖွဲ့ဝင် ကိုဇော်ဝင်းက “ ဒေသခံ တိုင်ရင်းသားတွေကို နာမည်တပ်ပြီး သောင်းကျန်းသူလို့ သုံးနှုန်းတာဟာ စော်ကားလိုက်တာပါပဲ။ တစ်မျိုးသားလုံးကို စော်ကားရာ ရောက်ပါတယ်။ နိုင်ငံသား အခွင့်အရေး ဆုံးရှုံးရတာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး လုပ်ဆောင်သင့်တာ လုပ်ဆောင်နိုင်တာတွေ အားလုံးကို လုပ်ဆောင်သွားပါမယ်”ဟု ပြောသည်။
အစိုးရတပ်မတော်နှင့် ရခိုင်တပ်မတော်တို့သည် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် မတ်လ ၂၉ ရက်၊ ဧပြီလ ၁၀ ရက်၊ ၁၇ ရက်နှင့် ၁၈ ရက်များတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သေးသည်။
Mizzima 

1 comment:

  1. ဘာမှစောက်ကျိုးမပြုတဲ့ သူပုန်ကိုသောင်းကျန်းသူလို့ မခေါ်ယင် လီးလို့ ခေါ်ရမလား။ကေအိုင်အေပေးစာကမ်းစာစားပြီး ခိုင်းတာလုပ်နေတဲ့ ကောင်တွေ။တိုင်းရင်းသားတမျိုးကိုလက်နက်ကိုင်ဆယ်ဖွဲ့ ဖွဲ့ လည်းလက်ခံရမှာလား။မင်းတို့ ကကန့် ကွက်စာပို့ မယ်ဆိုတော့ မင်းတို့ နဲ့ ကတဖွဲ့ ထဲလား။မင်းတို့ နဲ့ အတူတူဆိုမင်းတို့ ပါသတ်ပစ်မှရမှာ။မင်းတို့ ရခိုင်တွေကုလားဆော်တော့ ဒီစစ်တပ်ကပဲကာကွယ်ပေးတာ။မင်းတို့ လူမျိုးတွေနာမည်ပျက်နေတာရောသိရဲ့ လား။စိတ်ဓါတ်မကောင်းဘူးဆိုတာလေ။မင်းတို့ စိတ်ထားမကောင်းယင်မင်းတို့ နေရာပျောက်လိမ့် မယ်။ရခိုင်တွေစိတ်ဓါတ်မကောင်းဘူးဆိုတာပျောက်အောင်အရင်လုပ်ပါ။ကန့် ကွက်ဖို့ မကြိုးစားပါနဲ့ ။ငါကချင်ပြည်နယ်မှာနေတာ။မင်းတို့ ရခိုင်သူပုန်အကြောင်းကောင်းကောင်းသိတယ်။

    ReplyDelete