Thursday, April 2, 2015

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ထိန်းချုပ်စနစ်ပါသည့် စက်ပါမှသာ ဖြတ်သန်းခွင့်ပြုတော့မည်


ယခုလမှစတင်ကာ မော်တော် ယာဉ်ထိန်းချုပ်မှုစနစ်ပါဝင်သည့် စက် တပ်ဆင်မှသာ ရန်ကုန်-မန္တလေး အမြန် လမ်းအားမောင်းနှင်ခွင့် ပြုမည်ဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သိရသည်။

ယင်းကဲ့သို့တပ်ဆင်ရခြင်းမှာ အ မြန်လမ်းပေါ်တွင် သွားလာလျက်ရှိသည့် ယာဉ်များ အန္တရာယ်ကင်းရှင်းစေရန်အ တွက်ဖြစ်ကြောင်း သိရသည်။

''Telematic စနစ်တပ်ဆင်ပြီးမှ သာ အမြန်လမ်းကိုဖြတ်သန်းခွင့်ပေးမှာ ပါ။ အရင်တုန်းကဆို စောင့်ကြည့်စစ် ဆေးတဲ့နေရာတွေမှာပဲစစ်ဆေးလို့ရတာ ပါ''ဟု ရဲမှူးကြီးနေဝင်းကပြောသည်။

ယင်းစနစ်သည် GSM Network စနစ်အားအသုံးပြုကြောင်း သိရသည်။

''တပ်ဆင်ရင် တစ်ခါသုံးစနစ်နဲ့ အသုံးပြုမှာပါ။ ခရီးသည်တင်ယာဉ်တွေ ဆိုရင်တော့ ကာလအပိုင်းအခြားအလိုက် အသုံးပြုရမှာပါ''ဟုပြောသည်။

ယင်းစက်မှာ အမြန်လမ်းပေါ်တွင် သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင် ပါက သတိပေးမည်ဖြစ်ပြီး သတိပေး ချက်အားမလိုက်နာပါက အရေးယူသွား မည်ဖြစ်ကြောင်း သိရသည်။

ယင်းစနစ်ပါရှိသည့် စက်တပ်ဆင် ပါက အခကြေးငွေကောက်ခံမည်ဆို သည့်အတွက် လက်မခံကြောင်း ယာဉ် မောင်းတချို့က ပြောသည်။

''တပ်လဲတပ်ရဦးမယ်၊ ပိုက်ဆံလဲ ပေးရဦးမယ်ဆိုတော့ လက်မခံချင်ပါ ဘူး။ ဒီစနစ်ကိုစတင်မယ့်အစား အမြန် လမ်းကြီးကို အရင်ဆုံးအန္တရာယ်တွေ ကင်းရှင်းအောင် ပြုလုပ်သင့်ပါတယ်'' ဟု ယာဉ်မောင်းတချို့ကပြောသည်။

ယင်းစက်အား ပျောက်ဆုံးခြင်းနှင့် ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်းများပြု လုပ်ပါက အရေးယူသွားမည်ဖြစ်ပြီး စက် တပ်ရန်ငြင်းဆိုပါက အမြန်လမ်းတွင် မောင်းနှင်ခွင့် ပိတ်ပင်သွားမည်ဖြစ် ကြောင်း သိရသည်။

‪#‎TheYangonTimes‬

No comments:

Post a Comment