Thursday, April 2, 2015

အမှိုက်ကောက်တာ ကိုယ်ရည်သွေးဖို့ မဟုတ်ပါလို့ ဦးမြင့်ဆွေ တုန့်ပြန်ဖြေရှင်း

vsvklsjvs

ကိုယ်တိုင်အမှိုက်ကောက်နေသောဓာတ်ပုံ လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့ ပြီးနောက်ဝေဖန် ခံရသည့် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေက ကိုယ်တိုင် အမှိုက်ကောက်ခြင်းသည် ရန်ကုန်မြို့သန့်ရှင်းလှပရေးအတွက်ကိုသာ ရည်ရွယ်ပြီး အခြား ရည်ရွယ်ချက် ကိုယ်ရည်သွေး လုပ်ဆောင်မှု တစ်စုံတစ်ရာ မရှိဟု တုန့်ပြန်ဖြေ ရှင်းလိုက်သည်။

"ကိုယ်တတ်နိုင် တာလေးကောက်လုပ် လိုက်တာပါပဲ။ ကိုယ့်မြို့မှာ တစ်ယောက် တစ်လက်နဲ့ ဒီလိုမျိုး လုပ်လို့ရှိရင် သန့်ရှင်းရေး အများကြီး တိုးတက်လာဖို့ ရည် ရွယ်ချက်ပါ" ဟု ဧပြီလ ၂ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်း လွှတ်တော် အထူးအစည်း အဝေးအပြီး မီဒီယာများ ၏မေးမြန်းမှု ကိုဖြေကြားခဲ့သည်။

မတ်လ ၂၈ ရက်ကလသာမြို့နယ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ စုပေါင်းသန့်ရှင်းရေး လုပ်ဆောင်မှုတစ်ခုတွင် တိုက်ပုံအင်္ကျီဖြင့် ဝင်ရောက် အမှိုက်ကောက်နေသည့်ဦးမြင့်ဆွေ၏ဓာတ်ပုံ အင်တာနက်လူမှုကွန်ယက်စာမျက်နှာများတွင်ပျံ့နှံ့ခဲ့ပြီးနောက် ယင်းလုပ်ရပ်သည်၂၀၁၅ အထွေထွေ ရွေးကောက် ပွဲနီးလာချိန်တွင် မဲဆွယ်သည့် အနေဖြင့် ဟန်ပြ လုပ်ဆောင်ခြင်းဟု ဝေဖန်မှုများကို ဦးမြင့်ဆွေက တုန့်ပြန်လိုက်ခြင်းဖြစ်သည်။

သို့သော် သူသည် လာမည့်ရွေးကောက် ပွဲများတွင်  ဝင်ရောက်ယှဉ်ပြိုင် မပြိုင်ကိုပင်  မဆုံးဖြတ်ရသေးဟု ငြင်းချက် ထုတ်သည်။ "ရွေးကောက်ပွဲနဲ့ ဘာမှ မဆိုင် ဘူး။ရွေးကောက်ပွဲက ကျွန်တော်တို့က ဘာမှလည်း ဒီအချိန်မှာ မဆုံးဖြတ်ရသေးပါဘူး။ အဲ့ဒီဟာမျိုးတော့ ဘာမှ မပတ်သက်ပါဘူး" ဟု ဆိုသည်။

ကာကွယ်ရေး  ဝန်ကြီးဌာန  စစ်ဆင်ရေး    အထူးအဖွဲ့မှူး အဖြစ်တာ ဝန်ထမ်းဆောင် ခဲ့ဖူးသည့် အငြိမ်းစား     ဒုတိယ ဗိုလ်ချုပ်ကြီးသည်   ၂၀၁၀ရွေးကောက်ပွဲ တွင်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်အဖြစ် ရန်ကုန်တိုင် ဆိတ်ကြီးခနောင်တိုမြို့နယ်မှ ဝင်ရောက်ရွေးကောက်ခံခဲ့ကာ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

ရန်ကုန်တိုင်း အတွင်း လမ်းဘေးဈေး သည်ပြဿနာ၊ ယာဉ်ကျော ပိတ်ဆို့မှု ၊ရေမြောင်း စနစ်များ မကောင်း  မှုကြောင့် မိုးတွင်း အခါရေ  လျှံသည့်ပြဿနာများ ရင်ဆိုင်နေရသည့် အခြေအနေကို စနစ်ကျသည့် မူဝါဒများ ချမှတ်လုပ်ဆောင်သင့်သည်ဟု ရန်ကုန်မြို့တွင် အငှားယာဉ်မောင်း လုပ်ကိုင်နေသူ အမည်မဖေါ်လို သူတစ်ဦးက တိုင်းဝန်ကြီးချုပ် အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ဦးမြင့်ဆွေကို အကြံပြုသည်။

"ကိုယ်တိုင် အမှိုက်ကောက်တာထက် သူ့လုပ်ပိုင်ခွင့်နဲ့ မူဝါဒတွေချပြီး သေသေချာချာလုပ်သင့်တယ်" ဟု ပြောသည်။

အင်တာနက် လူမှုကွန်ယက် ဖေ့ဘုတ် သုံးစွဲသူတစ်ဦးကလည်း တိုက်ပုံ အင်္ကျီဝတ်လျက် အမှိုက်ကောက်သူ ဦးမြင့်ဆွေကို "အမှိုက်ကောက်  တဲ့ဝတ်စုံလား၊ ဖိတ် ဖိတ်လုပ်ပြီး ဟန်ရေးပြ အမှတ်ဝင် ယူတဲ့ ဓာတ်ပုံ လားဆိုတာ ကြည့်ရင်သိ သာပါတယ်" ဟု အမှိုက်ကောက်နေ သည့်ဓာတ်ပုံကို ရည်ညွှန်းရေးသား  ထားသည် ကိုတွေ့ ရသည်။

ရန်ကုန်မြို့တွင် အမှိုက်ကောက်ရန် နာရေးကူညီမှုအသင်းဥက္ကဌ ဦးကျော်သူက လွန်ခဲ့သည့် နှစ်နှစ်ခန့်က စီစဉ်ခဲ့ဖူးပြီး ယင်းအစီအစဉ်ကို ရန်ကုန်မြို့တော် စည် ပင်က တားဆီးခဲ့သည်။

Mizzima 

No comments:

Post a Comment